ဆောက်သမ်တန်ကိုအရေးနိမ့်ပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်မှာတင်ကျေနပ်လိုက်ရတဲ့ လက်ရှိချန်ပီယံ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းကတော့ အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ဆောက်သမ်တန်အသင်းနဲ့ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ လူစာရင်း ၆ နေရာလောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး အာဆင်နယ်ကို ရင်ဆိုင်လာခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ အိမ်ရှင်ဆောက်သမ်တန်ကပဲ ဖိအားပေးကစားလာခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုတွေရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လီနိုလက်စွမ်းပြနိုင်ခဲ့တာကြောင့် သက်သာရရခဲ့ပေမယ့် ပွဲကစားချိန် ၂၄ မိနစ်လောက်မှာ အယ်လ်နီနီကြောင့် ရရှိလာတဲ့အခွင့်အရေးကို ဝေါ်ကာပီတာက ဂိုးဧရိယာထဲချိုးအပေးမှာ ဂါဘရီရယ်နဲ့ထိပြီး လမ်းကြောင်းပြောင်းခဲ့တာကြောင့် ဂိုးဝင်သွားခဲ့ပါတယ်။

အာဆင်နယ်နောက်တန်းကစားသမား ဂါဘရီရယ်ကတော့ ကိုဗစ်ကနေပြန်လာအပြီးမှာ ပွဲကြောင်နေခဲ့ပြီး အမှားတွေများနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်တိုက်စစ်ပိုင်းကလည်း ပေပေ ၊ ဝီလျံ နဲ့ အန်ကီးတီးယားတို့ ဦးဆောင်လာခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ အခြေအနေက တော်တော်ဆိုးခဲ့ပါတယ်။

မာတီနယ်လီတစ်ယောက် ရသလောက်ရုန်းကန်ခဲ့ပေမယ့် တိုက်စစ်က အလုပ်မဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်နောက်ခံလူနေရာမှာဝင်ကစားတဲ့ ဆစ်ဒရစ်ကလည်း ပုံစံကောင်းပျောက်ဆုံးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အာတီတာက အယ်လ်နီနီ နဲ့ မာတီနယ်လီတို့အစား ပါတေး နဲ့ ဆာကာတို့ကို ထည့်သွင်းခဲ့ပေမယ့်လည်း စမစ်ရိုမပါတဲ့ ကွင်းလယ်တိုက်စစ်က တော်တော်လေးအသက်မဲ့ခဲ့တာဖြစ်ပါတယ်။

မိနစ် ၇၀ ကျော်မှာ ဘယ်လာရင်အစား လာကာဇက်တီကိုထည်ပြီး ချေပဂိုးရဖို့ ပြင်ဆင်လာခဲ့ပေမယ့်လည်း အန်ကီးတီးယား နဲ့ ဝီလျံတို့ရဲ့အဆုံးသတ်တွေက ထင်သလောက်မကောင်းခဲ့တာကြောင့် စတုတ္ထအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

နောက်တစ်ဆင့်တက်သွားတဲ့ ဆောက်သမ်တန်က ပဉ္စမအဆင့်မှာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဆာက္သမ္တန္ကိုအေရးနိမ့္ျပီး အက္ဖ္ေအဖလား စတုတၳအဆင့္မွာတင္ေက်နပ္လိုက္ရတဲ့ လက္ရွိခ်န္ပီယံ အာဆင္နယ္

အာဆင္နယ္အသင္းကေတာ့ အက္ဖ္ေအဖလားစတုတၳအဆင့္မွာ ေဆာက္သမ္တန္အသင္းနဲ႔ရင္ဆုိင္ခဲ့ရျပီး အေ၀းကြင္းမွာ ၁-၀ ဂိုးနဲ႔ အေရးနိမ့္ျပီး ထြက္ခြာခဲ့ရပါတယ္။ အာဆင္နယ္ဟာ ဒီေန႔ပြဲမွာ လူစာရင္း ၆ ေနရာေလာက္အထိ အေျပာင္းအလဲလုပ္ခဲ့ျပီး အာဆင္နယ္ကို ရင္ဆိုင္လာခဲ့ပါတယ္။ ပြဲစတယ္ဆုိတာနဲ႔ အိမ္ရွင္ေဆာက္သမ္တန္ကပဲ ဖိအားေပးကစားလာခဲ့ျပီး ဂိုးေပါက္ကန္သြင္းမႈေတြရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ လီႏိုလက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ သက္သာရရခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၂၄ မိနစ္ေလာက္မွာ အယ္လ္နီနီေၾကာင့္ ရရွိလာတဲ့အခြင့္အေရးကို ေ၀ၚကာပီတာက ဂိုးဧရိယာထဲခ်ိဳးအေပးမွာ ဂါဘရီရယ္နဲ႔ထိျပီး လမ္းေၾကာင္းေျပာင္းခဲ့တာေၾကာင့္ ဂိုး၀င္သြားခဲ့ပါတယ္။ အာဆင္နယ္ေနာက္တန္းကစားသမား ဂါဘရီရယ္ကေတာ့ ကိုဗစ္ကေနျပန္လာအျပီးမွာ ပြဲေၾကာင္ေနခဲ့ျပီး အမွားေတြမ်ားေနခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္တုိက္စစ္ပိုင္းကလည္း ေပေပ ၊ ၀ီလ်ံ နဲ႔ အန္ကီးတီးယားတို႔ ဦးေဆာင္လာခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ အေျခအေနက ေတာ္ေတာ္ဆိုးခဲ့ပါတယ္။

မာတီနယ္လီတစ္ေယာက္ ရသေလာက္ရုန္းကန္ခဲ့ေပမယ့္ တိုက္စစ္က အလုပ္မျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဘယ္ေနာက္ခံလူေနရာမွာ၀င္ကစားတဲ့ ဆစ္ဒရစ္ကလည္း ပံုစံေကာင္းေပ်ာက္ဆံုးေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ အာတီတာက အယ္လ္နီနီ နဲ႔ မာတီနယ္လီတို႔အစား ပါေတး နဲ႔ ဆာကာတို႔ကို ထည့္သြင္းခဲ့ေပမယ့္လည္း စမစ္ရိုမပါတဲ့ ကြင္းလယ္တုိက္စစ္က ေတာ္ေတာ္ေလးအသက္မဲ့ခဲ့တာျဖစ္ပါတယ္။

မိနစ္ ၇၀ ေက်ာ္မွာ ဘယ္လာရင္အစား လာကာဇက္တီကိုထည္ျပီး ေခ်ပဂိုးရဖို႔ ျပင္ဆင္လာခဲ့ေပမယ့္လည္း အန္ကီးတီးယား နဲ႔ ၀ီလ်ံတုိ႔ရဲ႕အဆံုးသတ္ေတြက ထင္သေလာက္မေကာင္းခဲ့တာေၾကာင့္ စတုတၳအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ေနာက္တစ္ဆင့္တက္သြားတဲ့ ေဆာက္သမ္တန္က ပဥၥမအဆင့္မွာ ၀ုဗ္အသင္းနဲ႔ရင္ဆုိင္ရမွာျဖစ္ပါတယ္။