ဆွန်ဟောင်မင်ကို Puskas award နဲ့ မထိုက်တန်ဘူးလို့ ပြောတဲ့သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ တိုက်စစ်မှူး တောင်ကိုရီးယားသားဆွန်ဟာ ယမန်နေ့က ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆု (Puskas award) ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်တစ်ယောက် အဲဒီဆုနဲ့ မထိုက်တန်ဘူးဆိုပြီး ပြောလာတဲ့သူရှိပါတယ်။

ဆွန်ကို ဝေဖန်ပြောဆိုတဲ့ သူကတော့ အာဆင်နယ် ဂန္တဝင် မာတင်ကီအွန် ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဘန်လေနဲ့ ပွဲစဉ်မှာ သူ့ရဲ့ တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဖီဖာရဲ့ ဆုကိုရရှိခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ စပါး အသင်းရဲ့ ဂိုးစည်းထိပ်မှာ လက်ခံ ရရှိခဲ့တဲ့ ဘောလုံးကို တစ်ရှိန်ထိုး ဆွဲပြေးကာ ဘန်လေ ကွင်းလယ် နဲ့ နောက်တန်း တစ်ခုလုံးကို ကျော်ဖြတ်ပြီး ဂိုးသမား နစ်ပုတ်နဲ့ တစ်ဦးချင်း အတွေ့မှာ အကောင်းဆုံး အဆုံးသတ် ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးဝင်သွားခဲ့တဲ့ အချိန်မှာပဲ ဘောလုံး အစီအစဉ် တင်ဆက်သူတွေ ၊ ပရိတ်သတ်တွေက အဲဒီဂိုးဟာ ‘goal of the season contender’ အဖြစ် ပါဝင်လိမ့်မယ်လို့ ယုံကြည် ခဲ့ကြ ပါတယ်။

ဒါပေမယ့်အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ မာတင်ကီအွန် ကတော့ အခုလိုဝေဖန်ပြောဆိုထားပါတယ်။ “ဆွန်ဟောင်မင်ရဲ့ ဂိုးကို တစ်ရာသီ အတွင်း အကောင်းဆုံး သွင်းဂိုး အဖြစ် သတ်မှတ် ခဲ့တဲ့ အပေါ် ကျွန်တော် အံ့အားသင့်ခဲ့ မိပါတယ်။အဲဒီဂိုးဟာ ကောင်းမွန်တဲ့ သွင်းဂိုးတစ်ခု ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် ဒါဟာ တစ်နှစ်တာ အတွင်း အကောင်းဆုံး သွင်းဂိုးလို့ ပြောရလောက်အောင်တော့ မဟုတ်ပါဘူး။”

“ဆွန်ဟောင်မင်ဟာ တစ်ဖြောင့်တည်း မပြေးလွှားရုံ တစ်မည်ပါပဲ။ သူဟာ ဘယ်ကစားသမား ကိုမှ လိမ်ခေါက် ကျော်ဖြတ်တာတွေ လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့အနေနဲ့ကိုယ့်အသင်းရဲ့ ပင်နယ်တီ ဧရိယာထိပ် ကနေ ဆွဲပြေး ခဲ့တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ခက်ခဲမှုအနေအထား ပမာဏကို ချိန်ဆတိုင်းတာ ကြည့်လိုက်ပါ။ အဲဒီမှာ ပြေးအား ကောင်းသွားရုံ ပါပဲ။”

“သူ့ရဲ့ စွမ်းဆောင်နိုင်ခဲ့မှု အပေါ် ကိုတော့ ကျွန်တော် လေးစားပါတယ်။သူဟာ ဘယ်ကစားသမား ကိုမှ လိမ်ခေါက် ကျော်ဖြတ် ခဲ့တာကို ကျွန်တော် မတွေ့ ခဲ့ပါဘူး။

သူဟာ ဖီဖာရဲ့ ဆုနဲ့တော့ ထိုက်တန်မှု မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က အာဆင်နယ် ကစားသမားဟောင်း တစ်ဦး ဖြစ်နေလို့ အခုလို ပြောတာ မဟုတ်ပါဘူး။ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးထက် ပိုမို ကောင်းမွန်တဲ့ သွင်းဂိုးတွေ ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ကျွန်တော် စပါးအသင်းကို လေးစား ပါတယ်။ မြောက်လန်ဒန်မှာ အာဆင်နယ် နဲ့ စပါးအသင်းလို ခမ်းနားတဲ့ အသင်းကြီး ၂ သင်း ရှိနေတာ အရမ်း ကောင်းပါတယ်။ အခုဆွန်ဟောင်မင် ဆုရသွားတာ ကျွန်တော့်အနေနဲ့ဘာပြဿနာမှ မရှိပါဘူး။ အခုပြောဆိုတာတွေက ကျွန်တော့်ရဲ့ ထင်မြင် ယူဆချက် သက်သက် ကိုပြောတာပါပဲ။” လို့ မာတင်ကီအွန် ကပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆြန္​ေဟာင္မင္ကို Puskas award နဲ႔ မထိုက္တန္ဘူးလို႔ ​​ေျပာတဲ့သူ

စပါးအသင္းရဲ႕ တိုက္စစ္မႉး ​ေတာင္ကိုရီးယားသားဆြန္ဟာ ယမန္​ေန႔က ဖီဖာရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး သြင္းဂိုးဆု (Puskas award) ကို ရရွိခဲ့ပါတယ္။ ဒါ​ေပမယ့္ ဆြန္​ေဟာင္မင္တစ္​ေယာက္ အဲဒီဆုနဲ႔ မထိုက္တန္ဘူးဆိုၿပီး ​ေျပာလာတဲ့သူရွိပါတယ္။ ဆြန္ကို ​ေ၀ဖန္​ေျပာဆိုတဲ့ သူက​ေတာ့ အာဆင္နယ္ ဂႏၲဝင္ မာတင္ကီအြန္ ျဖစ္ပါတယ္။ ဆြန္​ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက ဘန္ေလနဲ႔ ပြဲစဥ္မွာ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ အစြမ္းနဲ႔ သြင္းယူခဲ့တဲ့ ဂိုးေၾကာင့္ ဖီဖာရဲ႕ ဆုကိုရရွိခဲ့တာပါ။

ဆြန္​ေဟာင္မင္ဟာ စပါး အသင္းရဲ႕ ဂိုးစည္းထိပ္မွာ လက္ခံ ရရွိခဲ့တဲ့ ေဘာလုံးကို တစ္ရွိန္ထိုး ဆြဲေျပးကာ ဘန္ေလ ကြင္းလယ္ နဲ႔ ေနာက္တန္း တစ္ခုလုံးကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား နစ္ပုတ္နဲ႔ တစ္ဦးခ်င္း အေတြ႕မွာ အ​ေကာင္းဆုံး အဆုံးသတ္ ကန္သြင္းယူ ခဲ့တာ ျဖစ္ပါတယ္။ အဲဒီဂိုးဝင္သြားခဲ့တဲ့ အခ်ိန္မွာပဲ ေဘာလုံး အစီအစဥ္ တင္ဆက္သူေတြ ၊ ပရိတ္သတ္ေတြက အဲဒီဂိုးဟာ ‘goal of the season contender’ အျဖစ္ ပါဝင္လိမ့္မယ္လို႔ ယုံၾကည္ ခဲ့ၾက ပါတယ္။

ဒါေပမယ့္အာဆင္နယ္ အသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္သူ မာတင္ကီအြန္ ကေတာ့ အခုလို​ေ၀ဖန္​​ေျပာဆိုထားပါတယ္။ “ဆြန္​ေဟာင္မင္ရဲ႕ ဂိုးကို တစ္ရာသီ အတြင္း အေကာင္းဆုံး သြင္းဂိုး အျဖစ္ သတ္မွတ္ ခဲ့တဲ့ အေပၚ ကြၽန္ေတာ္ အံ့အားသင့္ခဲ့ မိပါတယ္။အဲဒီဂိုးဟာ ေကာင္းမြန္တဲ့ သြင္းဂိုးတစ္ခု ျဖစ္ခဲ့ ပါတယ္။ ဒါေပမယ့္ ဒါဟာ တစ္ႏွစ္တာ အတြင္း အေကာင္းဆုံး သြင္းဂိုးလို႔ ေျပာရေလာက္ေအာင္​ေတာ့ မဟုတ္ပါဘူး။”

“ဆြန္ေဟာင္မင္ဟာ တစ္ေျဖာင့္တည္း မေျပးလႊား႐ုံ တစ္မည္ပါပဲ။ သူဟာ ဘယ္ကစားသမား ကိုမွ လိမ္ေခါက္ ေက်ာ္ျဖတ္တာေတြ လုပ္ခဲ့တာ မဟုတ္ပါဘူး။ သူ႔အ​ေနနဲ႔ကိုယ့္အသင္းရဲ႕ ပင္နယ္တီ ဧရိယာထိပ္ ကေန ဆြဲေျပး ခဲ့တာကေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ ခက္ခဲမႈအ​ေနအထား ပမာဏကို ခ်ိန္ဆတိုင္းတာ ၾကည့္လိုက္ပါ။ အဲဒီမွာ ေျပးအား ေကာင္းသြား႐ုံ ပါပဲ။”

“သူ႔ရဲ႕ စြမ္းေဆာင္ႏိုင္ခဲ့မႈ အေပၚ ကို​ေတာ့ ကြၽန္ေတာ္ ေလးစားပါတယ္။သူဟာ ဘယ္ကစားသမား ကိုမွ လိမ္ေခါက္ ေက်ာ္ျဖတ္ ခဲ့တာကို ကြၽန္ေတာ္ မေတြ႕ ခဲ့ပါဘူး။

သူဟာ ဖီဖာရဲ႕ ဆုနဲ႔ေတာ့ ထိုက္တန္မႈ မရွိဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္က အာဆင္နယ္ ကစားသမားေဟာင္း တစ္ဦး ျဖစ္ေနလို႔ အခုလို ေျပာတာ မဟုတ္ပါဘူး။ ဆြန္​ေဟာင္မင္ရဲ႕ သြင္းဂိုးထက္ ပိုမို ေကာင္းမြန္တဲ့ သြင္းဂိုးေတြ ရွိေနေသးတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။”

“ကြၽန္ေတာ္ စပါးအသင္းကို ေလးစား ပါတယ္။ ေျမာက္လန္ဒန္မွာ အာဆင္နယ္ နဲ႔ စပါးအသင္းလို ခမ္းနားတဲ့ အသင္းႀကီး ၂ သင္း ရွိေနတာ အရမ္း ေကာင္းပါတယ္။ အခုဆြန္​ေဟာင္မင္ ဆုရသြားတာ ကြၽန္​ေတာ့္အ​ေနနဲ႔ဘာျပႆနာမွ မရွိပါဘူး။ အခု​ေျပာဆိုတာ​ေတြက ကြၽန္ေတာ့္ရဲ႕ ထင္ျမင္ ယူဆခ်က္ သက္သက္ ကို​ေျပာတာပါပဲ။” လို႔ မာတင္ကီအြန္ က​ေျပာထားပါတယ္။