ဇန်နဝါရီတွင် ထွက်ခွာခွင့်ရထားတဲ့ အဆန်စီယိုကို  လီဗာပူးကြိုးပမ်းနေ

ဂျာဂင်ကလော့ပ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာဒဏ်ရာပြဿနာ

ကြောင့်မဟုတ်ဘဲ မလိုဘဲကစားသမားသစ်ခေါ်ယူအားဖြည့်လေ့မရှိတဲ့သူ

တစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့ကလော့ပ်ဟာ

အသင်းအတွက်လိုအပ်တဲ့အားဖြည့်မှုတစ်ခုပြုလုပ်ဖို့လုပ်ဆောင်နေပြီဖြစ်ပါတယ်။

စပိန်ထိပ်သီးသတင်းစာ ABC ရဲ့ဖော်ပြချက်အရ လီဗာပူးဟာရီးရဲလ်မက်ဒရစ်တွင်

နေရာမရမှုကြောင့်မပျော်မရွှင်ဖြစ်နေတဲ့မာကိုအဆန်စီယိုအားခေါ်ယူရန်ကြိုးပမ်း

သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အဆန်စီယိုဟာနည်းပြအန်ဆယ်လော့တီလက်အောက်မှာလာလီဂါပွဲနှစ်ပွဲတည်

းသာပွဲထွက်ကစားခွင့်ရရှိထားပြီးပုံမှန်ပွဲကစားခွင့်ရရှိရန်ရုန်းကန်နေရပါတယ်။

ဒါ့အပြင် ABC ရဲ့ဖော်ပြချက်အရ အသက်၂၅နှစ်ရှိအဆန်စီယိုဟာရှာရစ်အား

အိမ်ကွင်းတွင်၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင်အန်ဆယ်

လော့တီနှင့်ပြဿနာတက်ခဲ့ကြောင်းလည်းသိရပါတယ်။

သူဟာရှာရစ်နှင့်ပွဲမတိုင်မီမာယော့ကာအားအနိုင်ရရှိတဲ့ပွဲတွင်ဟက်ထရစ်သွင်းယူ

နိုင်ခဲ့သော်လည်းရှာရှစ်နှင့်ပွဲတွင်အရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။

လက်ရှိအချိန်တွင်အန်ဆယ်လော့တီနှင့်အဆန်စီယိုတို့အကြားဆက်ဆံရေးမှာ

အလွန်အဆင်မပြေဖြစ်နေရာလီဗာပူးအတွက်ကြားဝင်ခေါ်ယူနိုင်ရေးကြိုးပမ်းရန်

အကောင်းဆုံးအခွင့်အရေးရနေပါတယ်။

လီဗာပူးဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီလတုန်းကဗာဂယ်ဗန်ဒိုက်ကိုခေါ်ယူပြီးနောက်ပိုင်း

တွင် အရေးပါတဲ့ကစားသမားခေါ်ယူပြုလုပ်လာခဲ့ခြင်းမရှိပါဘူး။

အဆန်စီယိုဟာရီးရဲလ်မက်ဒရစ်နှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်

ဖြစ်ရာလီဗာပူးအနေဖြင့်ပုံမှန်ထက်နည်းပါးတဲ့ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ပါမယ်။

Zawgyi

ဂ်ာဂင္ကေလာ့ပ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဒဏ္ရာျပႆနာ

ေၾကာင့္မဟုတ္ဘဲ မလိုဘဲကစားသမားသစ္ေခၚယူအားျဖည့္ေလ့မရွိတဲ့သူ

တစ္ဦးျဖစ္ပါတယ္။
ဒါေပမယ့္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေတာ့ကေလာ့ပ္ဟာ

အသင္းအတြက္လိုအပ္တဲ့အားျဖည့္မႈတစ္ခုျပဳလုပ္ဖို႔လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

စပိန္ထိပ္သီးသတင္းစာ ABC ရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးဟာရီးရဲလ္မက္ဒရစ္တြင္

ေနရာမရမႈေၾကာင့္မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့မာကိုအဆန္စီယိုအားေခၚယူရန္ႀကိဳးပမ္း

သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အဆန္စီယိုဟာနည္းျပအန္ဆယ္ေလာ့တီလက္ေအာက္မွာလာလီဂါပြဲႏွစ္ပြဲတည္

းသာပြဲထြက္ကစားခြင့္ရရွိထားၿပီးပုံမွန္ပြဲကစားခြင့္ရရွိရန္႐ုန္းကန္ေနရပါတယ္။

ဒါ့အျပင္ ABC ရဲ႕ေဖာ္ျပခ်က္အရ အသက္၂၅ႏွစ္ရွိအဆန္စီယိုဟာရွာရစ္အား

အိမ္ကြင္းတြင္၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အၿပီးတြင္အန္ဆယ္

ေလာ့တီႏွင့္ျပႆနာတက္ခဲ့ေၾကာင္းလည္းသိရပါတယ္။

သူဟာရွာရစ္ႏွင့္ပြဲမတိုင္မီမာေယာ့ကာအားအႏိုင္ရရွိတဲ့ပြဲတြင္ဟက္ထရစ္သြင္းယူ

ႏိုင္ခဲ့ေသာ္လည္းရွာရွစ္ႏွင့္ပြဲတြင္အရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္မရခဲ့ပါဘူး။

လက္ရွိအခ်ိန္တြင္အန္ဆယ္ေလာ့တီႏွင့္အဆန္စီယိုတို႔အၾကားဆက္ဆံေရးမွာ

အလြန္အဆင္မေျပျဖစ္ေနရာလီဗာပူးအတြက္ၾကားဝင္ေခၚယူႏိုင္ေရးႀကိဳးပမ္းရန္

အေကာင္းဆုံးအခြင့္အေရးရေနပါတယ္။

လီဗာပူးဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတုန္းကဗာဂယ္ဗန္ဒိုက္ကိုေခၚယူၿပီးေနာက္ပိုင္း

တြင္ အေရးပါတဲ့ကစားသမားေခၚယူျပဳလုပ္လာခဲ့ျခင္းမရွိပါဘူး။

အဆန္စီယိုဟာရီးရဲလ္မက္ဒရစ္ႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္

ျဖစ္ရာလီဗာပူးအေနျဖင့္ပုံမွန္ထက္နည္းပါးတဲ့ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ပါမယ္။