
မော်ရိုအိုင်ကာဒီဟာဇနီးသည်ဝန်ဒါနာရာနှင့်လမ်းခွဲရမယ့်အခြေအနေမှပြန်လည်
ပြေလည်အောင်လုပ်ဆောင်နိုင်ခဲ့ပေမယ့်ပီအက်စ်ဂျီအသင်းရဲ့အရေးယူမှုနဲ့ရင်ဆိုင်ရနိုင်
ကြောင်းသိရပါတယ်။
မော်ရိုအိုင်ကာဒီဟာဇနီးသည်ဝါဒါနာရာရဲ့နောက်ကွယ်မှာအာဂျင်တီးနားမော်ဒယ်
ချိုင်းနားဆွာရက်ဇ်နှင့်ဖောက်ပြခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။
ဝန်ဒါနာရာဟာခင်ပွန်းသည်ရဲ့ဖောက်ပြန်မှုအကြောင်းကိုသိရပြီးနောက် ပြီးခဲ့တဲ့
အပတ်တုန်းကမီလန်သို့ကလေးများကိုခေါ်ဆောင်ကာထွက်ခွာသွားခဲ့ပါတယ်။
အိုင်ကာဒီဟာချက်ချင်းပင်ပီအက်စ်ဂျီအသင်းထံမှခွင့်ပြုချက်ရယူပြီးမီလန်သို့
စင်းလုံးငှားလေယာဉ်ဖြင့်လိုက်သွားခဲ့ရပါတယ်။ယခုအခါမော်ရိုအိုင်ကာဒီနှင့်
ဇနီးသည်ဝန်ဒါနာရာတို့အကြားမှာပြန်လည်နားလည်မှုရယူနိုင်ပြီဖြစ်ပြီး ပဲရစ်သို့
ပြန်ရောက်နေပြီဖြစ်ပါတယ်။
ဒါပေမယ့်အိုင်ကာဒီဟာလေ့ကျင့်ခန်းဆင်းရန်ပျက်ကွက်မှု၊လိုက်ဇစ်နှင့်ပွဲတွင်
ပါဝင်မကစားနိုင်မှုတို့ကြောင့်ပီအက်စ်ဂျီရဲ့အရေးယူမှုခံယူရဖို့ရှိနေပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာအိုင်ကာဒီမိသားစုပြဿနာကြုံနေရစဉ်အတွင်းမှာကစားသမားကို
ဘက်ပေါင်းစုံမှကူညီထောက်ပံ့မှုလုပ်ခဲ့ပေမယ့်ယခုပြီးဆုံးသွားချိန်မှာတော့
ပျက်ကွက်မှုများအတွက်အရေးယူလာတော့မှာလည်းဖြစ်ပါတယ်။
အစောပိုင်းတုန်းကပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရ အိုင်ကာဒီဟာဇနီးသည်
ဝန်ဒါနာရာနှင့်အဆင်ပြေမှုမရရှိလျှင် ပီအက်စ်ဂျီမှထွက်ခွာရန်အထိပြင်ဆင်ထားခဲ့
ကြောင်းလည်းသိရပါတယ်။ယခုအခါမှာတော့၎င်းတို့အကြားမှာပြန်လည်ပြေလည်မှု
ရရှိသွားပါပြီ။
အိုင်ကာဒီက “အရမ်းလှပတဲ့မိသားစုကိုဆက်လက်ယုံကြည်ပြီးဆက်နေပေးလို့
ကျေးဇူးတင်တယ် အချစ်ရေ။ ငါတို့ရှင်သန်မှုအတွက်မော်တာဖြစ်နေပေးလို့ကျေးဇူ
းတင်တယ်။မင်းကိုချစ်တယ်”လို့အင်စတာဂရမ်မှာရေးသားသွားပါတယ်။
Zawgyi
ဇနီးသည္နဲ႔ ျပန္အဆင္မေျပရင္ ပီအက္စ္ဂ်ီက ထြက္ဖို႔အထိ စဥ္းစားထားတဲ့ အိုင္ကာဒီ
ေမာ္႐ိုအိုင္ကာဒီဟာဇနီးသည္ဝန္ဒါနာရာႏွင့္လမ္းခြဲရမယ့္အေျခအေနမွျပန္လည္
ေျပလည္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ပီအက္စ္ဂ်ီအသင္းရဲ႕အေရးယူမႈနဲ႔ရင္ဆိုင္ရႏိုင္
ေၾကာင္းသိရပါတယ္။
ေမာ္႐ိုအိုင္ကာဒီဟာဇနီးသည္ဝါဒါနာရာရဲ႕ေနာက္ကြယ္မွာအာဂ်င္တီးနားေမာ္ဒယ္
ခ်ိဳင္းနားဆြာရက္ဇ္ႏွင့္ေဖာက္ျပခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။
ဝန္ဒါနာရာဟာခင္ပြန္းသည္ရဲ႕ေဖာက္ျပန္မႈအေၾကာင္းကိုသိရၿပီးေနာက္ ၿပီးခဲ့တဲ့
အပတ္တုန္းကမီလန္သို႔ကေလးမ်ားကိုေခၚေဆာင္ကာထြက္ခြာသြားခဲ့ပါတယ္။
အိုင္ကာဒီဟာခ်က္ခ်င္းပင္ပီအက္စ္ဂ်ီအသင္းထံမွခြင့္ျပဳခ်က္ရယူၿပီးမီလန္သို႔
စင္းလုံးငွားေလယာဥ္ျဖင့္လိုက္သြားခဲ့ရပါတယ္။ယခုအခါေမာ္႐ိုအိုင္ကာဒီႏွင့္
ဇနီးသည္ဝန္ဒါနာရာတို႔အၾကားမွာျပန္လည္နားလည္မႈရယူႏိုင္ၿပီျဖစ္ၿပီး ပဲရစ္သို႔
ျပန္ေရာက္ေနၿပီျဖစ္ပါတယ္။
ဒါေပမယ့္အိုင္ကာဒီဟာေလ့က်င့္ခန္းဆင္းရန္ပ်က္ကြက္မႈ၊လိုက္ဇစ္ႏွင့္ပြဲတြင္
ပါဝင္မကစားႏိုင္မႈတို႔ေၾကာင့္ပီအက္စ္ဂ်ီရဲ႕အေရးယူမႈခံယူရဖို႔ရွိေနၿပီျဖစ္ပါတယ္။
ပီအက္စ္ဂ်ီဟာအိုင္ကာဒီမိသားစုျပႆနာႀကဳံေနရစဥ္အတြင္းမွာကစားသမားကို
ဘက္ေပါင္းစုံမွကူညီေထာက္ပံ့မႈလုပ္ခဲ့ေပမယ့္ယခုၿပီးဆုံးသြားခ်ိန္မွာေတာ့
ပ်က္ကြက္မႈမ်ားအတြက္အေရးယူလာေတာ့မွာလည္းျဖစ္ပါတယ္။
အေစာပိုင္းတုန္းကျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ အိုင္ကာဒီဟာဇနီးသည္
ဝန္ဒါနာရာႏွင့္အဆင္ေျပမႈမရရွိလွ်င္ ပီအက္စ္ဂ်ီမွထြက္ခြာရန္အထိျပင္ဆင္ထားခဲ့
ေၾကာင္းလည္းသိရပါတယ္။ယခုအခါမွာေတာ့၎တို႔အၾကားမွာျပန္လည္ေျပလည္မႈ
ရရွိသြားပါၿပီ။
အိုင္ကာဒီက “အရမ္းလွပတဲ့မိသားစုကိုဆက္လက္ယုံၾကည္ၿပီးဆက္ေနေပးလို႔
ေက်းဇူးတင္တယ္ အခ်စ္ေရ။ ငါတို႔ရွင္သန္မႈအတြက္ေမာ္တာျဖစ္ေနေပးလို႔ေက်းဇူး တင္တယ္။မင္းကိုခ်စ္တယ္”လို႔အင္စတာဂရမ္မွာေရးသားသြားပါတယ္။