ဆွာရက်ဇ်ကြောင့် လာလီဂါချန်ပီယံပြေးလမ်းကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့တဲ့ အက်သလက်တီကို

ယမန်နေ့က တစ်ပြိုင်တည်းကျင်းပခဲ့တဲ့ လာလီဂါပွဲစဉ် ၃၇ ကလည်း စိတ်လှုပ်ရှားတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အလှည့်အပြောင်းတွေနဲ့အတူ အက်သလက်တီကိုက ချန်ပီယံပြေးလမ်းမှာ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။


ယခုနှစ်အတွင်း ပွဲအများစုမှာ အက်သလက်တီကိုဟာ ၇ နှစ်အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ဖို့ ကိုယ့်လက်ထဲမှာရှိတဲ့အခွင့်အရေးကို ဖမ်းဆုပ်ထားဖို့ ရုန်းကန်ခဲ့ရပြီး တနင်္ဂနွေနေ့ကလည်း အဲဒီပုံစံအတိုင်းပဲဖြစ်ခဲ့ပါတယ်။


ဆွာရက်ဇ်က အနိုင်ဂိုးမသွင်းခင်အထိပေါ့။ ပွဲပြီးဖို့ ၁၀မိနစ်တောင်မလိုတော့ချိန်မှာ အက်သလက်တီကိုဟာ မြို့ခံပြိုင်ဘက် ရီးရဲလ်ကို ကျော်တက်ခွင့်ပေးထားရပြီး လက်ရှိချန်ပီယံကို အခွင့်အရေးပေးသလိုဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ လိုဒီနဲ့ ဆွာရက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် အက်သလက်တီကိုဟာ အိုဆာဆူနာကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရယူခဲ့ပါတယ်။


ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာကတော့ အသင်းခေါင်းဆောင် မက်ဆီရဲ့နောက်ဆုံးအိမ်ကွင်းပွဲဖြစ်လာနိုင်တဲ့ပွဲမှာ ဆယ်လ်တာဗီဂိုကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ချန်ပီယံမျှော်လင့်ချက် အလုံးစုံပျက်သုန်းသွားပေမယ့် ဆွာရက်ဇ်ရဲ့သွင်းဂိုးကြောင့် ကာတာလူညာအခြေစိုက် သတင်းထောက်တွေအတွက်တော့ နည်းနည်းတော်သေးတယ်လို့ဆိုရပါမယ်။


တိုက်စစ်မှူး ဆွာရက်ဇ်ကို အက်သလက်တီကိုအသင်းထံ ရောင်းချခဲ့တဲ့ ဘာစီလိုနာရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် အခုတော့ ဥရုဂွေးလက်ရွေးစင်ရဲ့ ဂိုး ၂၀မြောက်ဂိုးက ဘာစီလိုနာရဲ့အခါးသီးဆုံးပြိုင်ဘက်ကြီး ရီးရဲလ်အတွက် ချန်ပီယံဆုကာကွယ်ဖို့ အဓိကအတားအဆီးဖြစ်သွားနိုင်ပါတယ်။


ဆွာရက်ဇ်ဟာ သူ့ရဲ့သွင်းဂိုး ၂၀ ကနေ အသင်းအတွက် ၁၉ မှတ်အထိ ရယူပေးထားရာ လာလီဂါမှာ သွင်းဂိုးတွေနဲ့ အမှတ်ရှာဖွေပေးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ရီးရဲလ်က ဘီလ်ဘာအိုကို ၆၈ မိနစ်မှာ သွင်းယူခဲ့တဲ့ နာချိုရဲ့ခေါင်းတိုက်ဂိုးကြောင့် ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ဆွာရက်ဇ်ရဲ့ဂိုးကြောင့် ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်နေရပြီး ရာသီပိတ်ပွဲမှာ မြို့ခံပြိုင်ဘက်ကို ဆက်လက်ဖိအားပေးနိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။
အက်သလက်တီကိုဟာ လာမယ့်တနင်္ဂနွေနေ့မှာ ရာသီပိတ်ပွဲစဉ်အဖြစ် ဗယ်လာဒိုလစ်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ရီးရဲလ်က အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ဧည့်ခံကစားရမှာပါ။

Zawgyi
ဆြာရက္ဇ္ေၾကာင့္ လာလီဂါခ်န္ပီယံေျပးလမ္းကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ အက္သလက္တီကို
ယမန္ေန႔က တစ္ၿပိဳင္တည္းက်င္းပခဲ့တဲ့ လာလီဂါပြဲစဥ္ ၃၇ ကလည္း စိတ္လႈပ္ရွားေတြနဲ႔ ျပည့္ႏွက္ေနခဲ့ၿပီး အလွည့္အေျပာင္းေတြနဲ႔အတူ အက္သလက္တီကိုက ခ်န္ပီယံေျပးလမ္းမွာ ထိပ္ဆုံးကေန ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ယခုႏွစ္အတြင္း ပြဲအမ်ားစုမွာ အက္သလက္တီကိုဟာ ၇ ႏွစ္အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ကုိယ့္လက္ထဲမွာရွိတဲ့အခြင့္အေရးကို ဖမ္းဆုပ္ထားဖုိ႔ ႐ုန္းကန္ခ့ဲရၿပီး တနဂၤေႏြေန႔ကလည္း အဲဒီပုံစံအတုိုင္းပဲျဖစ္ခဲ့ပါတယ္။
ဆြာရက္ဇ္က အႏိုင္ဂုိးမသြင္းခင္အထိေပါ့။ ပြဲၿပီးဖို႔ ၁၀မိနစ္ေတာင္မလိုေတာ့ခ်ိန္မွာ အက္သလက္တီကိုဟာ ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲလ္ကို ေက်ာ္တက္ခြင့္ေပးထားရၿပီး လက္ရွိခ်န္ပီယံကို အခြင့္အေရးေပးသလုိျဖစ္ေနခဲ့ပါတယ္။

ဒါေပမဲ့ လုိဒီနဲ႔ ဆြာရက္ဇ္တို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ အက္သလက္တီကိုဟာ အုိဆာဆူနာကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ခ်န္ပီယံဆုအတြက္ ကုိယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ ရယူခဲ့ပါတယ္။
ေရာ္နယ္ကိုးမန္းရဲ႕ ဘာစီလုိနာကေတာ့ အသင္းေခါင္းေဆာင္ မက္ဆီရဲ႕ေနာက္ဆုံးအိမ္ကြင္းပြဲျဖစ္လာႏိုင္တဲ့ပြဲမွာ ဆယ္လ္တာဗီဂိုကို ၁-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ အလုံးစုံပ်က္သုန္းသြားေပမယ့္ ဆြာရက္ဇ္ရဲ႕သြင္းဂိုးေၾကာင့္ ကာတာလူညာအေျခစုိက္ သတင္းေထာက္ေတြအတြက္ေတာ့ နည္းနည္းေတာ္ေသးတယ္လုိ႔ဆုိရပါမယ္။
တုိက္စစ္မွဴး ဆြာရက္ဇ္ကို အက္သလက္တီကိုအသင္းထံ ေရာင္းခ်ခဲ့တဲ့ ဘာစီလုိနာရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေ၀ဖန္မႈေတြရွိေနေပမယ့္ အခုေတာ့ ဥ႐ုေဂြးလက္ေရြးစင္ရဲ႕ ဂိုး ၂၀ေျမာက္ဂိုးက ဘာစီလုိနာရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ႀကီး ရီးရဲလ္အတြက္ ခ်န္ပီယံဆုကာကြယ္ဖို႔ အဓိကအတားအဆီးျဖစ္သြားႏိုင္ပါတယ္။
ဆြာရက္ဇ္ဟာ သူ႕ရဲ႕သြင္းဂိုး ၂၀ ကေန အသင္းအတြက္ ၁၉ မွတ္အထိ ရယူေပးထားရာ လာလီဂါမွာ သြင္းဂိုးေတြနဲ႔ အမွတ္ရွာေဖြေပးမႈအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။
ရီးရဲလ္က ဘီလ္ဘာအုိကို ၆၈ မိနစ္မွာ သြင္းယူခဲ့တဲ့ နာခ်ိဳရဲ႕ေခါင္းတိုက္ဂိုးေၾကာင့္ ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ဆြာရက္ဇ္ရဲ႕ဂိုးေၾကာင့္ ဒုတိယေနရာမွာပဲ ဆက္လက္ရပ္တည္ေနရၿပီး ရာသီပိတ္ပြဲမွာ ၿမိဳ႕ခံၿပိဳင္ဘက္ကို ဆက္လက္ဖိအားေပးႏိုင္ဖို႔ ႀကိဳးစားလာပါလိမ့္မယ္။

အက္သလက္တီကိုဟာ လာမယ့္တနဂၤေႏြေန႔မွာ ရာသီပိတ္ပြဲစဥ္အျဖစ္ ဗယ္လာဒိုလစ္နဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး ရီးရဲလ္က အိမ္ကြင္းမွာ ဗီလာရီးရဲလ္ကို ဧည့္ခံကစားရမွာပါ။