
ဆောက်သမ်တန်အသင်းရဲ့ပိုင်ရှင်သစ်ရှာဖွေနေမှုအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
ဆားဘီးယားဘီလျှံနာဒရာဂိုဆိုလစ်ကဆောက်သမ်တန်အသင်းရဲ့ရှယ်ယာများကို
ပေါင်သန်း၂၀၀ဖြင့်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။
ဒရာဂိုဆိုလစ်ရဲ့ Sport Republic ကဂိုအာဂျီရှင်းရဲ့ဆောက်သမ်တန်အသင်း
ရှယ်ယာ၈၀ရာခိုင်နှုန်းကိုဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။
Sport Republic ဟာ မန်စီးတီးအသင်းပိုင်ရှင် City Group ၊
ရက်ဘူးလ်လိုက်ဇစ်ရဲ့ပိုင်ရှင် Red Bull ကဲ့သို့ပင်အားကစားအင်ပါယာ
တည်ဆောက်နေတဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။
ဒရာဂိုဆိုလစ်ဟာတယ်လီကွန်းကုမ္ပဏီများနှင့်မီဒီယာကုမ္ပဏီများကိုပိုင်ဆိုင်တဲ့
United Group ကိုတည်ထောင်သူဖြစ်ပြီး ကြွယ်ဝချမ်းသာမှု
ပေါင်၁ဘီလျှံကျော်ရှိသူလည်းဖြစ်ပါတယ်။မက်ဂျီလန်းဥက္ကဌဟောင်းနှင့်
ဘရန့်ဖို့ဒ်ဘောလုံးဒါရိုက်တာဟောင်းရပ်စ်မတ်စ်အင်ကာဆင်က
Sport Republic ရဲ့စီအီးအိုအဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး
လန်ဒန်အခြေစိုက်ရင်းနှီးမြှပ်နှံသူဟင်းရစ်ကရပ်ဖ်ကဥက္ကဌအဖြစ်လည်းကောင်း
တာဝန်ထမ်းဆောင်ပါမယ်။
အင်ကာဆင်ဟာဆောက်သမ်တန်ဘုတ်အဖွဲ့တွင်လည်းတာဝန်ထမ်းဆောင်ပါမယ်။
ဂေါက်ရိုက်သမားတစ်ဦးဖြစ်လိုခဲ့တဲ့ဆိုလစ်ကဆောက်သမ်တန်အသင်းမှာ
၎င်းတို့တည်ဆောက်သွားမယ့်အားကစားအင်ပါယာတွင်အရေးပါတဲ့
အုတ်မြစ်တစ်ခုဖြစ်ကြောင်းဆိုထားပါတယ်။
zawgyi
ေဆာက္သမ္တန္အသင္းရဲ႕ ပိုင္ရွင္သစ္ရွာေဖြမႈ အဆုံးသတ္သြားခဲ့
ေဆာက္သမ္တန္အသင္းရဲ႕ပိုင္ရွင္သစ္ရွာေဖြေနမႈအဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။
ဆားဘီးယားဘီလွ်ံနာဒရာဂိုဆိုလစ္ကေဆာက္သမ္တန္အသင္းရဲ႕ရွယ္ယာမ်ားကို
ေပါင္သန္း၂၀၀ျဖင့္ဝယ္ယူလိုက္ၿပီျဖစ္ပါတယ္။
ဒရာဂိုဆိုလစ္ရဲ႕ Sport Republic ကဂိုအာဂ်ီရွင္းရဲ႕ေဆာက္သမ္တန္အသင္း
ရွယ္ယာ၈၀ရာခိုင္ႏႈန္းကိုဝယ္ယူလိုက္တာလည္းျဖစ္ပါတယ္။
Sport Republic ဟာ မန္စီးတီးအသင္းပိုင္ရွင္ City Group ၊
ရက္ဘူးလ္လိုက္ဇစ္ရဲ႕ပိုင္ရွင္ Red Bull ကဲ့သို႔ပင္အားကစားအင္ပါယာ
တည္ေဆာက္ေနတဲ့ကုမၸဏီလည္းျဖစ္ပါတယ္။
ဒရာဂိုဆိုလစ္ဟာတယ္လီကြန္းကုမၸဏီမ်ားႏွင့္မီဒီယာကုမၸဏီမ်ားကိုပိုင္ဆိုင္တဲ့
United Group ကိုတည္ေထာင္သူျဖစ္ၿပီး ႂကြယ္ဝခ်မ္းသာမႈ
ေပါင္၁ဘီလွ်ံေက်ာ္ရွိသူလည္းျဖစ္ပါတယ္။မက္ဂ်ီလန္းဥကၠဌေဟာင္းႏွင့္
ဘရန႔္ဖို႔ဒ္ေဘာလုံးဒါ႐ိုက္တာေဟာင္းရပ္စ္မတ္စ္အင္ကာဆင္က
Sport Republic ရဲ႕စီအီးအိုအျဖစ္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီး
လန္ဒန္အေျခစိုက္ရင္းႏွီးျမႇပ္ႏွံသူဟင္းရစ္ကရပ္ဖ္ကဥကၠဌအျဖစ္လည္းေကာင္း
တာဝန္ထမ္းေဆာင္ပါမယ္။အင္ကာဆင္ဟာေဆာက္သမ္တန္
ဘုတ္အဖြဲ႕တြင္လည္းတာဝန္ထမ္းေဆာင္ပါမယ္။
ေဂါက္႐ိုက္သမားတစ္ဦးျဖစ္လိုခဲ့တဲ့ဆိုလစ္ကေဆာက္သမ္တန္အသင္းမွာ
၎တို႔တည္ေဆာက္သြားမယ့္အားကစားအင္ပါယာတြင္အေရးပါတဲ့
အုတ္ျမစ္တစ္ခုျဖစ္ေၾကာင္းဆိုထားပါတယ္။