ဆောင်းဈေးကွက်မပိတ်ခင် ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ကလော့ပ် အတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် တနင်္လာနေ့မတိုင်ခင် ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ နည်းပြကလော့ပ်က အတည်ပြုပါတယ်။ လီဗာပူးဟာ ခံစစ်ပိုင်းပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ယခုတစ်ပတ်မှာလည်း ပိုဆိုးသွားပြီးနောက် ဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားတော့မှာဖြစ်ပါတယ်။

ဗဟိုနောက်ခံလူတွေဒဏ်ရာရနေချိန်မှာ အရေးပေါ်နောက်ဆင်းကစားနေတဲ့ ကွင်းလယ်လူ ဖာဘင်ဟိုက ကြွက်သားဒဏ်ရာကြောင့် ကြာသပတေးညက စပါးကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာမပါဝင်နိုင်ခဲ့ဘဲ နောက်ခံလူ မာတစ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရရာ ကလော့ပ်အတွက် ဦးစာေးပးဗဟိုနောက်ခံလူ ၄ဦးစလုံး မကစားနိုင်တဲ့အနေအထားဖြစ်သွားပါတယ်။

ဘရာဇီးသား ဖာဘင်ဟိုဟာ တနင်္ဂနွေနေ့မှာကစားရမယ့် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲကို သေချာပေါက်လွဲချော်မှာဖြစ်သလို မာတစ်ကလည်း ယနေ့နံနက်ပိုင်းက စကင်ရိုက်စစ်ဆေးခဲ့ရာ ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရဖွယ်ရှိနေပါတယ်။

”မနေ့ညက ပွဲပြီးသွားချိန်မှာ ကျွန်တော် နည်းနည်းစိတ်ခံစားချက်ပြင်းထန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်လေးတွေက အရန်ခုံတန်းမှာ ထိုင်နေရလို့ပါ။ ဒါပေမဲ့ အခုထိ သူတို့ရဲ့ဒဏ်ရာမပြင်းထန်စေဖို့ မျှော်လင့်လို့ရနေဆဲပါ”


”စကင်ရိုက်စစ်ဆေးတာက အဆုံးသတ်အဖြေမထွက်သေးလို့ ကျွန်တော်တို့ဘက်ကလည်း အတိအကျမသိရသေးပါဘူးး။ ဖာဘင်ဟိုကတော့ ဝက်စ်ဟမ်းနဲ့ပွဲကို သေချာပေါက်လွဲချော်မှာပါ”လု့ိ ကလော့ပ်က ပြောပါတယ်။

ဒီလိုခံစစ်ပိုင်းပြဿနာတွေကြောင့် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်လည်း ဗဟိုနောက်ခံလူအဖြစ် အရေးပေါ်ဆင်းကစားနေရပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ နသန်နီရယ်ဖီးလစ်နဲ့ တွဲကစားရဖွယ်ရှိနေရာ ယခုရာသီ ပရီးမီးယားလိဂ် ၂၁ပွဲမှာ လီဗာပူးရဲ့မတူညီတဲ့ ၁၃တွဲမြောက် ဗဟိုခံစစ်အတွဲဖြစ်လာနိုင်ပါတယ်။


အသက် ၁၉နှစ်အရွယ်ရှိ ရိုင်းစ်ဝီလျံက နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့နောက်ခံလူတစ်ဦးဖြစ်ပေမယ့် ကလော့ပ်ကတော့ အသင်းအနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ယခုဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားသွားမယ်လို့ အတည်ပြုပါတယ်။

”ခေါ်လို့ရမလားဆိုတာ မသိပေမယ့် ကြိုးတော့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့လည်း အမြဲတမ်းကြိုးစားနေပါတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်မလာခင်အထိ ဘာမှပြောလို့မရပါဘူး။ စောင့်ကြည့်ရမှာပါ”လို့ ကလော့ပ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဆာင္းေစ်းကြက္မပိတ္ခင္ ဗဟိုေနာက္ခံလူတစ္ဦးေခၚယူဖို႔ ႀကိဳးစားသြားမယ္လုိ႔ ကေလာ့ပ္ အတည္ျပဳ

လီဗာပူးအေနနဲ႔ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ့္ တနလၤာေန႔မတုိင္ခင္ ဗဟိုေနာက္ခံလူတစ္ဦး ေခၚယူဖုိ႔ ႀကိဳးစားသြားမယ္လုိ႔ နည္းျပကေလာ့ပ္က အတည္ျပဳပါတယ္။ လီဗာပူးဟာ ခံစစ္ပိုင္းျပႆနာေတြနဲ႔ရင္ဆိုင္ေနရၿပီး ယခုတစ္ပတ္မွာလည္း ပိုဆုိးသြားၿပီးေနာက္ ေစ်းကြက္အတြင္း ၀င္ေရာက္လႈပ္ရွားေတာ့မွာျဖစ္ပါတယ္။ ဗဟိုေနာက္ခံလူေတြဒဏ္ရာရေနခ်ိန္မွာ အေရးေပၚေနာက္ဆင္းကစားေနတဲ့ ကြင္းလယ္လူ ဖာဘင္ဟိုက ႂကြက္သားဒဏ္ရာေၾကာင့္ ၾကာသပေတးညက စပါးကို ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာမပါ၀င္ႏိုင္ခဲ့ဘဲ ေနာက္ခံလူ မာတစ္ကလည္း ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ပထမပိုင္းမွာပဲ လူစားလဲခံခဲ့ရရာ ကေလာ့ပ္အတြက္ ဦးစာေးပးဗဟိုေနာက္ခံလူ ၄ဦးစလုံး မကစားႏိုင္တဲ့အေနအထားျဖစ္သြားပါတယ္။

ဘရာဇီးသား ဖာဘင္ဟိုဟာ တနဂၤေႏြေန႔မွာကစားရမယ့္ ၀က္စ္ဟမ္းနဲ႔ အေ၀းကြင္းပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္သလုိ မာတစ္ကလည္း ယေန႔နံနက္ပိုင္းက စကင္႐ိုက္စစ္ေဆးခဲ့ရာ ရက္သတၱပတ္အနည္းငယ္ၾကာ အနားယူရဖြယ္ရွိေနပါတယ္။ ”မေန႔ညက ပြဲၿပီးသြားခ်ိန္မွာ ကၽြန္ေတာ္ နည္းနည္းစိတ္ခံစားခ်က္ျပင္းထန္ခဲ့ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေကာင္ေလးေတြက အရန္ခုံတန္းမွာ ထိုင္ေနရလုိ႔ပါ။ ဒါေပမဲ့ အခုထိ သူတုိ႔ရဲ႕ဒဏ္ရာမျပင္းထန္ေစဖုိ႔ ေမွ်ာ္လင့္လုိ႔ရေနဆဲပါ။ စကင္႐ိုက္စစ္ေဆးတာက အဆုံးသတ္အေျဖမထြက္ေသးလုိ႔ ကၽြန္ေတာ္တုိ႔ဘက္ကလည္း အတိအက်မသိရေသးပါဘူးး။ ဖာဘင္ဟိုကေတာ့ ၀က္စ္ဟမ္းနဲ႔ပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာပါ”လု႔ိ ကေလာ့ပ္က ေျပာပါတယ္။

ဒီလုိခံစစ္ပိုင္းျပႆနာေတြေၾကာင့္ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္လည္း ဗဟိုေနာက္ခံလူအျဖစ္ အေရးေပၚဆင္းကစားေနရၿပီး ၀က္စ္ဟမ္းနဲ႔ပဲြမွာ နသန္နီရယ္ဖီးလစ္နဲ႔ တြဲကစားရဖြယ္ရွိေနရာ ယခုရာသီ ပရီးမီးယားလိဂ္ ၂၁ပြဲမွာ လီဗာပူးရဲ႕မတူညီတဲ့ ၁၃တြဲေျမာက္ ဗဟိုခံစစ္အတြဲျဖစ္လာႏိုင္ပါတယ္။ အသက္ ၁၉ႏွစ္အရြယ္ရွိ ႐ိုင္းစ္၀ီလ်ံက ေနာက္ထပ္ျဖစ္ႏိုင္ေျခရွိတဲ့ေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္ ကေလာ့ပ္ကေတာ့ အသင္းအေနနဲ႔ အဲဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ ယခုေစ်းကြက္အတြင္း ၀င္ေရာက္လႈပ္ရွားသြားမယ္လုိ႔ အတည္ျပဳပါတယ္။”ေခၚလုိ႔ရမလားဆုိတာ မသိေပမယ့္ ႀကိဳးေတာ့ ႀကိဳးစားသြားမွာပါ။ ကၽြန္ေတာ္တုိ႔လည္း အၿမဲံတမ္းႀကိဳးစားေနပါတယ္။ ဒါေပမဲ့ တစ္ခုခုျဖစ္မလာခင္အထိ ဘာမွေျပာလုိ႔မရပါဘူး။ ေစာင့္ၾကည့္ရမွာပါ”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။