ဆောက်သမ်တန်နဲ့ ပွဲမှာ ဘောလုံးပေးပို့မှု ( ၃၈ ) ကြိမ် အလှူပေးခဲ့တဲ့ အာနိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနောက်တန်း ကစားသမား ထရန့် အလက်ဇန္ဒား အာနိုးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ဘောလုံးပေးပို့မှု ( ၃၈ ) ကြိမ်ထိ မှားယွင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိပ်မှာ ပွဲစဉ်တစ်ခုအတွင်း အကြိမ်အများဆုံး မှားယွင်းခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

နည်းပြရက်ပ်ဟာဆန်ဟက်တယ်လ် ရဲ့ ဆောက်သမ်တန် အသင်း က ဒန်နီအင့်စ်ရဲ့ သွင်းဂိုးနဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းကို အနိုင်ရယူသွားခဲ့တာကြောင့် လီဗာပူး အသင်းအတွက်တော့ ဒီရာသီမှာ ချန်ပီယံပြေးလမ်းကြောင်းကနေ ထပ်မံလွှဲချော်မှု ဖြစ်သွားနိုင်ပါတယ်။

အမှတ်ပေးဇယားမှာ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့်(၁)နေရာမှာ ရှိနေပေမယ့် ယူနိုက်တက်အသင်းက ပွဲလက်ကျန်တစ်ပွဲရှိနေတာကြောင့် ယူနိုက်တက်အသင်းကသာ ဘန်လေနဲ့ လက်ကျန်ပွဲစဉ်ကို အနိုင်ရရှိသွားခဲ့မယ်ဆိုရင် ထိပ်ဆုံးနေရာက အပြောင်းအလဲဖြစ်သွားပါလိမ့်မယ်။

အလက်ဇန္ဒား အာနိုးဟာ တနင်္လာနေ့က ပွဲစဉ်မှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့ပြီး ပွဲကစားချိန် ( ၇၇ ) မိနစ်အရောက်မှာ ဂျိမ်းစ် မီလ်နာနဲ့ လူစားလှဲခံခဲ့ရပါတယ်။ စိန့်မေရီကွင်းမှာ ကစားခဲ့တဲ့ ဆောက်သမ်တန် တွေနဲ့ပွဲစဉ်အတွင်း ပျမ်းမျှ ( ၂ ) မိနစ်လျှင် တစ်ကြိမ်လောက်ကို အာနိုးဟာ ဘောလုံးပေးပို့မှု မှားယွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ညာနောက်ခံ ကစားသမားဟာ ပွဲအစ ( ၁၁၁ ) စက္ကန့်မှာပဲ ဦးဆောင်ဂိုးရယူခဲ့တဲ့ လီဗာပူးကစားသမားဟောင်း ဒန်နီအင့်စ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ နည်းပြ ကလော့ရဲ့ ဝေဖန်ခြင်းခံခဲ့ရပါတယ်။

ပွဲ အစ(၂)မိနစ်မှာ ဂျိမ်းစ်ဝက်ဒ်ပရို့စ်ရဲ့ ဖရီးကစ် ကန်တင်ပေးမှုကို အားနိုးက ရှင်းထုတ်ခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ ဒန်နီအင့်စ် ခြေထောက်ထဲ ဘောလုံးရောက်ရှိ သွားခဲ့တဲ့ရာ ဒန်နီအင့်စ် က ဘယ်ခြေနဲ့ပတ်တင်ပြီး အက်လစ်ဆွန်မထင်မှတ်ထားတဲ့အနေအထားမျိုးနဲ့ ဘယ်ထောင့်ထဲကို လှလှပပ အဆုံးသတ်သွားခဲ့ပါတယ်။

ပွဲအပြီးမှာကလော့က Sky Sports နဲ့ တွေ့ဆုံရာမှာလည်း ယခုလို ပြောကြားခဲ့ပါတယ်။ ” ပွဲအစမှာ သွင်းယူခဲ့တဲ့ဂိုးကို ကာကွယ်နိုင်ရမယ့်သူ ရှိခဲ့ပေမယ့် ထိချက်လွဲချော်ခဲ့ပါတယ်။ ဒါတွေက ပွဲတစ်ပွဲမှာ ဖြစ်တတ်တဲ့ လွဲချော်မှုတွေပါပဲ လူသားအားလုံး ဘယ်အချိန် ဘယ်နေရာမှာမဆို အမှားကျူးလွန်တတ်ကြစမြဲပါ။ ”

” သူတို့ဟာ set-pieces တွေကနေ သွင်းဂိုးရယူတတ်တယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုသွင်းဂိုးတွေကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ”

အာနိုးဟာ ပြီးခဲ့တဲ့ ရာသီက PFA ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့သူဖြစ်ပြီး ချန်ပီယံ လီဗာပူးအသင်းအတွက် ဖန်တီးမှု ( ၁၃ ) ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဆာက္သမ္တန္နဲ႔ ပြဲမွာ ေဘာလုံးေပးပို႔မႈ ( ၃၈ ) ႀကိမ္ အလႉေပးခဲ့တဲ့ အာႏိုး

လီဗာပူးေနာက္တန္း ကစားသမား ထရန႔္ အလက္ဇႏၵား အာႏိုးဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ေဆာက္သမ္တန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အတြင္း ေဘာလုံးေပးပို႔မႈ ( ၃၈ ) ႀကိမ္ထိ မွားယြင္းခဲ့ၿပီး ဒီရာသီ ပရီးမီးယားလိပ္မွာ ပြဲစဥ္တစ္ခုအတြင္း အႀကိမ္အမ်ားဆုံး မွားယြင္းခဲ့တဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။

နည္းျပရက္ပ္ဟာဆန္ဟက္တယ္လ္ ရဲ႕ ေဆာက္သမ္တန္ အသင္း က ဒန္နီအင့္စ္ရဲ႕ သြင္းဂိုးနဲ႔ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းကို အႏိုင္ရယူသြားခဲ့တာေၾကာင့္ လီဗာပူး အသင္းအတြက္ေတာ့ ဒီရာသီမွာ ခ်န္ပီယံေျပးလမ္းေၾကာင္းကေန ထပ္မံလႊဲေခ်ာ္မႈ ျဖစ္သြားႏိုင္ပါတယ္။ အမွတ္ေပးဇယားမွာ အနီးကပ္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့ ယူႏိုက္တက္အသင္းနဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္(၁)ေနရာမွာ ရွိေနေပမယ့္ ယူႏိုက္တက္အသင္းက ပြဲလက္က်န္တစ္ပြဲရွိေနတာေၾကာင့္ ယူႏိုက္တက္အသင္းကသာ ဘန္ေလနဲ႔ လက္က်န္ပြဲစဥ္ကို အႏိုင္ရရွိသြားခဲ့မယ္ဆိုရင္ ထိပ္ဆုံးေနရာက အေျပာင္းအလဲျဖစ္သြားပါလိမ့္မယ္။

အလက္ဇႏၵား အာႏိုးဟာ တနလၤာေန႔က ပြဲစဥ္မွာ ပုံမွန္ေျခစြမ္း ေပ်ာက္ဆုံးေနခဲ့ၿပီး ပြဲကစားခ်ိန္ ( ၇၇ ) မိနစ္အေရာက္မွာ ဂ်ိမ္းစ္ မီလ္နာနဲ႔ လူစားလွဲခံခဲ့ရပါတယ္။ စိန႔္ေမရီကြင္းမွာ ကစားခဲ့တဲ့ ေဆာက္သမ္တန္ ေတြနဲ႔ပြဲစဥ္အတြင္း ပ်မ္းမွ် ( ၂ ) မိနစ္လွ်င္ တစ္ႀကိမ္ေလာက္ကို အာႏိုးဟာ ေဘာလုံးေပးပို႔မႈ မွားယြင္းခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ညာေနာက္ခံ ကစားသမားဟာ ပြဲအစ ( ၁၁၁ ) စကၠန႔္မွာပဲ ဦးေဆာင္ဂိုးရယူခဲ့တဲ့ လီဗာပူးကစားသမားေဟာင္း ဒန္နီအင့္စ္ရဲ႕ သြင္းဂိုးနဲ႔ ပတ္သက္လို႔ နည္းျပ ကေလာ့ရဲ႕ ေဝဖန္ျခင္းခံခဲ့ရပါတယ္။ ပြဲ အစ(၂)မိနစ္မွာ ဂ်ိမ္းစ္ဝက္ဒ္ပ႐ို႕စ္ရဲ႕ ဖရီးကစ္ ကန္တင္ေပးမႈကို အားႏိုးက ရွင္းထုတ္ခဲ့ရာမွာ မေအာင္ျမင္ခဲ့ဘဲ ဒန္နီအင့္စ္ ေျခေထာက္ထဲ ေဘာလံုးေရာက္ရွိ သြားခဲ့တဲ့ရာ ဒန္နီအင့္စ္ က ဘယ္ေျခနဲ႔ပတ္တင္ၿပီး အက္လစ္ဆြန္မထင္မွတ္ထားတဲ့အေနအထားမ်ိဳးနဲ႔ ဘယ္ေထာင့္ထဲကို လွလွပပ အဆုံးသတ္သြားခဲ့ပါတယ္။

ပြဲအၿပီးမွာကေလာ့က Sky Sports နဲ႔ ေတြ႕ဆုံရာမွာလည္း ယခုလို ေျပာၾကားခဲ့ပါတယ္။ ” ပြဲအစမွာ သြင္းယူခဲ့တဲ့ဂိုးကို ကာကြယ္ႏိုင္ရမယ့္သူ ရွိခဲ့ေပမယ့္ ထိခ်က္လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေတြက ပြဲတစ္ပြဲမွာ ျဖစ္တတ္တဲ့ လြဲေခ်ာ္မႈေတြပါပဲ လူသားအားလုံး ဘယ္အခ်ိန္ ဘယ္ေနရာမွာမဆို အမွားက်ဴးလြန္တတ္ၾကစၿမဲပါ။ ”

” သူတို႔ဟာ set-pieces ေတြကေန သြင္းဂိုးရယူတတ္တယ္ဆိုတာ သိထားပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီလိုသြင္းဂိုးေတြကို ကာကြယ္ႏိုင္ခဲ့သင့္ပါတယ္။ ” အာႏိုးဟာ ၿပီးခဲ့တဲ့ ရာသီက PFA ရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားဆုကိုရရွိခဲ့သူျဖစ္ၿပီး ခ်န္ပီယံ လီဗာပူးအသင္းအတြက္ ဖန္တီးမႈ ( ၁၃ ) ႀကိမ္ျပဳလုပ္ေပးခဲ့ပါတယ္။