ဆွန်ဟောင်မင်ကို မန်ယူမှာမြင်ချင်တဲ့ သရဲနီဟောင်းဝက်စ်ဘရောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီမှာ အထူးခြေစွမ်းပြကစားနိုင်နေတဲ့ စပါးကြယ်ပွင့်ဆွန်ဟောင်မင်ကို မန်ယူမှာ သူ မြင်တွေ့လိုကြောင်း အသင်းနောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ဝန်ခံပြောကြားလိုက်ပါတယ်။

အဲဒီတောင်ကိုရီးယားကြယ်ပွင့်ဟာ စပါးနဲ့ ရာသီတာထွက်ကောင်းပိုင်ဆိုင်ထားတာဖြစ်ပြီး သူ့အသင်းဟာ အဖွင့် ၁၁ ပွဲမှာ ၇ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ၁ ပွဲသာရှုံးထားလို့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဦးဆောင်နေတာပါ။

ဆွန်ဟောင်မင်ဟာ ရာသီအစောပိုင်း စပါးက အိုးလ်ထရက်ဖို့ဒ်မှာ ၆-၁ ဂိုးနဲ့အနိုင်ရခဲ့တုန်းကလည်း မန်ယူအသင်းဘက်ကို ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း လက်ရှိစပါးတိုက်စစ်မှာ ဟယ်ရီကိန်းနဲ့အထူးအတွဲညီနေတဲ့ ဆွန်ဟောင်မင်ကို ဝက်စ်ဘရောင်းက မန်ယူမှာ မြင်တွေ့ချင်နေတာ ဖြစ်ပါတယ်။

”ဒီရာသီ စပါးအသင်းကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ ဆွန်ဟောင်မင်ဟာလည်း ကျွန်တော်နှစ်သက်တဲ့ကစားသမားပါ။ သူ့ကို မန်ယူအသင်းမှာ မြင်တွေ့ချင်ပါတယ်”လို့ ဝက်စ်ဘရောင်းက ပြောခဲ့တာပါ။

တောင်ပံတိုက်စစ်နေရာမှာကစားတဲ့ ဆွန်ဟောင်မင်ဟာ ဒီရာသီ စပါးအတွက် ပြိုင်ပွဲအရပ်ရပ် ၁၈ ပွဲမှာ ၁၃ ဂိုးသွင်းယူပေးထားပြီး အဲဒီထဲမှာ ပရီးမီးယားလိဂ်က ၁၁ ပွဲက ၁၀ ဂိုးလည်း ပါဝင်ပါတယ်။

မန်ယူမှာ ဖာဂူဆန်ခေတ်တုန်းက တောင်ကိုရီးယားကြယ်ပွင့်ဟောင်းတစ်ယောက်ဖြစ်တဲ့ ပက်ဂျီဆန် ကစားခဲ့ဖူးပြီး ကွင်းလယ်မှာ ကြိုးစားပမ်းစားကစားတတ်လို့ ပရိသတ်အကြိုက်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ပက်ဂျီဆန်ဟာ မန်ယူမှာ ၂၀၀၅ ကနေ ၂၀၁၂ အထိ ၇ နှစ်ကြာကစားခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ကတော့ ပက်ဂျီဆန်နောက်ပိုင်း တောင်ကိုရီးယားရဲ့နာမည်အကြီးဆုံးကစားသမားဖြစ်ပါတယ်။

Zawgyi

ဆြြန္ေဟာင္မင္ကို မန္ယူမွာျမင္ခ်င္တဲ့ သရဲနီေဟာင္း၀က္စ္ဘေရာင္း

ဒီရာသီမွာ အထူးေျခစြမ္းျပကစားႏိုင္ေနတဲ့ စပါးၾကယ္ပြင့္ဆြန္ေဟာင္မင္ကို မန္ယူမွာ သူ ျမင္ေတြ႕လိုေၾကာင္း အသင္းေနာက္ခံလူေဟာင္း ၀က္စ္ဘေရာင္းက ၀န္ခံေျပာၾကားလိုက္ပါတယ္။ အဲဒီေတာင္ကိုရီးယားၾကယ္ပြင့္ဟာ စပါးနဲ႔ ရာသီတာထြက္ေကာင္းပိုင္ဆိုင္ထားတာျဖစ္ၿပီး သူ႔အသင္းဟာ အဖြင့္ ၁၁ ပြဲမွာ ၇ ပြဲႏိုင္၊ ၃ ပြဲသေရနဲ႔ ၁ ပြဲသာရႈံးထားလုိ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုလည္း ဦးေဆာင္ေနတာပါ။

ဆြန္ေဟာင္မင္ဟာ ရာသီအေစာပိုင္း စပါးက အိုးလ္ထရက္ဖို႔ဒ္မွာ ၆-၁ ဂိုးနဲ႔အႏိုင္ရခဲ့တုန္းကလည္း မန္ယူအသင္းဘက္ကို ၂ ဂိုးသြင္းယူၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း လက္ရွိစပါးတုိက္စစ္မွာ ဟယ္ရီကိန္းနဲ႔အထူးအတြဲညီေနတဲ့ ဆြန္ေဟာင္မင္ကို ၀က္စ္ဘေရာင္းက မန္ယူမွာ ျမင္ေတြ႕ခ်င္ေနတာ ျဖစ္ပါတယ္။

”ဒီရာသီ စပါးအသင္းကို ကၽြန္ေတာ္ တကယ္ႀကိဳက္ပါတယ္။ ဆြန္ေဟာင္မင္ဟာလည္း ကၽြန္ေတာ္ႏွစ္သက္တဲ့ကစားသမားပါ။ သူ႔ကို မန္ယူအသင္းမွာ ျမင္ေတြ႕ခ်င္ပါတယ္”လုိ႔ ၀က္စ္ဘေရာင္းက ေျပာခဲ့တာပါ။ ေတာင္ပံတိုက္စစ္ေနရာမွာကစားတဲ့ ဆြန္ေဟာင္မင္ဟာ ဒီရာသီ စပါးအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၈ ပြဲမွာ ၁၃ ဂိုးသြင္းယူေပးထားၿပီး အဲဒီထဲမွာ ပရီးမီးယားလိဂ္က ၁၁ ပြဲက ၁၀ ဂိုးလည္း ပါ၀င္ပါတယ္။

မန္ယူမွာ ဖာဂူဆန္ေခတ္တုန္းက ေတာင္ကိုရီးယားၾကယ္ပြင့္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ ပက္ဂ်ီဆန္ ကစားခဲ့ဖူးၿပီး ကြင္းလယ္မွာ ႀကိဳးစားပမ္းစားကစားတတ္လုိ႔ ပရိသတ္အႀကိဳက္ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။ ပက္ဂ်ီဆန္ဟာ မန္ယူမွာ ၂၀၀၅ ကေန ၂၀၁၂ အထိ ၇ ႏွစ္ၾကာကစားခဲ့တာျဖစ္ၿပီး ဆြန္ေဟာင္မင္ကေတာ့ ပက္ဂ်ီဆန္ေနာက္ပိုင္း ေတာင္ကိုရီးယားရဲ႕နာမည္အႀကီးဆုံးကစားသမားျဖစ္ပါတယ္။