ဆောက်သမ်တန်ကို ဂိုးသွင်းလေ့ကျင့်ခန်းဆင်းပြီး အနိုင်ယူခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရှက်ဖီးယူနိုက်တက်ကို ရှုံး၊ အာဆင်နယ်နဲ့ သရေကျပြီး ပရီးမီးယားလိဂ်နိုင်ပွဲပျောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ဆောက်သမ်တန်နဲ့ပွဲမှာတော့ ၉-၀ ဂိုးပြတ်နဲ့ အနိုင်ယူပြခဲ့တယ်။

ယူနိုက်တက်အသင်းဟာ ရှက်ဖီးနဲ့ပွဲတုန်းကလို မဖြစ်အောင် အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့သလို ဆောက်သမ်တန်အသင်းမှာလည်း အခုပွဲမှ ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရခဲ့တဲ ဂျန်ကဲဝစ်ဇ်ဟာ ပွဲအစ မိနစ်ပိုင်းမှာပဲ တွမ်မီနေးကို အဝင်ကြမ်းလို့ အနီကတ်နဲ့အထုတ်ခံခဲ့ရတယ်။

အဲဒါကြောင့် ဆောက်သမ်တန်အသင်းဟာ ခံစစ်ကိုပဲ အထိုင်ကစားခဲ့ရပေမယ့် ယူနိုက်တက် ကစားသမားတွေ ခြေစွမ်းပြနေလို့ အခုလို ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဆောက်သမ်တန်အကယ်ဒမီထွက် လုခ်ရှောဟာ အသင်းဟောင်းကို ကောင်းကောင်း ဒုက္ခပေးခဲ့ပြီး ဘယ်ခြမ်းကနေ ပံ့ပိုးမှုတွေလုပ်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ဘက်က တစ်ယောက်အထုတ်ခံရလို့ ယူနိုက်တက်တစ်သင်းလုံး ရှေ့ကိုတက်ကစားခဲ့ပြီး မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့တောင် ပြိုင်ဘက်ကွင်း ဧရိယာတစ်ဝက်ကျော်အထိ တိုက်စစ်ကို လိုက်ကစားခဲ့တယ်။

ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ၁၈ မိနစ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကနေ ဘစ်ဆာကာ ပြေးဝင်ပိတ်သွင်းခဲ့ပြီး ဘယ်၊ညာ Full Backs နှစ်ယောက်ရဲ့ တွဲလုံးက ဂိုးရခဲ့တယ်လို့လည်းပြောရမယ်။

ဦးဆောင်ဂိုးရပြီးတဲ့နောက် ပွဲက ယူနိုက်တက်အတွက်ဖြစ်ခဲ့ပြီး ၂၅ မိနစ်မှာ ဂရင်းဝုဒ်ဖန်တီးပေးမှုကနေ ရပ်ရှ်ဖို့ဒ်က ပိတ်သွင်းခဲ့သလို

မိနစ်ပိုင်းအကြာမှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကို တားဆီးဖို့ကြိုးစားရင်း ဘန်နာရက်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းသလိုဖြစ်သွားခဲ့ပါတယ်။

ဘန်နာရက်အတွက်ကတော့ဒီပွဲဟာသူအတွက် တစ်ကယ့်ကိုအိပ်မက်ဆိုးမက်တဲ့ပွဲပါပဲ ပွဲပြီးခါနီးမှာလည်း (၈၆)မိနစ်မှာလည်း မာစီယဲလ်ကို ဂိုးဧရိယာထဲမှဖြတ်ထုတ်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပါသေးတယ်။

ပထမပိုင်း ပွဲချိန် (၃၉)မိနစ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကနေ ကာဗာနီက ခေါင်းတိုက်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာပဲ ယူနိုက်တက်အသင်းက ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ကာဗာနီအစား မာစီယဲလ် လူစားဝင်ကစားခဲ့ပြီး ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့သလို ပယ်နယ်တီရအောင်လည်း ကြိုးစားပေးခဲ့တယ်။

မာစီယဲလ်အနေနဲ့ အခုပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် သူ့ကို ပွဲထွက်တာထက် ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်၊ ကာဗာနီတို့အတွဲအဖက်က ကစားပုံ ပိုမြိုင်တယ်လို့ယူဆမိပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို တွမ်မီနေးက ဂိုးဧရိယာထိပ်ကကန်သွင်းခဲ့ပြီး မာစီယဲလ်ကြောင့် ရတဲ့ပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။

မာစီယဲလ်ကို ပြစ်ဒဏ်ကျုးလွန်ခဲ့တဲ့ ဘန်နာရက်လည်း အနီနဲ့ထပ်အထုတ်ခံခဲ့ရလို့ ဆောက်သမ်တန်အခြေအနေက ပိုဆိုးခဲ့ရတယ်။

ပွဲပြီးခါနီးမိနစ် (၉၀)မှာ မာစီယဲလ်က ယူနိုက်တက်အသင်းအတွက် (၈)ဂိုးမြောက်ဂိုးကိုသွင်းယူသွားနိုင်ခဲ့သလို

နာကျင်အချိန်ပို(၃)မိနစ်မှာလည်း ဒန်နီယဲလ်ဂျိမ်းစ်က အပိတ်ဂိုးသွင်းခဲ့တာကြောင့် ၉ ဂိုးပြတ်နဲ့ ယူနိုက်တက်တို့ နိုင်ပွဲရခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၉၅ ခုနှစ်တုန်းက အစ်ဆွစ်ချ်ကို ၉ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဲဒီဂိုးရလဒ်အတိုင်း နိုင်ပွဲ ပြန်ရခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်သမိုင်းမှာ ၉-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာက ယူနိုက်တက်အပြင် လက်စတာ (ဆောက်သမ်တန် ဝ-၉ လက်စတာ ၂၀၁၉)တစ်သင်းသာ ရှိတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ လိဒ်စ်အသင်းကို ၆-၂ ၊ ဆောက်သမ်တန်ကို ၉-၀ ဂိုးတွေနဲ့ အနိုင်ယူခဲ့တာကြောင့် ၂၀၀၀-၀၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် တစ်ရာသီအတွင်း အသင်း ၂သင်းကို ၆ ဂိုးနဲ့အထက် သွင်းယူပြီးနိုင်ပွဲရခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဆာက္သမ္တန္ကို ဂိုးသြင္းေလ့က်င့္ခန္းဆင္းၿပီး အႏိုင္ယူခဲ့တဲ့ ယူႏိုက္တက္

ရွက္ဖီးယူႏိုက္တက္ကို ရႈံး၊ အာဆင္နယ္နဲ႔ သေရက်ၿပီး ပရီးမီးယားလိဂ္ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီတစ္ပတ္ ေဆာက္သမ္တန္နဲ႔ပြဲမွာေတာ့ ၉-၀ ဂိုးျပတ္နဲ႔ အႏိုင္ယူျပခဲ့တယ္။ ယူႏိုက္တက္အသင္းဟာ ရွက္ဖီးနဲ႔ပြဲတုန္းကလို မျဖစ္ေအာင္ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ကစားခဲ့သလို ေဆာက္သမ္တန္အသင္းမွာလည္း အခုပြဲမွ ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္ခြင့္ရခဲ့တဲ ဂ်န္ကဲဝစ္ဇ္ဟာ ပြဲအစ မိနစ္ပိုင္းမွာပဲ တြမ္မီေနးကို အဝင္ၾကမ္းလို႔ အနီကတ္နဲ႔အထုတ္ခံခဲ့ရတယ္။ အဲဒါေၾကာင့္ ေဆာက္သမ္တန္အသင္းဟာ ခံစစ္ကိုပဲ အထိုင္ကစားခဲ့ရေပမယ့္ ယူႏိုက္တက္ ကစားသမားေတြ ေျခစြမ္းျပေနလို႔ အခုလို ဂိုးျပတ္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။

ေဆာက္သမ္တန္အကယ္ဒမီထြက္ လုခ္ေရွာဟာ အသင္းေဟာင္းကို ေကာင္းေကာင္း ဒုကၡေပးခဲ့ၿပီး ဘယ္ျခမ္းကေန ပံ့ပိုးမႈေတြလုပ္ႏိုင္ခဲ့ပါတယ္။ ေဆာက္သမ္တန္ဘက္က တစ္ေယာက္အထုတ္ခံရလို႔ ယူႏိုက္တက္တစ္သင္းလုံး ေရွ႕ကိုတက္ကစားခဲ့ၿပီး မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္တို႔ေတာင္ ၿပိဳင္ဘက္ကြင္း ဧရိယာတစ္ဝက္ေက်ာ္အထိ တိုက္စစ္ကို လိုက္ကစားခဲ့တယ္။ ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ၁၈ မိနစ္မွာ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကေန ဘစ္ဆာကာ ေျပးဝင္ပိတ္သြင္းခဲ့ၿပီး ဘယ္၊ညာ Full Backs ႏွစ္ေယာက္ရဲ႕ တြဲလုံးက ဂိုးရခဲ့တယ္လို႔လည္းေျပာရမယ္။ ဦးေဆာင္ဂိုးရၿပီးတဲ့ေနာက္ ပြဲက ယူႏိုက္တက္အတြက္ျဖစ္ခဲ့ၿပီး ၂၅ မိနစ္မွာ ဂရင္းဝုဒ္ဖန္တီးေပးမႈကေန ရပ္ရွ္ဖို႔ဒ္က ပိတ္သြင္းခဲ့သလို မိနစ္ပိုင္းအၾကာမွာပဲ ရပ္ရွ္ဖို႔ဒ္ရဲ႕ ျဖတ္တင္ေဘာကို တားဆီးဖို႔ႀကိဳးစားရင္း ဘန္နာရက္က ကိုယ့္ဂိုးကိုယ္ျပန္သြင္းသလိုျဖစ္သြားခဲ့ပါတယ္။ ဘန္နာရက္အတြက္ကေတာ့ဒီပြဲဟာသူအတြက္ တစ္ကယ့္ကိုအိပ္မက္ဆိုးမက္တဲ့ပြဲပါပဲ ပြဲၿပီးခါနီးမွာလည္း (၈၆)မိနစ္မွာလည္း မာစီယဲလ္ကို ဂိုးဧရိယာထဲမွျဖတ္ထုတ္ခဲ့တာေၾကာင့္ အနီကတ္ျပခံခဲ့ရပါေသးတယ္။

ပထမပိုင္း ပြဲခ်ိန္ (၃၉)မိနစ္မွာ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကေန ကာဗာနီက ေခါင္းတိုက္သြင္းခဲ့လို႔ ပထမပိုင္းအၿပီးမွာပဲ ယူႏိုက္တက္အသင္းက ၄ ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ ကာဗာနီအစား မာစီယဲလ္ လူစားဝင္ကစားခဲ့ၿပီး ကိုယ္တိုင္ ၂ ဂိုးသြင္းခဲ့သလို ပယ္နယ္တီရေအာင္လည္း ႀကိဳးစားေပးခဲ့တယ္။ မာစီယဲလ္အေနနဲ႔ အခုပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ သူ႔ကို ပြဲထြက္တာထက္ ဂရင္းဝုဒ္၊ ရပ္ရွ္ဖို႔ဒ္၊ ကာဗာနီတို႔အတြဲအဖက္က ကစားပုံ ပိုၿမိဳင္တယ္လို႔ယူဆမိပါတယ္။ ယူႏိုက္တက္အတြက္ ဂိုးေတြကို တြမ္မီေနးက ဂိုးဧရိယာထိပ္ကကန္သြင္းခဲ့ၿပီး မာစီယဲလ္ေၾကာင့္ ရတဲ့ပယ္နယ္တီကို ဘ႐ူႏိုဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းခဲ့ပါတယ္။

မာစီယဲလ္ကို ျပစ္ဒဏ္က်ဳးလြန္ခဲ့တဲ့ ဘန္နာရက္လည္း အနီနဲ႔ထပ္အထုတ္ခံခဲ့ရလို႔ ေဆာက္သမ္တန္အေျခအေနက ပိုဆိုးခဲ့ရတယ္။ ပြဲၿပီးခါနီးမိနစ္ (၉၀)မွာ မာစီယဲလ္က ယူႏိုက္တက္အသင္းအတြက္ (၈)ဂိုးေျမာက္ဂိုးကိုသြင္းယူသြားႏိုင္ခဲ့သလို နာက်င္အခ်ိန္ပို(၃)မိနစ္မွာလည္း ဒန္နီယဲလ္ဂ်ိမ္းစ္က အပိတ္ဂိုးသြင္းခဲ့တာေၾကာင့္ ၉ ဂိုးျပတ္နဲ႔ ယူႏိုက္တက္တို႔ ႏိုင္ပြဲရခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၁၉၉၅ ခုႏွစ္တုန္းက အစ္ဆြစ္ခ်္ကို ၉ ဂိုးျပတ္အႏိုင္ယူခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ အဲဒီဂိုးရလဒ္အတိုင္း ႏိုင္ပြဲ ျပန္ရခဲ့တာျဖစ္သလို ပရီးမီးယားလိဂ္သမိုင္းမွာ ၉-၀ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာက ယူႏိုက္တက္အျပင္ လက္စတာ (ေဆာက္သမ္တန္ ၀-၉ လက္စတာ ၂၀၁၉)တစ္သင္းသာ ရွိတာပဲျဖစ္ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ လိဒ္စ္အသင္းကို ၆-၂ ၊ ေဆာက္သမ္တန္ကို ၉-၀ ဂိုးေတြနဲ႔ အႏိုင္ယူခဲ့တာေၾကာင့္ ၂၀၀၀-၀၁ ရာသီေနာက္ပိုင္း ပထမဆုံးအ​​ႀကိမ္ တစ္ရာသီအတြင္း အသင္း ၂သင္းကို ၆ ဂိုးနဲ႔အထက္ သြင္းယူၿပီးႏိုင္ပြဲရခဲ့တဲ့ မွတ္တမ္းေကာင္းကိုလည္း ျပန္လည္ပိုင္ဆိုင္ခဲ့ပါတယ္။