ဆီးမီးဖိုင်နယ် အိပ်မက်ဆိုး မက်လေ့ ရှိတဲ့ ဆိုးလ်ရှား ကို ထပ်မံခြောက်လှန့်ခဲ့တဲ့ ဂွာဒီယိုလာ..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နှစ်(၃၀)အတွင်း ပြည်တွင်း လိဂ်ဖလားကို သုံးနှစ်ဆက် တစ်ဦးတည်း သိမ်းပိုက်ထားတဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ မနှစ်ကရာသီလိုပဲ ဆီမီးဖိုင်နယ်အဆင့်မှာ ယူနိုက်တက်အသင်းကို ထိုက်တန်တဲ့ခြေစွမ်းတွေနဲ့အနိုင်ရယူသွားခဲ့ပြီး ဗိုလိလုပွဲတက်ရောက်သွားခဲ့ပါပြီ။

ဒီနေ့ပွဲမှာတော့ ပရီးမီးယားလိဂ်မှာတုန်းကလို ချစ်ကြည်ရေးပွဲကစားခဲ့တဲ့ပုံစံလိုမျိုးမဟုတ်ပဲ နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ကြပါတယ်။

ပထမပိုင်းမှာတင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်အချို့ ရခဲ့ပြီး နှစ်သင်းပေါင်း သုံးဂိုး (မန်ယူ ၁ ဂိုး၊ မန်စီးတီး ၂ ဂိုး) ထိ ရခဲ့ပေမယ့် သုံးဂိုးလုံးဟာ လူကျွံဘောတွေဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပွဲအစမှာတင် ဂိုးအပေါ်ဖြစ်သွားနိုင်တဲ့ အခြေအနေကနေလွဲချော် သွားခဲ့ရပါတယ်။

ဒီပွဲမှာ ဂွာဒီယိုလာဟာ ဆိုးလ်ရှားထက်ယူနိုက်တက်ကစားသမားတွေအကြောင်းကို ပိုမိုနားလည်တယ်ဆိုတာကိုပြသသွားခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ယူနိုက်တက်အသင်းမှာ တိုက်စစ်ကိုလိုက်ပါပြီး ချက်ခြင်း ပြန်မဆင်းနိုင်တဲ့ လုခ်ရှောဘက်ခြမ်းကနေ အဓိက ထိုးဖောက်ခဲ့ပါသလို ညာခြမ်းခံစစ်က ဘစ်ဆာကာကိုလည်း ဖိုဒန်က ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ တောင်ပံတွေကနေ ဘောလုံးအကြိမ်ကြိမ်ထွက်ခဲ့ပေမယ့် လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ တားဆီးပုံကောင်းနေလို့သာ မန်စီးတီးအသင်းကို ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။

ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဘိုင်လီအစား ဒဏ်ရာသက်သာစ လင်ဒီလော့ဖ်ကို ပွဲထုတ်လာခဲ့တာဟာ ဆိုးလ်ရှား အနေနဲ့ နိုင်ပွဲရနိုင်ဖို့ တက်နိုင်သမျှ သေချာအောင်လုပ်ဆောင်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲမှာ မန်စီးတီးအသင်းရဲ့ တစ်သင်းလုံးခြေစွမ်းဟာ အတော်ကိုကောင်းမွန်ခဲ့ပါတယ်။ ဖိုဒန်ရဲ့ ခြေစွမ်းပြမှုတွေကိုလည်း ဒီနေ့ပွဲမှာတွေ့ မြင်ခဲ့ရသလို ဒီဘရိုင်းနားကို လူကပ်ကစားထားတာကြောင့် ဘောလုံးရချိန်မှာ ယူနိုက်တက်အသင်း တစ်ခြမ်းကို ယိုင်သွားချိန်တိုင်း ဘယ်ခြမ်းက လွတ်နေတဲ့ဖိုဒန်က ယူနိုက်တက်နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီး အသင်းဟာ သွင်းဂိုး နှစ်ဂိုးရယူသွားနိုင်ခဲ့ပြီး နှစ်ဂိုးစလုံးဟာ Set-piece တွေကနေတစ်ဆင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲချိန် မိနစ် (၅၀) မှာ ဖိုဒန်ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျွန်စတုန်းစ် ပိတ်သွင်းယူခဲ့သလို ဒုတိယဂိုးကိုလည်း (၈၃) မိနစ်မှာ ထောင့်ကန်ဘောကနေ ဝမ်ဘစ်ဆာကာ ခေါင်းတိုက်ရှင်းထုတ်လိုက်ရာက ထွက်လာတဲ့ ဘောလုံးကို ဖာနန်ဒင်ဟိုက ဂိုးဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာပါ။

ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ သူနှစ်ယောက်စလုံးရဲ့ ထူးခြားမှတ်တမ်းတွေကတော့-

– ၂၀၁၇ နိုဝင်ဘာက ချန်ပီယံလိဂ်မှာ နာပိုလီဘက်ကို ဂိုးသွင်းပြီးနောက်ပိုင်း ၁၁၆၂ ရက်အကြာကျမှ ဂျွန်စတုန်းစ်က မန်စီးတီးအတွက် ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။

– ၃၅ နှစ် ၂၄၇ ရက်ရှိပြီဖြစ်တဲ့ ဖာနန်ဒင်ဟိုဟာ မအိုသေးကြောင်း တစ်ပွဲလုံး အကောင်းစားခြေစွမ်းတွေနဲ့ သက်သေပြသွားခဲ့ပါတယ်။ ၂၀၁၄ စက်တင်ဘာက ရှက်ဖီးဘက်ကို ဂိုးသွင်းခဲ့တဲ့ ၃၆ နှစ် (၉၆) ရက်အရွယ် လမ်းပတ် နောက်ပိုင်း မန်စီးတီးအသင်းရဲ့လိဂ်ဖလားသမိုင်းမှာ ဒုတိယအသက်အကြီးဆုံးဂိုးသွင်းနိုင်သူလည်း ဖြစ်လာခဲ့ပါတယ်။

-ဒီပွဲမှာ အကောင်းဆုံးကစားသမားကတော့ ရူဘင်ဒီအောဖြစ်ပြီး ခံစစ်ကာကွယ်မှု (၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ကတော့ လိဂ်ဖလား ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်တဲ့ နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ် ထွက်ခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ မော်ရင်ဟို Vs ဂွာဒီယိုလာ အားပြိုင်ပွဲကို တွေ့ကြပါတော့မယ်..။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆီးမီးဖိုင္နယ္ အိပ္မက္ဆိုး မက္ေလ့ ရွိတဲ့ ဆိုးလ္ရွား ကို ထပ္မံေျခာက္လွန႔္ခဲ့တဲ့ ဂြာဒီယိုလာ..

ႏွစ္(၃၀)အတြင္း ျပည္တြင္း လိဂ္ဖလားကို သုံးႏွစ္ဆက္ တစ္ဦးတည္း သိမ္းပိုက္ထားတဲ့ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ ယူႏိုက္တက္အသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ပြဲမွာ မႏွစ္ကရာသီလိုပဲ ဆီမီးဖိုင္နယ္အဆင့္မွာ ယူႏိုက္တက္အသင္းကို ထိုက္တန္တဲ့ေျခစြမ္းေတြနဲ႔အႏိုင္ရယူသြားခဲ့ၿပီး ဗိုလိလုပြဲတက္ေရာက္သြားခဲ့ပါၿပီ။ ဒီေန႔ပြဲမွာေတာ့ ပရီးမီးယားလိဂ္မွာတုန္းကလို ခ်စ္ၾကည္ေရးပြဲကစားခဲ့တဲ့ပုံစံလိုမ်ိဳးမဟုတ္ပဲ ႏွစ္သင္းစလုံးဟာ တိုက္စစ္ဖြင့္ကစားခဲ့ၾကပါတယ္။ ပထမပိုင္းမွာတင္ ႏွစ္သင္းစလုံး ဂိုးသြင္းခြင့္အခ်ိဳ႕ ရခဲ့ၿပီး ႏွစ္သင္းေပါင္း သုံးဂိုး (မန္ယူ ၁ ဂိုး၊ မန္စီးတီး ၂ ဂိုး) ထိ ရခဲ့ေပမယ့္ သုံးဂိုးလုံးဟာ လူကြၽံေဘာေတြျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ပြဲအစမွာတင္ ဂိုးအေပၚျဖစ္သြားႏိုင္တဲ့ အေျခအေနကေနလြဲေခ်ာ္ သြားခဲ့ရပါတယ္။

ဒီပြဲမွာ ဂြာဒီယိုလာဟာ ဆိုးလ္ရွားထက္ယူႏိုက္တက္ကစားသမားေတြအေၾကာင္းကို ပိုမိုနားလည္တယ္ဆိုတာကိုျပသသြားခဲ့ပါတယ္။ မန္စီးတီးအေနနဲ႔ ယူႏိုက္တက္အသင္းမွာ တိုက္စစ္ကိုလိုက္ပါၿပီး ခ်က္ျခင္း ျပန္မဆင္းႏိုင္တဲ့ လုခ္ေရွာဘက္ျခမ္းကေန အဓိက ထိုးေဖာက္ခဲ့ပါသလို ညာျခမ္းခံစစ္က ဘစ္ဆာကာကိုလည္း ဖိုဒန္က ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့ပါတယ္။ ေတာင္ပံေတြကေန ေဘာလုံးအႀကိမ္ႀကိမ္ထြက္ခဲ့ေပမယ့္ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားတို႔ တားဆီးပုံေကာင္းေနလို႔သာ မန္စီးတီးအသင္းကို ပထမပိုင္းမွာ ဂိုးမေပးခဲ့ရတာပါ။

ဒီေန႔ပြဲမွာ ေျခစြမ္းျပေနတဲ့ ဘိုင္လီအစား ဒဏ္ရာသက္သာစ လင္ဒီေလာ့ဖ္ကို ပြဲထုတ္လာခဲ့တာဟာ ဆိုးလ္ရွား အေနနဲ႔ ႏိုင္ပြဲရႏိုင္ဖို႔ တက္ႏိုင္သမွ် ေသခ်ာေအာင္လုပ္ေဆာင္ခဲ့တာပါပဲ။ ဒါေပမယ့္ ဒီေန႔ပြဲမွာ မန္စီးတီးအသင္းရဲ႕ တစ္သင္းလုံးေျခစြမ္းဟာ အေတာ္ကိုေကာင္းမြန္ခဲ့ပါတယ္။ ဖိုဒန္ရဲ႕ ေျခစြမ္းျပမႈေတြကိုလည္း ဒီေန႔ပြဲမွာေတြ႕ ျမင္ခဲ့ရသလို ဒီဘ႐ိုင္းနားကို လူကပ္ကစားထားတာေၾကာင့္ ေဘာလုံးရခ်ိန္မွာ ယူႏိုက္တက္အသင္း တစ္ျခမ္းကို ယိုင္သြားခ်ိန္တိုင္း ဘယ္ျခမ္းက လြတ္ေနတဲ့ဖိုဒန္က ယူႏိုက္တက္ေနာက္တန္းကို ဖိအားေပးႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္စီးတီး အသင္းဟာ သြင္းဂိုး ႏွစ္ဂိုးရယူသြားႏိုင္ခဲ့ၿပီး ႏွစ္ဂိုးစလုံးဟာ Set-piece ေတြကေနတစ္ဆင့္ ရခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ မိနစ္ (၅၀) မွာ ဖိုဒန္ရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္ကေန ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂြၽန္စတုန္းစ္ ပိတ္သြင္းယူခဲ့သလို ဒုတိယဂိုးကိုလည္း (၈၃) မိနစ္မွာ ေထာင့္ကန္ေဘာကေန ဝမ္ဘစ္ဆာကာ ေခါင္းတိုက္ရွင္းထုတ္လိုက္ရာက ထြက္လာတဲ့ ေဘာလုံးကို ဖာနန္ဒင္ဟိုက ဂိုးဧရိယာထိပ္ကေန ကန္သြင္းသြားခဲ့တာပါ။ ဒီပြဲမွာ ဂိုးသြင္းခဲ့တဲ့ သူႏွစ္ေယာက္စလံုးရဲ႕ ထူးျခားမွတ္တမ္းေတြကေတာ့-၂၀၁၇ ႏိုဝင္ဘာက ခ်န္ပီယံလိဂ္မွာ နာပိုလီဘက္ကို ဂိုးသြင္းၿပီးေနာက္ပိုင္း ၁၁၆၂ ရက္အၾကာက်မွ ဂြၽန္စတုန္းစ္က မန္စီးတီးအတြက္ ဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။ – ၃၅ ႏွစ္ ၂၄၇ ရက္ရွိၿပီျဖစ္တဲ့ ဖာနန္ဒင္ဟိုဟာ မအိုေသးေၾကာင္း တစ္ပြဲလုံး အေကာင္းစားေျခစြမ္းေတြနဲ႔ သက္ေသျပသြားခဲ့ပါတယ္။ ၂၀၁၄ စက္တင္ဘာက ရွက္ဖီးဘက္ကို ဂိုးသြင္းခဲ့တဲ့ ၃၆ ႏွစ္ (၉၆) ရက္အရြယ္ လမ္းပတ္ ေနာက္ပိုင္း မန္စီးတီးအသင္းရဲ႕လိဂ္ဖလားသမိုင္းမွာ ဒုတိယအသက္အႀကီးဆုံးဂိုးသြင္းႏိုင္သူလည္း ျဖစ္လာခဲ့ပါတယ္။ -ဒီပြဲမွာ အေကာင္းဆံုးကစားသမားကေတာ့ ရူဘင္ဒီေအာျဖစ္ၿပီး ခံစစ္ကာကြယ္မႈ (၆)ၾကိမ္ျပဳလုပ္ခဲ့ပါတယ္။ – ယူႏိုက္တက္ကေတာ့ လိဂ္ဖလား ဆီမီးဖိုင္နယ္ကိုတက္ေရာက္ႏိုင္တဲ့ ေနာက္ဆုံး ၄ ႀကိမ္မွာ ၃ ႀကိမ္ ထြက္ခဲ့ရတာျဖစ္ပါတယ္။ – ဗိုလ္လုပြဲမွာေတာ့ ေမာ္ရင္ဟို Vs ဂြာဒီယိုလာ အားၿပိဳင္ပြဲကို ေတြ႕ၾကပါေတာ့မယ္..။