
ဇန်နဝါရီအပြောင်းအရွှေ့ ပိတ်ခါနီးကျမှ ဘာစီလိုနာကို ရောက်ရှိခဲ့တဲ့
အူဘာမီယန်ရဲ့သွင်းဂိုးကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့
ဘာစီလိုနာအသင်းအနေနဲ့ဂါလာတာစာရေးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရပြီး
ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အူဘာမီယန်ဟာ
ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ
အသင်းအတွက် ၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပထမအကျော့တုန်းက သရေကျခဲ့သလို ဒုတိယအကျော့မှာလည်း
အိမ်ရှင် ဂါလာတာစာရေးအသင်းရဲ့ ဦးဆောင်မှုကြောင့်
ဘာစီလိုနာတို့ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပြီး ပီဒရီနဲ့ အူဘာမီယန် တို့က
ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးအူဘာမီယန် က အသင်းအတွက်
နောက်ထပ်သွင်းဂိုးသွင်းယူပေးနိုင်တဲ့အပေါ် ပျော်ရွှင်မိကြောင်းနှင့်
ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ ယုံကြည်ထားကြောင်း ပြောဆိုပါတယ်။
အူဘာမီယန်က “အသင်းအတွက် နောက်ထပ်သွင်းဂိုးတစ်ဂိုး
သွင်းပေးနိုင်ခဲ့လို ပျော်ရွှင်မိပါတယ်။တကယ့်ကို ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ။
ဂါလာတာစာရေး အသင်းရဲ့ခံစစ်ကစားပုံဟာ တကယ့်ကို အံ့မခန်းပါပဲ။
ဟုတ်ပါတယ် ကျွန်တော်တို့အသင်းရဲ့ ပထမပိုင်းကစားပုံ သိပ်မကောင်းခဲ့ပါဘူး။
ဒါပေမဲ့လည်း ကျွန်တော်တို့တွေပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။”
“ပီဒရီရဲ့ခြေပဂိုးဟာ ပွဲစဉ်ရဲ့အဖြေကိုပြောင်းလဲပေးခဲ့တာပါ။
ဒီသွင်းဂိုးကြောင့်ပဲ ကျွန်တော်တို့တွေ စိတ်ဓာတ်ခွန်အားပြန်လည်မြင့်တက်ခဲ့လို့ပါပဲ။
သူ့ရဲ့သွင်းဂိုးဟာ တကယ့်ကို သေသပ်လှပလွန်းလှပါတယ်။
မက်ဆီရဲ့သွင်းဂိုးပုံစံမျိုးလို့တောင်ဆိုလို့ရပါတယ်။”
“ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်အထိ တက်လှမ်းဖို့ပြင်ဆင်ထားပြီး
ချန်ပီယံဖြစ်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာ
အနိုင်ရလဒ်တွေသာ ဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့တွေ
ကြိုးစားအားထုတ်သွားမှာပါ။”လို့ ပြောဆိုပါတယ်။
zawgyi
ဆုဖလားရမယ္လို႔ အျပည့္အ၀ ယုံၾကည္ေနတဲ့ အူဘာမီယန္
ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ပိတ္ခါနီးက်မွ ဘာစီလိုနာကို ေရာက္ရွိခဲ့တဲ့
အူဘာမီယန္ရဲ႕သြင္းဂိုးေၾကာင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာေတာ့
ဘာစီလိုနာအသင္းအေနနဲ႔ဂါလာတာစာေရးအသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရၿပီး
ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အူဘာမီယန္ဟာ
ဘာစီလိုနာကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ
အသင္းအတြက္ ၇ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ပထမအေက်ာ့တုန္းက သေရက်ခဲ့သလို ဒုတိယအေက်ာ့မွာလည္း
အိမ္ရွင္ ဂါလာတာစာေရးအသင္းရဲ႕ ဦးေဆာင္မႈေၾကာင့္
ဘာစီလိုနာတို႔ ေနာက္ကေနလိုက္ကစားခဲ့ရတာျဖစ္ၿပီး ပီဒရီနဲ႔ အူဘာမီယန္ တို႔က
ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းရဲ႕တိုက္စစ္မႉးအူဘာမီယန္ က အသင္းအတြက္
ေနာက္ထပ္သြင္းဂိုးသြင္းယူေပးႏိုင္တဲ့အေပၚ ေပ်ာ္႐ႊင္မိေၾကာင္းႏွင့္
ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ဖို႔ ယုံၾကည္ထားေၾကာင္း ေျပာဆိုပါတယ္။
အူဘာမီယန္က “အသင္းအတြက္ ေနာက္ထပ္သြင္းဂိုးတစ္ဂိုး
သြင္းေပးႏိုင္ခဲ့လို ေပ်ာ္႐ႊင္မိပါတယ္။တကယ့္ကို ခက္ခဲတဲ့ပြဲစဥ္တစ္ပြဲပါ။
ဂါလာတာစာေရး အသင္းရဲ႕ခံစစ္ကစားပုံဟာ တကယ့္ကို အံ့မခန္းပါပဲ။
ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔အသင္းရဲ႕ ပထမပိုင္းကစားပုံ သိပ္မေကာင္းခဲ့ပါဘူး။
ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ေတြျပန္လည္ျပင္ဆင္ႏိုင္ခဲ့ပါတယ္။”
“ပီဒရီရဲ႕ေျခပဂိုးဟာ ပြဲစဥ္ရဲ႕အေျဖကိုေျပာင္းလဲေပးခဲ့တာပါ။
ဒီသြင္းဂိုးေၾကာင့္ပဲ ကြၽန္ေတာ္တို႔ေတြ စိတ္ဓာတ္ခြန္အားျပန္လည္ျမင့္တက္ခဲ့လို႔ပါပဲ။
သူ႔ရဲ႕သြင္းဂိုးဟာ တကယ့္ကို ေသသပ္လွပလြန္းလွပါတယ္။
မက္ဆီရဲ႕သြင္းဂိုးပုံစံမ်ိဳးလို႔ေတာင္ဆိုလို႔ရပါတယ္။”
“ယူ႐ိုပါလိဂ္ ဖိုင္နယ္ပြဲစဥ္အထိ တက္လွမ္းဖို႔ျပင္ဆင္ထားၿပီး
ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ေမွ်ာ္လင့္ထားပါတယ္။ လက္က်န္ပြဲစဥ္ေတြမွာ
အႏိုင္ရလဒ္ေတြသာ ဆြတ္ခူးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေတြ
ႀကိဳးစားအားထုတ္သြားမွာပါ။”လို႔ ေျပာဆိုပါတယ္။