ဆိုးလ်ရှား ဘာလုပ်မှာလဲ မေးရမယ့် ပွဲထွက်လူစာရင်း

မာတာနဲ့ ဒယ်နီရယ်ဂျိမ်းတို့ ၂ ယောက်ကို တပြိုင်တည်းပွဲထုတ်ထားရအောင် ဖလားပြိုင်ပွဲမဟုတ်သလို အဝေးကွင်းလည်းဖြစ်နေပါတယ်။ ပေါ့ဂ်ဘာ၊ ဗန်ဒီဘိခ်တို့ကို အရန်ခုံ ထိုင်ခိုင်းထားပြီး ဝေဖန်ခံနေရတဲ့ မက်ဂွီရီ၊လုခ်ရှော တို့ကိုပဲ နောက်တန်းမှာ ပွဲထုတ်လာပြီး ခြေစွမ်းရှိတဲ့ တဲလ်လက်စ်ကိုလည်း အရန်မှာပဲ ထားပါတယ်။ ဒီပွဲသာ ရလဒ်မကောင်းခဲ့ရင်တော့ ဘယ်သူမပြု မိမိမှုပါပဲ ဆိုးလ်ရှား..

နောက်တန်းခံစစ် ဝမ်ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဒ်၊ လုရှော တို့ကို ဆက်လက်နေရာပေးထားခဲ့ပြီး
ကွင်းလယ်မှာ တိုမီနေးနဲ့ ဖရက်၊ ဂျိမ်း၊ မာတာတို့ တောင်ပံတွေမှာ ထားပြီး နောက်ချန်တိုက်စစ်မှူးအဖြစ် ဘရုနိုဖာနန်းဒက်၊ အထောင်တိုက်စစ်မှူးအဖြစ် ရက်စ်ဖို့တို့နဲ့ပွဲထွက်လာမယ့်လူစာရင်းထွက်ပေါ်လာခဲ့ပါပြီ။ ပရိသတ်တွေမျှော်လင့်ထားသလို အဲဂါလို၊ ဗန်ဒိဘိခ် နဲ့ တဲလစ်တို့ကတော့ အရံစာရင်းမှာသာပါဝင်ခဲ့ပါတယ်။

အေရွန် ဝမ်ဘစ်ဆာကာအတွက် နယူကာဆယ်နဲ့ ယူနိုက်တက်တို့ပွဲဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ ပွဲ(၅၀)ပြည့်ပွဲဖြစ်လာပါတယ်။

zawgyi



