ဆောက်သမ်တန်ရဲ့ ကမ်းလှမ်းမှုကို ဆိုင်းငံ့ပြီး ချန်ပီယံလိဂ် ကန်ရမယ့်အသင်းကို ပြောင်းချင်နေတဲ့ ဒန်နီအင့်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ တိုက်စစ်မှူးဒန်နီအင့်စ်ကို ဆောက်သမ်တန်အသင်းဟာ အသင်းမှာဆက်ထိန်းနိုင်ဖို့ လုပ်ခလစာအများဆုံးပေးပြီး စာချုပ်သစ်ကမ်းလှမ်းလိုက်ပါတယ်။

တယ်လီဂရက်ဖ်သတင်းဌာနကတော့ ဆောက်သမ်တန်ဟာ ဒန်နီအင့်စ်ကို အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးလုပ်ခလစာနဲ့ ၄ နှစ်စာချုပ်ကမ်းလှမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၂၈ နှစ်သားက ကစားသမားဘ၀ နောက်တစ်ဆင့်တက်ချင်တာကြောင့် စာချုပ်သစ်ကို ဆိုင်းငံ့ထားပါတယ်။

တော့တင်ဟမ်အသင်းကတော့ တိုက်စစ်ပိုင်းနေရာအတွက် အင့်စ်ကိုခေါ်ယူဖို့ မျက်စိကျနေတာဖြစ်ပြီး နွေရာသီမှာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

အင့်စ်ရဲ့လက်ရှိဆောက်သမ်တန်နဲ့စာချုပ်သပ်တမ်းက ၁၈ လသာကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ်မချုပ်နိုင်ရင် အခုနွေရာသီမှာ ရောင်းချရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၄ မှတ်အကွာအနေအထားမှာရပ်တည်နေပြီး ဟက်ဆန်ဟက်တီကတော့ ဒန်နီအင့်စ်ကို အသင်းမှာဆက်ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“သူ(ဒန်နီအင့်စ်)က ချန်ပီယံလိဂ်ကစားချင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆောက်သမ်တန်နဲ့အတူလည်း ကစားနိုင်လောက်ပါတယ်”လို့ ဟန်ဆယ်ဟက်တီက ပြောကြားခဲ့ပါတယ်။

ဒန်နီအင့်စ်ဟာ လီဗာပူးမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ဆောက်သမ်တန်ကိုပြောင်းရွှေ့ပြီးမှသာ ခြေစွမ်းကောင်းတွေပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ လီဗာပူးကနေ ဆောက်သမ်တန်ကို ကနဦးတစ်နှစ်အငှားနဲ့သာ ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အင့်စ်ဟာ ၃ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်အတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်အသင်းမှာပါ ပြန်လည်နေရာရခဲ့ပါတယ်။

ဒီရာသီမှာလည်း အင့်စ်က တိုက်စစ်စွမ်းဆောင်ရည်ဆက်လက်ပြသနေပြီး ၁၄ ပွဲကစားပြီးချိန်မှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

တကယ်လို့ ဒန်နီအင့်စ်အနေနဲ့ စာချုပ်သစ်မှာလက်မှတ်ထိုးခဲ့ရင် ဆောက်သမ်တန်ရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဆာက္သမ္တန္ရဲ႕ မက္ေမာေလာက္စရာ ကမ္းလွမ္းမႈကို ဆိုင္းငံ့ျပီး ခ်န္ပီယံလိဂ္ ကန္ရမယ့္အသင္းကို ေျပာင္းခ်င္ေနတဲ့ ဒန္နီအင့္စ္

ယူႏိုက္တက္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြထြက္ေနတဲ့ တိုက္စစ္မႉးဒန္နီအင့္စ္ကို ေဆာက္သမ္တန္အသင္းဟာ အသင္းမွာဆက္ထိန္းႏိုင္ဖို႔ လုပ္ခလစာအမ်ားဆုံးေပးၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းလိုက္ပါတယ္။ တယ္လီဂရက္ဖ္သတင္းဌာနကေတာ့ ေဆာက္သမ္တန္ဟာ ဒန္နီအင့္စ္ကို အသင္းသမိုင္းတစ္ေလွ်ာက္အေကာင္းဆံုးလုပ္ခလစာနဲ႔ ၄ ႏွစ္စာခ်ဳပ္ကမ္းလွမ္းထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ အသက္ ၂၈ ႏွစ္သားက ကစားသမားဘ၀ ေနာက္တစ္ဆင့္တက္ခ်င္တာေၾကာင့္ စာခ်ဳပ္သစ္ကို ဆိုင္းငံ့ထားပါတယ္။

ေတာ့တင္ဟမ္အသင္းကေတာ့ တိုက္စစ္ပိုင္းေနရာအတြက္ အင့္စ္ကိုေခၚယူဖို႔ မ်က္စိက်ေနတာျဖစ္ျပီး ေႏြရာသီမွာ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။ အင့္စ္ရဲ႕လက္ရွိေဆာက္သမ္တန္နဲ႔စာခ်ဳပ္သပ္တမ္းက ၁၈ လသာက်န္ရွိေတာ့တာျဖစ္ျပီး စာခ်ုပ္သစ္မခ်ုပ္ႏုိင္ရင္ အခုေႏြရာသီမွာ ေရာင္းခ်ရဖြယ္ရွိေနတာျဖစ္ပါတယ္။ ေဆာက္သမ္တန္ဟာ ထိပ္ဆံုး ၄ သင္းေနရာနဲ႔ ၄ မွတ္အကြာအေနအထားမွာရပ္တည္ေနျပီး ဟက္ဆန္ဟက္တီကေတာ့ ဒန္နီအင့္စ္ကို အသင္းမွာဆက္ထိန္းႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

“သူ(ဒန္နီအင့္စ္)က ခ်န္ပီယံလိဂ္ကစားခ်င္ေနတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ေဆာက္သမ္တန္နဲ႔အတူလည္း ကစားႏိုင္ေလာက္ပါတယ္”လို႔ ဟန္ဆယ္ဟက္တီက ေျပာၾကားခဲ့ပါတယ္။ ဒန္နီအင့္စ္ဟာ လီဗာပူးမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ခဲ့ရျပိီးေနာက္ ေဆာက္သမ္တန္ကိုေျပာင္းေရႊ႕ျပီးမွသာ ေျခစြမ္းေကာင္းေတြျပန္လည္ရွာေဖြႏုိင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ လီဗာပူးကေန ေဆာက္သမ္တန္ကို ကနဦးတစ္ႏွစ္အငွားနဲ႔သာ ေျပာင္းေရႊ႕ခဲ့တာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အင့္စ္ဟာ ၃ ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းေရႊ႕ခဲ့ပါတယ္။

ျပီးခဲ့တဲ့ရာသီတုန္းက ဒန္နီအင့္စ္ဟာ ေဆာက္သမ္တန္အတြက္ ျပိဳင္ပြဲစံု ၂၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ျပီး အဂၤလန္အသင္းမွာပါ ျပန္လည္ေနရာရခဲ့ပါတယ္။ ဒီရာသီမွာလည္း အင့္စ္က တိုက္စစ္စြမ္းေဆာင္ရည္ဆက္လက္ျပသေနျပီး ၁၄ ပြဲကစားျပီးခ်ိန္မွာ ၇ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ တကယ္လို႔ ဒန္နီအင့္စ္အေနနဲ႔ စာခ်ုပ္သစ္မွာလက္မွတ္ထိုးခဲ့ရင္ ေဆာက္သမ္တန္ရဲ႕လုပ္ခလစာအမ်ားဆံုးကစားသမားျဖစ္လာဖြယ္ရွိေနပါတယ္။