
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာနောက်ခံလူခွန်ဒဲလ်ကိုခေါ်ယူဖို့
ပြန်လည်စိတ်ဝင်စားနေပြီး ချယ်လ်ဆီးနဲ့အပြိုင်ကြိုးပမ်းသွားမယ့်အနေအထား
ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ အသက်(၂၂)နှစ်အရွယ် ပြင်သစ်
လက်ရွေးစင်ကစားသမားခွန်ဒဲလ်ကို ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ
ကာလအတွင်းခေါ်ယူဖို့ပစ်မှတ်ထားခဲ့ဖူးပြီး နောက်ပိုင်းမှ ရီးယဲလ်နောက်ခံလူ
ဗာရန်းကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ခွန်ဒဲလ်အတွက်ကြိုးပမ်းဖို့
ယူနိုက်တက်အသင်း ပြန်လည်စိတ်ဝင်စားနေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီကျရင်
ကမ်းလှမ်းဖို့ရှိတယ်လို့ Fichajes ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
လောလောဆယ်မှာတော့ ယူနိုက်တက်အသင်းနောက်ခံလူတွေဖြစ်တဲ့
မက်ဂွိုင်းယား၊ ဗာရန်းတို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ဗာရန်းဟာ
ပေါင်ခြံဒဏ်ရာကြောင့် ရက်သတ္တပတ်အတော်ကြာအနားယူရမှာပါ။
ခွန်ဒဲလ်အနေနဲ့ ယူနိုက်တက်အသင်းရဲ့ခံစစ်ပြဿနာကို ကာလတိုဖြေရှင်းနိုင်ဖို့
အတွက်သာမဟုတ်ဘဲ နောက်ခံလူဘာယီဟာ အသင်းနဲ့လမ်းခွဲဖို့ရှိနေတာကြောင့်
ဘာယီရဲ့နေရာကို အစားထိုးနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ခွန်ဒဲလ်အတွက်
ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးနဲ့အပြိုင်ကြိုးပမ်းရမှာဖြစ်ပြီး ချယ်လ်ဆီး
အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ခွန်ဒဲလ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး
သဘောတူညီမှုရခဲ့သလို ပေါင်(၄၃)သန်းနဲ့ သဘောတူညီမှုရဖို့နီးစပ်ခဲ့ပေမယ့်
ဆီဗီလာအသင်းက ပြောင်းရွှေ့ကြေးတိုးတောင်းခဲ့လို့ အပြောင်းအရွှေ့
ပျယ်ပြယ်ခဲ့တာဖြစ်ပါတယ်။
Zawgyi
ဆီဗီလာေနာက္ခံလူခြန္ဒဲလ္ကို စိတ္ဝင္စားေန ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဆီဗီလာေနာက္ခံလူခြန္ဒဲလ္ကိုေခၚယူဖို႔
ျပန္လည္စိတ္ဝင္စားေနၿပီး ခ်ယ္လ္ဆီးနဲ႔အၿပိဳင္ႀကိဳးပမ္းသြားမယ့္အေနအထား
ရွိေနတယ္လို႔ သတင္းထြက္ေနပါတယ္။ အသက္(၂၂)ႏွစ္အ႐ြယ္ ျပင္သစ္
လက္ေ႐ြးစင္ကစားသမားခြန္ဒဲလ္ကို ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီ
ကာလအတြင္းေခၚယူဖို႔ပစ္မွတ္ထားခဲ့ဖူးၿပီး ေနာက္ပိုင္းမွ ရီးယဲလ္ေနာက္ခံလူ
ဗာရန္းကိုေခၚယူခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ခြန္ဒဲလ္အတြက္ႀကိဳးပမ္းဖို႔
ယူႏိုက္တက္အသင္း ျပန္လည္စိတ္ဝင္စားေနတာျဖစ္ၿပီး လာမယ့္ဇန္နဝါရီက်ရင္
ကမ္းလွမ္းဖို႔ရွိတယ္လို႔ Fichajes ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။
ေလာေလာဆယ္မွာေတာ့ ယူႏိုက္တက္အသင္းေနာက္ခံလူေတြျဖစ္တဲ့
မက္ဂြိဳင္းယား၊ ဗာရန္းတို႔ဟာ ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရၿပီး ဗာရန္းဟာ
ေပါင္ၿခံဒဏ္ရာေၾကာင့္ ရက္သတၱပတ္အေတာ္ၾကာအနားယူရမွာပါ။
ခြန္ဒဲလ္အေနနဲ႔ ယူႏိုက္တက္အသင္းရဲ႕ခံစစ္ျပႆနာကို ကာလတိုေျဖရွင္းႏိုင္ဖို႔
အတြက္သာမဟုတ္ဘဲ ေနာက္ခံလူဘာယီဟာ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနတာေၾကာင့္
ဘာယီရဲ႕ေနရာကို အစားထိုးႏိုင္မွာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ခြန္ဒဲလ္အတြက္
ယူႏိုက္တက္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔အၿပိဳင္ႀကိဳးပမ္းရမွာျဖစ္ၿပီး ခ်ယ္လ္ဆီး
အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ခြန္ဒဲလ္ကို ေခၚယူဖို႔ ပုဂၢိဳလ္ေရး
သေဘာတူညီမႈရခဲ့သလို ေပါင္(၄၃)သန္းနဲ႔ သေဘာတူညီမႈရဖို႔နီးစပ္ခဲ့ေပမယ့္
ဆီဗီလာအသင္းက ေျပာင္းေ႐ႊ႕ေၾကးတိုးေတာင္းခဲ့လို႔ အေျပာင္းအေ႐ႊ႕
ပ်ယ္ျပယ္ခဲ့တာျဖစ္ပါတယ္။