ဆေးရုံကနေ ဒိန်းမတ်အသင်းဖော်တွေကို စကားလှမ်းပြောခဲ့တဲ့ အဲရစ်ဆင်

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယူရို ၂၀၂၀ ပွဲစဉ်အဖြစ် ဖင်လန်နဲ့ပွဲမှာ သတိလစ်လဲကျသွားပြီးနောက် အသင်းဖော်တွေကို စကားပြောနိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ အဲရစ်ဆင်ဟာ ပထမပိုင်းပြီးခါနီးမှာ ဘယ်သူနဲ့မှမထိဘဲ မြက်ခင်းပေါ် လဲကျသွားခဲ့ရာ အသင်းဖော်တွေ၊ ဇနီးဖြစ်သူ ဆာဘရီနာနဲ့ ပရိသတ်တွေကို အံ့သြတုန်လှုပ်သွားစေခဲ့ပါတယ်။

အဲရစ်ဆင်ဟာ ကွင်းထဲကနေ အထွက်မှာ သတိပြန်ရတဲ့အနေအထားဖြစ်ခဲ့ပြီး ဒိန်းမတ်အက်ဖ်အေကလည်း အဲရစ်ဆင်ဟာ ဆေးရုံမှာ အခြေအနေတည်ငြိမ်သွားပြီလို့ အတည်ပြုပါတယ်။
သူ့ရဲ့အေးဂျင့်ဖြစ်သူ မာတင်ရှုက အဲရစ်ဆင်ဟာ အသက်ကောင်းကောင်းရှူနိုင်ပြီး စကားလည်း ပြောနိုင်ပြီလို့ အတည်ပြုသလို အသင်းရဲ့နည်းစနစ်ဒါရိုက်တာ ပီတာမိုလာကလည်း အဲရစ်ဆင်ဟာ အသင်းဖော်တွေကို စကားပြောခဲ့တယ်လို့ အတည်ပြုပါတယ်။


”အဲရစ်ဆင်ဟာ ကွင်းထဲမှာ လဲကျသွားပြီးနောက် ကုသမှုခံယူခဲ့ရပါတယ်။ ကံကောင်းတာကတော့ ကွင်းထဲကနေအထွက်မှာ သူ သတိပြန်ရလာတာပါပဲ။ လက်ရှိအချိန်မှာ ဘောလုံးက အရေးကြီးဆုံးအရာမဟုတ်တော့ပေမယ့် အဲရစ်ဆင်အတွက် ကျွန်တော်တို့ဒီပွဲကို ပြီးအောင်ကစားခဲ့တာပါ”လို့ မိုလာက ပြောပါတယ်။


အေးဂျင့်ဖြစ်သူက ”အခုပဲ အဲရစ်ဆင်ရဲ့အဖေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူပြောတာကတော့ အဲရစ်ဆင် ကောင်းကောင်းအသက်ရှူနိုင်ပြီး စကားတွေဘာတွေလည်း ပြောနိုင်ပြီပေါ့”
”ဒီသတင်းကြောင့်လည်း ကျွန်တော်တို့အားလုံး ပျော်ရွှင်ရပါတယ်။ ဒီလောက်ပဲ ကျွန်တော်လည်း သိပါတယ်။ အားလုံးလည်း ရှော့ခ်ဖြစ်သွားရပြီး သူ့ဇနီးလည်း အခုဆိုရင် ဆေးရုံမှာ ရှိနေပါတယ်”လို့ မာတင်ရှုက ပြောပါတယ်။


အဲရစ်ဆင်ရဲ့ဇနီးဖြစ်သူက အခြေအနေအတိအကျမသိရသေးခင်မှာ ကွင်းထဲ ပြေးဆင်းလာရာ ဒိန်းမတ်အသင်းဖော်တွေက သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။


ဒီပွဲကို သိပ်မကြာခင် ပြန်ကစားခဲ့ပြီး ယူအီးအက်ဖ်အေက နှစ်ဘက်အသင်းသားအားလုံး ပွဲပြန်ကစားချင်ခဲ့တယ်လို့ အတည်ပြုပါတယ်။

ေဆး႐ုံကေန ဒိန္းမတ္အသင္းေဖာ္ေတြကို စကားလွမ္းေျပာခဲ့တဲ့ အဲရစ္ဆင္
ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ဟာ ယူ႐ို ၂၀၂၀ ပြဲစဥ္အျဖစ္ ဖင္လန္နဲ႔ပြဲမွာ သတိလစ္လဲက်သြားၿပီးေနာက္ အသင္းေဖာ္ေတြကို စကားေျပာႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိ အဲရစ္ဆင္ဟာ ပထမပိုင္းၿပီးခါနီးမွာ ဘယ္သူနဲ႔မွမထိဘဲ ျမက္ခင္းေပၚ လဲက်သြားခဲ့ရာ အသင္းေဖာ္ေတြ၊ ဇနီးျဖစ္သူ ဆာဘရီနာနဲ႔ ပရိသတ္ေတြကို အံ့ၾသတုန္လႈပ္သြားေစခဲ့ပါတယ္။
အဲရစ္ဆင္ဟာ ကြင္းထဲကေန အထြက္မွာ သတိျပန္ရတဲ့အေနအထားျဖစ္ခဲ့ၿပီး ဒိန္းမတ္အက္ဖ္ေအကလည္း အဲရစ္ဆင္ဟာ ေဆး႐ုံမွာ အေျခအေနတည္ၿငိမ္သြားၿပီလို႔ အတည္ျပဳပါတယ္။
သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ မာတင္႐ႈက အဲရစ္ဆင္ဟာ အသက္ေကာင္းေကာင္း႐ွဴႏိုင္ၿပီး စကားလည္း ေျပာႏိုင္ၿပီလို႔ အတည္ျပဳသလို အသင္းရဲ႕နည္းစနစ္ဒါ႐ိုက္တာ ပီတာမိုလာကလည္း အဲရစ္ဆင္ဟာ အသင္းေဖာ္ေတြကို စကားေျပာခဲ့တယ္လို႔ အတည္ျပဳပါတယ္။
”အဲရစ္ဆင္ဟာ ကြင္းထဲမွာ လဲက်သြားၿပီးေနာက္ ကုသမႈခံယူခဲ့ရပါတယ္။ ကံေကာင္းတာကေတာ့ ကြင္းထဲကေနအထြက္မွာ သူ သတိျပန္ရလာတာပါပဲ။ လက္ရွိအခ်ိန္မွာ ေဘာလုံးက အေရးႀကီးဆုံးအရာမဟုတ္ေတာ့ေပမယ့္ အဲရစ္ဆင္အတြက္ ကၽြန္ေတာ္တို႔ဒီပြဲကို ၿပီးေအာင္ကစားခဲ့တာပါ”လို႔ မိုလာက ေျပာပါတယ္။
ေအးဂ်င့္ျဖစ္သူက ”အခုပဲ အဲရစ္ဆင္ရဲ႕အေဖနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ သူေျပာတာကေတာ့ အဲရစ္ဆင္ ေကာင္းေကာင္းအသက္႐ွဴႏိုင္ၿပီး စကားေတြဘာေတြလည္း ေျပာႏိုင္ၿပီေပါ့”

”ဒီသတင္းေၾကာင့္လည္း ကၽြန္ေတာ္တို႔အားလုံး ေပ်ာ္ရႊင္ရပါတယ္။ ဒီေလာက္ပဲ ကၽြန္ေတာ္လည္း သိပါတယ္။ အားလုံးလည္း ေရွာ့ခ္ျဖစ္သြားရၿပီး သူ႕ဇနီးလည္း အခုဆိုရင္ ေဆး႐ုံမွာ ရွိေနပါတယ္”လို႔ မာတင္႐ႈက ေျပာပါတယ္။
အဲရစ္ဆင္ရဲ႕ဇနီးျဖစ္သူက အေျခအေနအတိအက်မသိရေသးခင္မွာ ကြင္းထဲ ေျပးဆင္းလာရာ ဒိန္းမတ္အသင္းေဖာ္ေတြက သူ႕ကို အားေပးႏွစ္သိမ့္ခဲ့ၾကပါတယ္။
ဒီပြဲကို သိပ္မၾကာခင္ ျပန္ကစားခဲ့ၿပီး ယူအီးအက္ဖ္ေအက ႏွစ္ဘက္အသင္းသားအားလုံး ပြဲျပန္ကစားခ်င္ခဲ့တယ္လို႔ အတည္ျပဳပါတယ္။