
ဂါရတ်ဆောက်ဂိတ်ဟာလာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်
ကစားသမားရွေးချယ်ရာတွင် ရွေးချယ်စရာကစားသမားများပြားနေပြီး
နာမည်ကျော်ကစားသမားအချို့တို့ကိုချန်လှပ်ရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။
ဆောက်ဂိတ်ဟာအယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်ရင်ဆိုင်ရမယ့်အင်္ဂလန်ရဲ့
နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက်လူစာရင်းထုတ်ပြန်ရတော့မှာဖြစ်ပြီး
ယခင်တုန်းကသူ့အင်္ဂလန်အသင်းတွင်မပါဝင်ခဲ့တဲ့ကစားသမားအချို့တို့ကို
ပြန်လည်ရွေးချယ်ရန်စီစဉ်နေပါတယ်။ ဆောက်ဂိတ်ဟာပြီးခဲ့တဲ့
ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်မပါဝင်ခဲ့တဲ့ဟယ်ရီမက်ဂွိုင်းယား၊ရီစီဂျိမ်းစ်၊
ထရန်းအလက်ဇန္ဒားအာနိုး၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ကယ်ဗင်ဖီးလစ်၊ဂျူ့ဘယ်လင်ဂမ်နှင့်
မောဆင်ဂရင်းဝုဒ်တို့ကိုပြန်ရွေးရမယ့်အခြေအနေဆိုက်နေပါတယ်။
ဒါကြောင့်လည်းဆောက်ဂိတ်ဟာပြီးခဲ့တဲ့နိုင်ငံတကာပွဲစဉ်များအပြီးတွင်
၁၈မိနစ်တည်းသာဘောလုံးကစားခွင့်ရရှိထားကြတဲ့မန်ယူမှ
ဂျက်စီလင်ဂတ်နှင့် ဆန်ချိုတို့ကိုချန်လှပ်လာဖို့ရှိပါတယ်။
ဒါ့အပြင်အိုလီဝတ်ကင်၊အေဘရာဟမ်၊ ဂျိမ်းစ်ဝတ်ပရောက်စ်တို့မှာလည်း
နေရာဆုံးရှုံးရဖို့ရှိသလိုဗီလာနေရာပျောက်လာတဲ့ တိုင်ရွန်မင်မှာလည်းချန်လှပ်ခံရနိုင်ပါတယ်။
ဆောက်ဂိတ်ဟာကလပ်မှာခြေစွမ်းပြနေတဲ့အင်္ဂလန်ယူ-၂၁စတားများဖြစ်ကြတဲ့
စမစ်ရိုးနှင့်ပဲလေ့စ်စတားကော်နာဂယ်လာဂါတို့ကိုအသင်းကြီးသို့ဆင့်ခေါ်ဖွယ်ရှိပါတယ်။
zawgyi
ေဆာက္ဂိတ္ဟာ လာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ လင္ဂတ္ႏွင့္ဆန္ခ်ိဳတို႔ကိုခ်န္လွပ္လာဖို႔ရွိေန
ဂါရတ္ေဆာက္ဂိတ္ဟာလာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲအတြက္
ကစားသမားေ႐ြးခ်ယ္ရာတြင္ ေ႐ြးခ်ယ္စရာကစားသမားမ်ားျပားေနၿပီး
နာမည္ေက်ာ္ကစားသမားအခ်ိဳ႕တို႔ကိုခ်န္လွပ္ရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။
ေဆာက္ဂိတ္ဟာအယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ရင္ဆိုင္ရမယ့္အဂၤလန္ရဲ႕
ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲအတြက္လူစာရင္းထုတ္ျပန္ရေတာ့မွာျဖစ္ၿပီး
ယခင္တုန္းကသူ႔အဂၤလန္အသင္းတြင္မပါဝင္ခဲ့တဲ့ကစားသမားအခ်ိဳ႕တို႔ကို
ျပန္လည္ေ႐ြးခ်ယ္ရန္စီစဥ္ေနပါတယ္။ ေဆာက္ဂိတ္ဟာၿပီးခဲ့တဲ့
ကမာၻ႔ဖလားေျခစစ္ပြဲတြင္မပါဝင္ခဲ့တဲ့ဟယ္ရီမက္ဂြိဳင္းယား၊ရီစီဂ်ိမ္းစ္၊
ထရန္းအလက္ဇႏၵားအာႏိုး၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ကယ္ဗင္ဖီးလစ္၊ဂ်ဴ႕ဘယ္လင္ဂမ္ႏွင့္
ေမာဆင္ဂရင္းဝုဒ္တို႔ကိုျပန္ေ႐ြးရမယ့္အေျခအေနဆိုက္ေနပါတယ္။
ဒါေၾကာင့္လည္းေဆာက္ဂိတ္ဟာၿပီးခဲ့တဲ့ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္
၁၈မိနစ္တည္းသာေဘာလုံးကစားခြင့္ရရွိထားၾကတဲ့မန္ယူမွဂ်က္စီလင္ဂတ္ႏွင့္
ဆန္ခ်ိဳတို႔ကိုခ်န္လွပ္လာဖို႔ရွိပါတယ္။ဒါ့အျပင္အိုလီဝတ္ကင္၊ေအဘရာဟမ္၊
ဂ်ိမ္းစ္ဝတ္ပေရာက္စ္တို႔မွာလည္းေနရာဆုံးရႈံးရဖို႔ရွိသလိုဗီလာေနရာေပ်ာက္လာတဲ့
တိုင္႐ြန္မင္မွာလည္းခ်န္လွပ္ခံရႏိုင္ပါတယ္။
ေဆာက္ဂိတ္ဟာကလပ္မွာေျခစြမ္းျပေနတဲ့အဂၤလန္ယူ-၂၁စတားမ်ားျဖစ္ၾကတဲ့
စမစ္႐ိုးႏွင့္ပဲေလ့စ္စတားေကာ္နာဂယ္လာဂါတို႔ကိုအသင္းႀကီးသို႔ဆင့္ေခၚဖြယ္ရွိပါတယ္။