ဆွန်ဟောင်မင်နဲ့တွဲလုံးကနေ ဂိုးတွေဆက်သွင်းနိုင်ဖို့ ဟယ်ရီကိန်း မျှော်လင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တနင်္လာနေ့က ဘန်လေကို ၁ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာလည်း သူတို့နှစ်ယောက်ရဲ့ တွဲလုံးကနေ အနိုင်ဂိုးသွင်းနိုင်ခဲ့ပြီးနောက်

သူတို့နှစ်ယောက်ရဲ့တွဲလုံးကနေ ဂိုးတွေ ဆက်သွင်းနိုင်ဖို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း မျှော်လင့်ထားပါတယ်။

ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ဒီရာသီစပါးအသင်းရဲ့တိုက်စစ်မှာ အံ့အားသင့်ရလောက်အောင် ခြေစွမ်းပြနေကြပြီး

ပရီးမီးယားလိဂ်မှာ ဆွန်ဟောင်မင်က ၈ ဂိုး၊ ဟယ်ရီကိန်းက ၅ ဂိုးသွင်းထားပါတယ်။

အံ့အားသင့်စရာကောင်းတာက အထောင်တိုက်စစ်မှူးအဖြစ်

ကစားရတဲ့ ဟယ်ရီကိန်းဟာ ဂိုးဖန်တီးမှု ၈ ကြိမ်အထိရှိနေပါတယ်။

ဒါဟာ သူ့ကစားသမားဘဝတလျှောက် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးလည်းဖြစ်လာပါတယ်။

ဘန်လေနဲ့ပွဲအပြီးမှာ ဟယ်ရီကိန်းက “ကျွန်တော်နဲ့ ဆွန်နီတို့အကြား ပြီးခဲ့တဲ့ပွဲတွေမှာ

နည်းနည်းအချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ကြပါတယ်။ ဆက်ပြီးလည်း ဒီ လိုကစားနိုင်ဖို့ မျှော်လင့်ပါတယ်။

အထူးသဖြင့် ကျွန်တော် နောက်ဆင်းပြီး သူ့ပြေးလမ်းကြောင်းပေါ် ဘောလုံးတွေ

ကောင်းကောင်းပံ့ပိုးနိုင်တာက ကွဲပြားမှုတစ်ရပ်ဖြစ်လာပါတယ်။

ဒီလိုကစားရင်း ယုံကြည်မှုလည်းရစပြုလာပါတယ်။

ဒီနေ့ပွဲမှာလည်း ကျွန်တော်ခေါင်းတိုက်လိုက်တဲ့ဘောလုံးဟာ

အံ့အားသင့်ရလောက်တဲ့ ဂိုးဖန်တီးမှုမဟုတ်ပေမယ့် ဆွန်နီအတွက်တော်တော်လေးအဆင်ပြေပါတယ်”လို့ ပြောပါတယ်။

စပါးဟာ ဘန်လေကို နိုင်တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ

အရင် အဆင့် ၁၁ ကနေ အဆင့် ၅ အထိ ပြန်တက်လာပြီး အဆင့် ၁က အဲဗာတန်နဲ့ ၂မှတ်ပဲကွာပါတော့တယ်။

ဘန်လေနဲ့ပွဲမှာ စပါးရတဲ့အနိုင်ဂိုးဟာ ဟယ်ရီကိန်းခေါင်းတိုက်ချပေးတာကတဆင့်

ဆွန်ဟောင်မင်က ထပ်ဆင့်ခေါင်းတိုက်ပြီးသွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ အခုရာသီပရီးမီးယားလိဂ်မှာ သူတို့နှစ်ယောက်အတွဲကနေ ၉ ဂိုးမြောက်သွင်းဂိုးဖြစ်ပါတယ်။

စုစုပေါင်းအနေနဲ့ တော့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့တွဲလုံးကနေ

အပြန်အလှန်ဂိုးဖန်တီးပြီးသွင်းယူခဲ့တဲ့ဂိုးပေါင်း ၂၉ ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

သူတို့ထက်ပိုပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုးပိုများတဲ့အတွဲကတော့

ဒီဒီယာဒရော့ဂ်နဲ့ လမ်းပတ်တို့ဖြစ်ပြီး အပြန်အလှန်ဖန်တီးနိုင်တဲ့ဂိုးပေါင်း ၂၉ ဂိုးရှိပါတယ်။

မန်စီးတီးတိုက်စစ် ဒေးဗစ်ဆေးလ်ဗားနဲ့ အဂွဲရိုးတို့က သွင်းဂိုး ၂၉ဂိုး၊ ရောဘတ်ပီရက်စ်နဲ့

အွန်နရီတို့အတွဲကလည်း သွင်းဂိုး ၂၉ဂိုးရှိခဲ့ပါတယ်။

အရင်စပါးတိုက်စစ်အတွဲ အန်ဒါတန်နဲ့ ရှာရင်ဂမ်တို့အတွဲကတော့ ပရီးမီးယားလိဂ်မှာ ၂၇ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆြန္ေဟာင္မင္နဲ႔တြဲလုံးကေန ဂိုးေတြဆက္သြင္းႏိုင္ဖို႔ ဟယ္ရီကိန္း ေမွ်ာ္လင့္

တနလၤာေန႔က ဘန္ေလကို ၁ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရတဲ့ပြဲမွာလည္း သူတို႔ႏွစ္ေယာက္ရဲ႕ တြဲလုံးကေန အႏိုင္ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္

သူတို႔ႏွစ္ေယာက္ရဲ႕တြဲလုံးကေန ဂိုးေတြ ဆက္သြင္းႏိုင္ဖို႔ စပါးတိုက္စစ္မႉး ဟယ္ရီကိန္း ေမွ်ာ္လင့္ထားပါတယ္။

ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ဒီရာသီစပါးအသင္းရဲ႕တိုက္စစ္မွာ အံ့အားသင့္ရေလာက္ေအာင္ ေျခစြမ္းျပေနၾကၿပီး

ပရီးမီးယားလိဂ္မွာ ဆြန္ေဟာင္မင္က ၈ ဂိုး၊ ဟယ္ရီကိန္းက ၅ ဂိုးသြင္းထားပါတယ္။

အံ့အားသင့္စရာေကာင္းတာက အေထာင္တိုက္စစ္မႉးအျဖစ္

ကစားရတဲ့ ဟယ္ရီကိန္းဟာ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိရွိေနပါတယ္။

ဒါဟာ သူ႔ကစားသမားဘဝတေလွ်ာက္ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း ဂိုးဖန္တီးမႈအမ်ားဆုံးလည္းျဖစ္လာပါတယ္။

ဘန္ေလနဲ႔ပြဲအၿပီးမွာ ဟယ္ရီကိန္းက “ကြၽန္ေတာ္နဲ႔ ဆြန္နီတို႔အၾကား ၿပီးခဲ့တဲ့ပြဲေတြမွာ

နည္းနည္းအခ်ိတ္အဆက္မိမိနဲ႔ ကစားႏိုင္ခဲ့ၾကပါတယ္။ ဆက္ၿပီးလည္း ဒီ လိုကစားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

အထူးသျဖင့္ ကြၽန္ေတာ္ ေနာက္ဆင္းၿပီး သူ႔ေျပးလမ္းေၾကာင္းေပၚ ေဘာလုံးေတြ

ေကာင္းေကာင္းပံ့ပိုးႏိုင္တာက ကြဲျပားမႈတစ္ရပ္ျဖစ္လာပါတယ္။

ဒီလိုကစားရင္း ယုံၾကည္မႈလည္းရစျပဳလာပါတယ္။

ဒီေန႔ပြဲမွာလည္း ကြၽန္ေတာ္ေခါင္းတိုက္လိုက္တဲ့ေဘာလုံးဟာ

အံ့အားသင့္ရေလာက္တဲ့ ဂိုးဖန္တီးမႈမဟုတ္ေပမယ့္ ဆြန္နီအတြက္ေတာ္ေတာ္ေလးအဆင္ေျပပါတယ္”လို႔ ေျပာပါတယ္။

စပါးဟာ ဘန္ေလကို ႏိုင္တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ

အရင္ အဆင့္ ၁၁ ကေန အဆင့္ ၅ အထိ ျပန္တက္လာၿပီး အဆင့္ ၁က အဲဗာတန္နဲ႔ ၂မွတ္ပဲကြာပါေတာ့တယ္။

ဘန္ေလနဲ႔ပြဲမွာ စပါးရတဲ့အႏိုင္ဂိုးဟာ ဟယ္ရီကိန္းေခါင္းတိုက္ခ်ေပးတာကတဆင့္

ဆြန္ေဟာင္မင္က ထပ္ဆင့္ေခါင္းတိုက္ၿပီးသြင္းခဲ့တာျဖစ္ပါတယ္။

ဒီဂိုးဟာ အခုရာသီပရီးမီးယားလိဂ္မွာ သူတို႔ႏွစ္ေယာက္အတြဲကေန ၉ ဂိုးေျမာက္သြင္းဂိုးျဖစ္ပါတယ္။

စုစုေပါင္းအေနနဲ႔ ေတာ့ ဆြန္ေဟာင္မင္နဲ႔ ဟယ္ရီကိန္းတို႔တြဲလုံးကေန

အျပန္အလွန္ဂိုးဖန္တီးၿပီးသြင္းယူခဲ့တဲ့ဂိုးေပါင္း ၂၉ ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။

သူတို႔ထက္ပိုၿပီး ပရီးမီးယားလိဂ္မွာ သြင္းဂိုးပိုမ်ားတဲ့အတြဲကေတာ့

ဒီဒီယာဒေရာ့ဂ္နဲ႔ လမ္းပတ္တို႔ျဖစ္ၿပီး အျပန္အလွန္ဖန္တီးႏိုင္တဲ့ဂိုးေပါင္း ၂၉ ဂိုးရွိပါတယ္။

မန္စီးတီးတိုက္စစ္ ေဒးဗစ္ေဆးလ္ဗားနဲ႔ အဂြဲ႐ိုးတို႔က သြင္းဂိုး ၂၉ဂိုး၊ ေရာဘတ္ပီရက္စ္နဲ႔

အြန္နရီတို႔အတြဲကလည္း သြင္းဂိုး ၂၉ဂိုးရွိခဲ့ပါတယ္။

အရင္စပါးတိုက္စစ္အတြဲ အန္ဒါတန္နဲ႔ ရွာရင္ဂမ္တို႔အတြဲကေတာ့ ပရီးမီးယားလိဂ္မွာ ၂၇ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။