
ဘောလုံးသမား အချို့က မော်ဒယ်မင်းသားတွေ ရှူံးလောက်အောင်
ဂိုက်စမတ်ကောင်းပါတယ်။ မြက်ခင်းစိမ်းပေါ်ရောက်ရင်
ခြေကောင်းတဲ့ ဘောလုံးသမား အဖြစ် တာဝန်ကျေကြသလို၊
ရှုတင်ပေါ်ရောက်ရင်လည်း ဆေးစက်ကျရာ အရုပ်ထင်တဲ့
မော်ဒယ်မင်းသား သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။
နောက်ဆုံးထွက် BritishGQ မဂ္ဂဇင်း ရဲ့ မျက်နှာဖုံးရှင် အဖြစ်
ကဲဗက်လီဝင်ကို မြင်ရတာကလည်း အတော်ကို မိမိုက်နေပါတယ်။
“အဝတ်အစား နဲ့ လိုက်ဖက်တဲ့ တူညီတဲ့ ပြင်ဆင်မှုမျိုး ကို
ကျွန်တော် ပြုလုပ်ရတာသဘောကျပါတယ်။
ဒါကြောင့်လည်း Fashion နဲ့ ပတ်သက်တာမျိုးကို ဆက်ပြီးလည်းလုပ်သွားမှာပါ”လို့
ကဲဗက်လီဝင်က ပြောထားတာကြောင့်သူဟာ ကစားသမားဘဝရော၊
မော်ဒယ်မင်းသားဘဝကိုပါ ထူးချွန်အောင် ဆက်လုပ်မယ့် အနေအထားရှိပါတယ်။
အဲဗာတန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်းကို
ပြောင်းရွှေ့ဖို့ အသံတွေလည်း ထွက်ထားပါတယ်။
အဲဗာတန်ဟာ သူတို့ရဲ့ တိုက်စစ်မှူးကို ပေါင်သန်း၇၀တန်ကြေး
သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဗာတန်အသင်းသာ တန်းဆင်းရမယ်ဆိုရင်တော့
သူတို့ရဲ့တိုက်စစ်မှူးအတွက် လိုချင်တဲ့ဈေးကို တောင်းဆိုလို့ရမှာတော့ မဟုတ်တော့ပါဘူး။
လက်ရှိရာသီမှာ အဲဗာတန်ဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပါတယ်။
ရှက်ဖီးမြို့မှာမွေးခဲ့တဲ့ အသက် ၂၅ နှစ်သားဟာ ကစားသမားဘဝမှာ
ပွဲပေါင်း ၂၂၇ ပွဲကစားပြီး ၇၀ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
နိုင်ငံအသင်းနဲ့တော့ ၁၁ ပွဲမှာ ၄ ဂိုးရရှိထားသူဖြစ်ပါတယ်။
zawgyi
ေဆးစက္က်ရာ အ႐ုပ္ထင္တဲ့ ေမာ္ဒယ္မင္းသား အဲဗာတန္တိုက္စစ္မႉး ကဲဗက္လီဝင္
ေဘာလုံးသမား အခ်ိဳ႕က ေမာ္ဒယ္မင္းသားေတြ ရႉံးေလာက္ေအာင္
ဂိုက္စမတ္ေကာင္းပါတယ္။ ျမက္ခင္းစိမ္းေပၚေရာက္ရင္
ေျခေကာင္းတဲ့ ေဘာလုံးသမား အျဖစ္ တာဝန္ေက်ၾကသလို၊
ရႈတင္ေပၚေရာက္ရင္လည္း ေဆးစက္က်ရာ အ႐ုပ္ထင္တဲ့
ေမာ္ဒယ္မင္းသား သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကပါတယ္။
ေနာက္ဆုံးထြက္ BritishGQ မဂၢဇင္း ရဲ႕ မ်က္ႏွာဖုံးရွင္ အျဖစ္
ကဲဗက္လီဝင္ကို ျမင္ရတာကလည္း အေတာ္ကို မိမိုက္ေနပါတယ္။
“အဝတ္အစား နဲ႔ လိုက္ဖက္တဲ့ တူညီတဲ့ ျပင္ဆင္မႈမ်ိဳး ကို
ကြၽန္ေတာ္ ျပဳလုပ္ရတာသေဘာက်ပါတယ္။
ဒါေၾကာင့္လည္း Fashion နဲ႔ ပတ္သက္တာမ်ိဳးကို ဆက္ၿပီးလည္းလုပ္သြားမွာပါ”လို႔
ကဲဗက္လီဝင္က ေျပာထားတာေၾကာင့္သူဟာ ကစားသမားဘဝေရာ၊
ေမာ္ဒယ္မင္းသားဘဝကိုပါ ထူးခြၽန္ေအာင္ ဆက္လုပ္မယ့္ အေနအထားရွိပါတယ္။
အဲဗာတန္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ အသင္း တစ္သင္းကို
ေျပာင္းေ႐ႊ႕ဖို႔ အသံေတြလည္း ထြက္ထားပါတယ္။
အဲဗာတန္ဟာ သူတို႔ရဲ႕ တိုက္စစ္မႉးကို ေပါင္သန္း၇၀တန္ေၾကး
သတ္မွတ္ထားတာ ျဖစ္ပါတယ္။
ဒါေပမယ့္ အဲဗာတန္အသင္းသာ တန္းဆင္းရမယ္ဆိုရင္ေတာ့
သူတို႔ရဲ႕တိုက္စစ္မႉးအတြက္ လိုခ်င္တဲ့ေဈးကို ေတာင္းဆိုလို႔ရမွာေတာ့ မဟုတ္ေတာ့ပါဘူး။
လက္ရွိရာသီမွာ အဲဗာတန္ဟာ ရလဒ္ဆိုးေတြနဲ႔ ႐ုန္းကန္ေနရပါတယ္။
ရွက္ဖီးၿမိဳ႕မွာေမြးခဲ့တဲ့ အသက္ ၂၅ ႏွစ္သားဟာ ကစားသမားဘဝမွာ
ပြဲေပါင္း ၂၂၇ ပြဲကစားၿပီး ၇၀ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။
ႏိုင္ငံအသင္းနဲ႔ေတာ့ ၁၁ ပြဲမွာ ၄ ဂိုးရရွိထားသူျဖစ္ပါတယ္။