ဆီဗီလာနဲ့ပွဲကလူစာရင်းကို ၂ နေရာလောက် ပြောင်းလဲလာမယ့် ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနဲ့ပွဲမှာ ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ဆီဗီလာနဲ့ပွဲတုန်းက လူစာရင်းနဲ့ အပြောင်း အလဲတစ်နေရာလောက်ပဲပြုလုပ်ပြီး ပွဲထွက်လာဖို့များနေပါတယ်။ လမ်းပတ် ရဲ့ ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်နဲ့ကစားမယ့်ပွဲအတွက် မန်ချက်စတာမြို့ကိုရောက်ရှိလာပြီး အိုးထရက်ဖိုဒ် ခရစ်ကဒ်ကွင်းနားက Hilton Garden Innမှာ တည်းခိုနေပါတယ်။ face mask တွေ ဝတ်ဆင်ထားတာကြောင့် ပါဝင်လာတဲ့ သူတွေကိုခွဲခြားရခက်နေပြီး ဓာတ်ပုံဆရာတွေဟာ အိုဒွိုင်း နှင့် အန်ဒါရက် ခရစ်စတန်ဆန် တို့ကိုရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါဘူး။ ချဲလ်ဆီးအသင်းမှာ ကွင်းလယ်ကစားသမား ဇီရက် ဒဏ်ရာကသက်သာလာပြီး လူစာရင်းမှာပါဝင်လာသလို ကိုဗာဆစ်လည်း ပြန်ပါလာပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နေရာအလိုက်ဖြစ်နိုင်ခြေအနေ အထားကို သုံးသပ်ရမယ်ဆိုရင်…။

ဂိုး

ကီပါမရှိတဲ့အတွက် ဆီဗီလာနဲ့ပွဲတုန်းကလိုပဲ မန်ဒီ ပွဲထွက်လာဖို့ရှိပါတယ်။ လမ်းပတ် ဟာ လက်စွမ်းကျနေတဲ့ ကီပါထက် ပိုကြိုက်လို့ မန်ဒီကိုခေါ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာလည်း မန်ဒီကိုပဲပွဲထွက်အဖြစ်အသုံးပြုသွားဖို့များနေပါတယ်။

နောက်တန်း

နောက်ခံလူ ၄ ယောက်ထားတဲ့ပုံစံကိုပဲ ဆက်သုံးဖို့ရှိပြီး တီယာဂိုဆေးလ်ဗားနဲ့ ဇူးမားက ဗဟိုခံစစ်မှာတာဝန်ယူဖို့ ရှိနေပါတယ်။ တောင်ပံ ၂ ဖက်မှာ ချီဝဲလ်နဲ့ အက်စ်ပီလီကျူတာ တို့ပါလာနိုင်ပြီး ရီစီဂျိမ်းစ်နေရာမှာ အက်စ်ပီလီကျူတာ ကစားဖို့ရှိပါတယ်။

အလယ်တန်း

ပူလီဆစ်၊ ကန်တီ၊ ဟာဗက်ဇ်၊ ဂျော်ဂျင်ဟိုတို့ ၃ယောက်အထိုင်ကစားဖို့ရှိပြီး ကိုဗာဆစ် အရန်မှာပါလာမှာပါ။ ခြေစွမ်းမမှန်တဲ့ မေဆန်မောင့်ကို ချန်လှပ်ထားဖို့ရှိပြီး အိုဒွိုင်း ပါလာဖို့ရှိပါတယ်။

ရှေ့တန်း

တစ်ယောက်ပဲအထောင်သုံးတဲ့ လမ်းပတ်အတွက် တီမိုဝါနာရှိရင်ပြည့်စုံသလို သူ့နေရာ မှာ အရန်အဖြစ် ဂီရော့ဒ်နဲ့ အေဘရာဟမ်တို့လည်းရှိနေတာကြောင့် ချဲလ်ဆီးတိုက်စစ် ဟာ ပြဿနာမရှိပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆီဗီလာနဲ႔ပြဲကလူစာရင္းကို ၂ ေနရာေလာက္ ေျပာင္းလဲလာမယ့္ ခ်ဲလ္ဆီး

မန္ယူနဲ႔ပြဲမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ဆီဗီလာနဲ႔ပြဲတုန္းက လူစာရင္းနဲ႔ အေျပာင္း အလဲတစ္ေနရာေလာက္ပဲျပဳလုပ္ၿပီး ပြဲထြက္လာဖို႔မ်ားေနပါတယ္။ လမ္းပတ္ ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ယူႏိုက္တက္နဲ႔ကစားမယ့္ပြဲအတြက္ မန္ခ်က္စတာၿမိဳ႕ကိုေရာက္ရွိလာၿပီး အိုးထရက္ဖိုဒ္ ခရစ္ကဒ္ကြင္းနားက Hilton Garden Innမွာ တည္းခိုေနပါတယ္။ face mask ေတြ ဝတ္ဆင္ထားတာေၾကာင့္ ပါဝင္လာတဲ့ သူေတြကိုခြဲျခားရခက္ေနၿပီး ဓာတ္ပုံဆရာေတြဟာ အိုဒြိဳင္း ႏွင့္ အန္ဒါရက္ ခရစ္စတန္ဆန္ တို႔ကိုရွာေဖြေတြ႕ရွိျခင္းမရွိခဲ့ပါဘူး။ ခ်ဲလ္ဆီးအသင္းမွာ ကြင္းလယ္ကစားသမား ဇီရက္ ဒဏ္ရာကသက္သာလာၿပီး လူစာရင္းမွာပါဝင္လာသလို ကိုဗာဆစ္လည္း ျပန္ပါလာပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ေနရာအလိုက္ျဖစ္ႏိုင္ေျခအေန အထားကို သုံးသပ္ရမယ္ဆိုရင္…။

ဂိုး

ကီပါမရွိတဲ့အတြက္ ဆီဗီလာနဲ႔ပြဲတုန္းကလိုပဲ မန္ဒီ ပြဲထြက္လာဖို႔ရွိပါတယ္။ လမ္းပတ္ ဟာ လက္စြမ္းက်ေနတဲ့ ကီပါထက္ ပိုႀကိဳက္လုိ႔ မန္ဒီကိုေခၚယူခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း မွာလည္း မန္ဒီကိုပဲပြဲထြက္အျဖစ္အသံုးျပဳသြားဖို႔မ်ားေနပါတယ္။

ေနာက္တန္း

ေနာက္ခံလူ ၄ ေယာက္ထားတဲ့ပံုစံကိုပဲ ဆက္သံုးဖို႔ရွိၿပီး တီယာဂိုေဆးလ္ဗားနဲ႔ ဇူးမားက ဗဟိုခံစစ္မွာတာ၀န္ယူဖို႔ ရွိေနပါတယ္။ ေတာင္ပံ ၂ ဖက္မွာ ခ်ီ၀ဲလ္နဲ႔ အက္စ္ပီလီက်ဴတာ တို႔ပါလာႏိုင္ၿပီး ရီစီဂ်ိမ္းစ္ေနရာမွာ အက္စ္ပီလီက်ဴတာ ကစားဖို႔ရွိပါတယ္။

အလယ္တန္း

ပူလီဆစ္၊ ကန္တီ၊ ဟာဗက္ဇ္၊ ေဂ်ာ္ဂ်င္ဟိုတို႔ ၃ေယာက္အထိုင္ကစားဖို႔ရွိၿပီး ကိုဗာဆစ္ အရန္မွာပါလာမွာပါ။ ေျခစြမ္းမမွန္တဲ့ ေမဆန္ေမာင့္ကို ခ်န္လွပ္ထားဖို႔ရွိၿပီး အိုဒြိဳင္း ပါလာဖို႔ရွိပါတယ္။

ေရွ႕တန္း

တစ္ေယာက္ပဲအေထာင္သံုးတဲ့ လမ္းပတ္အတြက္ တီမုိ၀ါနာရွိရင္ျပည့္စံုသလို သူ႕ေနရာ မွာ အရန္အျဖစ္ ဂီေရာ့ဒ္နဲ႔ ေအဘရာဟမ္တို႔လည္းရွိေနတာေၾကာင့္ ခ်ဲလ္ဆီးတိုက္စစ္ ဟာ ျပႆနာမရွိပါဘူး။