ဆိုးသွမ်းပရိသတ်ရဲ့လုပ်ရပ်ကို မထင်မှတ််ထားတဲ့ပုံစံနဲ့ တုံ့ပြန်လိုက်သူ

ကလပ်ဘရုဂျက်နှင့်လိုက်ဇစ်ပွဲစဉ်မှာလိုက်ဇစ်ကစားသမားများဂိုးသွင်း

အောင်ပွဲခံချိန်မှာပရိသတ်တစ်ဦးကဘီယာပိုင့်ခွက်နှင့်ပစ်ပေါက်ခဲ့ပါတယ်။

ဒါပေမယ့်လိုက်ဇစ်နောက်ခံလူဂျိုစကိုဂဗာဒိုင်ယိုကခေါင်းကာကိုအဝေးသို့

လွှင့်ထွက်သွားအောင်လုပ်ပြခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညတုန်းကချန်ပီယံလိဂ်ပွဲစဉ်တွင်ဂျက်စ်မတ်ရှ်ရဲ့အသင်းဟာ

ဘယ်လ်ဂျီယံပရိုလိဂ်အသင်းကိုငါးဂိုးသွင်းခဲ့ပါတယ်။


ယင်းပွဲမှာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်မှာ၁၂ဂိုးသွင်းထားတဲ့ခရစ္စတိုဖာ

အန်ကန်ကူကပွဲအစ၁၂မိနစ်မှာဘဲဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်

ဖောဘတ်(၂)၊အင်ဒရေဆေးလ်ဗားတို့အပြင်အန်ကန်ကူကလည်းနောက်

တစ်ဂိုးသွင်းမှုနဲ့အတူရုန်းကန်နေရတဲ့ဘရုဂျက်ကိုငါးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ယင်းပွဲတွင်လိုက်ဇစ်ကစားသမားသုံးဦးတို့ အလံတိုင်နားမှာအောင်ပွဲခံနေစဉ်

ကွင်းအတွင်းရှိပရိသတ်တစ်ဦးကယင်းအုပ်စုထဲသို့ဘီယာခွက်ဖြင့်ပစ်ပေါက်ခဲ့ပါတယ်။

ဒါပေမယ့်နောက်ခံလူဂျိုစကိုဂဗာဒိုင်ယိုကကြားဝင်ဖြတ်ကာခေါင်းတိုက်ကာ

ဘီယာခွက်ကိုပွဲကြည့်စင်ဘက်သို့ပြန်ရောက်အောင်လုပ်ခဲ့ပါတယ်။

အထက်ပါအဖြစ်အပျက်ကလိုင်ယွန်နှင့်မာဆေးလ်ပွဲစဉ်မှာဒီမီထရီပါယက်

ခေါင်းကိုရေသန့်ဗူးဖြင့်ပစ်ပေါက်ခံခဲ့ရတဲ့အဖြစ်အပျက်ပြီးနောက်

ရက်အနည်းငယ်အကြာမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ယင်းပွဲစဉ်တွင်ပါယက်ဟာ

ပွဲအစ၄မိနစ်တွင်ထောင့်ကန်ဘောကန်ရန်ပြင်နေစဉ်ရေသန့်ဗူးနဲ့အပေါက်ခံခဲ့ရကာ

ပွဲကိုလည်းဆက်မကန်ဘဲရပ်နားခဲ့ပါတယ်။

Zawgyi

ဆိုးသြမ္းပရိသတ္ရဲ႕လုပ္ရပ္ကို မထင္မွတ္္ထားတဲ့ပုံစံနဲ႔ တုံ႔ျပန္လိုက္သူ

ကလပ္ဘ႐ုဂ်က္ႏွင့္လိုက္ဇစ္ပြဲစဥ္မွာလိုက္ဇစ္ကစားသမားမ်ားဂိုးသြင္း

ေအာင္ပြဲခံခ်ိန္မွာပရိသတ္တစ္ဦးကဘီယာပိုင့္ခြက္ႏွင့္ပစ္ေပါက္ခဲ့ပါတယ္။

ဒါေပမယ့္လိုက္ဇစ္ေနာက္ခံလူဂ်ိဳစကိုဂဗာဒိုင္ယိုကေခါင္းကာကိုအေဝးသို႔

လႊင့္ထြက္သြားေအာင္လုပ္ျပခဲ့ပါတယ္။

ဗုဒၶဟူးေန႔ညတုန္းကခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဂ်က္စ္မတ္ရွ္ရဲ႕အသင္းဟာ

ဘယ္လ္ဂ်ီယံပ႐ိုလိဂ္အသင္းကိုငါးဂိုးသြင္းခဲ့ပါတယ္။
ယင္းပြဲမွာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္မွာ၁၂ဂိုးသြင္းထားတဲ့ခရစၥတိုဖာ

အန္ကန္ကူကပြဲအစ၁၂မိနစ္မွာဘဲဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္

ေဖာဘတ္(၂)၊အင္ဒေရေဆးလ္ဗားတို႔အျပင္အန္ကန္ကူကလည္းေနာက္

တစ္ဂိုးသြင္းမႈနဲ႔အတူ႐ုန္းကန္ေနရတဲ့ဘ႐ုဂ်က္ကိုငါးဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။

ယင္းပြဲတြင္လိုက္ဇစ္ကစားသမားသုံးဦးတို႔ အလံတိုင္နားမွာေအာင္ပြဲခံေနစဥ္

ကြင္းအတြင္းရွိပရိသတ္တစ္ဦးကယင္းအုပ္စုထဲသို႔ဘီယာခြက္ျဖင့္ပစ္ေပါက္ခဲ့ပါတယ္။

ဒါေပမယ့္ေနာက္ခံလူဂ်ိဳစကိုဂဗာဒိုင္ယိုကၾကားဝင္ျဖတ္ကာေခါင္းတိုက္ကာ

ဘီယာခြက္ကိုပြဲၾကည့္စင္ဘက္သို႔ျပန္ေရာက္ေအာင္လုပ္ခဲ့ပါတယ္။

အထက္ပါအျဖစ္အပ်က္ကလိုင္ယြန္ႏွင့္မာေဆးလ္ပြဲစဥ္မွာဒီမီထရီပါယက္

ေခါင္းကိုေရသန႔္ဗူးျဖင့္ပစ္ေပါက္ခံခဲ့ရတဲ့အျဖစ္အပ်က္ၿပီးေနာက္

ရက္အနည္းငယ္အၾကာမွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။ယင္းပြဲစဥ္တြင္ပါယက္ဟာ

ပြဲအစ၄မိနစ္တြင္ေထာင့္ကန္ေဘာကန္ရန္ျပင္ေနစဥ္ေရသန႔္ဗူးနဲ႔အေပါက္ခံခဲ့ရကာ

ပြဲကိုလည္းဆက္မကန္ဘဲရပ္နားခဲ့ပါတယ္။