ဆွန်ဟောင်မင်ကို တော့တင်ဟမ်ရဲ့ ဟီးရိုးအဖြစ် တခုပ်တရ ချီးကျူးခဲ့တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ်အသင်းနည်းပြ မော်ရင်ဟိုက အင်္ဂါနေ့က ကာရာဘောင်ဖလားဖိုင်နယ်ကိုရောက်ရှိခဲ့ပြီးနောက် တိုက်စစ်မှူး ဆွန်ဟောင်မင်ကို အကောင်းဆုံးကစားသမားတစ်ဦးလို့ ချီးကျူးပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်ဟာ ဘရန့်ဖို့ဒ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ကစာသမားတွေမှာ ပြိုင်ပွဲစုံ ဆွန်ဟောာင်မင် ၁၆ ဂိုးထက်ဂိုးပိုသွင်းထားတဲ့ တိုက်စစ်မှူးအဖြစ် ဟယ်ရီကိန်း ၁၇ ဂိုး တစ်ဦးတည်းသာ ရှိနေပါတယ်။

မော်ရင်ဟိုကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်ကန်ချက် ၃ ကြိမ် ၂ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့တဲ့ ဆွန်ဟောင်မင်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“တကယ့်ကို ထိပ်တန်းကစားသမားတစ်ဦးပါ။ ဆွန်က အခြားတိုက်စစ်မှူးတွေနဲ့ မတူပါဘူး။ ကျွန်တော့်အတွက်တော့ ဆွန်ကအကောင်းဆုံးကစားသမားပါ။

ကျွန်တော်တို့က ကစားသမားအချို့ပေါ်မှာ မီခိုနေရတာပါ။ အဲ့ထဲမှာ ဆွန်ဟောင်မင်ကလည်း တစ်ဦးအပါအဝင်ပါ။

သူအခွင့်အရေးကောင်း၂ ရပ်ရခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း ကျွန်တော်တို့ကို အကောင်းဆုံးတုံ့ပြန်ခဲ့ပေမယ့် ပွဲကိုထိန်းချုပ်နိုင်အောင် သူကလုပ်ဆောင်ပေးခဲ့ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ၂၀၀၈ ခုနှစ်တုန်းက လိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်းကတည်းက ဆုဖလားတွေနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လိဂ်ဖလားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ပြီး ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။

တော့တင်ဟမ်ကွင်းလယ်လူဟောင်း ရက်ပ်နက်ကတောာ့ အသင်းဟောင်းဟာ ဆုဖလားရရှိဖို့ အခွင့်အရေးရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ “မော်ရင်ဟိုအတွက် တကယ့်ကိုအခွင့်အရေးကောင်းတစ်ရပ်ပါ။ အခုဆို တော့တင်ဟမ်က မော်ရင်ဟိုလက်အောက်မှာပိုကောင်းလာပါတယ်။

ဖိုင်နယ်မှာ မန်စီးတီး နဲ့ ယူနိုက်တက်တို့ထဲကတစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ။ ၁၃ နှစ်ကြာဆုဖလားဝေးကွာမှုကို အဆုံးသတ်ဖို့ လက်ထဲမှာ အခွင့်အရေးရှိနေပါတယ်။

ပရိသတ်တွေကလည်း ဆုဖလားအောင်မြင်မှုအတွက် ဆာလောင်နေကြပါပြီ”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ တနင်္ဂနွေနေ့မှာ မာရီနီအသင်းနဲ့ အက်ဖ်အေဖလားပွဲဆင်နွှဲရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




