ဇန်နဝါရီတွင် အာတီတာကို အသုံးစရိတ်အလုံအလောက်ချပေးသွားမယ့် အာဆင်နယ်
အာဆင်နယ်ဒါရိုက်တာဂျို့စ်ခရွန်ယန်ကီကပရီးမီးယားလိဂ်ထိပ်ဆုံး
လေးသင်းစာရင်းသို့ထိုးဖောက်ဝင်ရောက်လာနိုင်ပြီးနောက်လာမယ့်
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်နည်းပြမီခေးလ်အာတီတာအတွက်
ထိပ်တန်းကစားသမားအချို့ခေါ်ယူပေးလာနိုင်ကြောင်းပြောကြားလာပါတယ်။
မီခေးလ်အာတီတာရဲ့အာဆင်နယ်ဟာယခင်ပရီးမီးယားလိဂ်နှစ်ရာသီအား
အဆင့်၈ဖြင့်သာအဆုံးသတ်ခဲ့ရပါတယ်။ဒါပေမယ့်ယခုရာသီမှာတော့
အာတီတာဟာနောက်ဆုံး၁၀ပွဲဆက်ရှုံးပွဲမရှိရရှိအောင်စွမ်းဆောင်ပေးထားကာ
ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၄နေရာသို့တက်လှမ်းလာပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာအဆင့်၄နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှချဲလ်ဆီးနှင့်
ရမှတ်၆မှတ်သာကွာဟနေတဲ့အပြင်ဒုတိယနှင့်တတိယနေရာမှာမန်စီးတီး၊
ဝက်စ်ဟမ်းတို့နှင့်ရမှတ်၃မှတ်တည်းသာကွာဟနေပါတယ်။
ဒါကြောင့်လည်းအာဆင်နယ်ဘုတ်အဖွဲ့ဟာလာမယ့်ဆောင်းရာသီ
အပြောင်းအရွှေ့ဈေးကွက်တွင်အသင်းကိုကစားသမားသစ်အားဖြည့်ပေးပြီး
အသင်းရဲ့ရည်မှန်းချက်ဖြစ်တဲ့အနိမ့်ဆုံးချန်ပီယံလိဂ်ဝင်ခွင့်ရရေးဖြစ်မြောက်လာရန်
ထောက်ပံ့သွားပါမယ်။ဂျို့စ်ခရွန်ယန်ကီက “အသင်းလူအင်အားနဲ့ပတ်သက်ပြီး
ဘာလုပ်ရမယ်ဆိုတာရှင်းလင်းတဲ့စိတ်ကူးရှိထားပြီးသားပါ။ကျွန်တော်တို့မှာ
အားဖြည့်ဖို့နေရာတွေအများကြီးရှိပါတယ်။အပြောင်းအရွှေ့တစ်ခုတည်းနဲ့
လုပ်နိုင်မယ်လို့မထင်ပါဘူး။ဖြစ်နိုင်မယ်လို့လည်းမထင်ပါဘူး။ဒါပေမယ့်
တစ်ချို့နေရာတွေမှာ တော်တော်တိုးတက်လာပါတယ်။အခုဆိုယုံကြည်မှုက
မြင့်မားလာနေပါတယ်။ဒါပေမယ့်လုပ်စရာတွေကလည်းအများကြီးရှိပါသေးတယ်။
တိုးတက်မှုလက္ခဏာပြနေတဲ့အချိန်မှာမတွန်းဘူးဆိုရင်ကျရှုံးရပါမယ်။အခုဆိုရင်
လာမယ့်ခြေလှမ်းအတွက်အပြည့်အဝအာရုံစိုက်နေပါတယ်။
အခုရှိနေတဲ့နေရာအပေါ်မှာကျေနပ်တယ်ဆိုပေမယ့်ကျွန်တော်တို့ပရိသတ်တွေက
ဒီထက်မက ပိုပြီးတော့ထိုက်တန်တာကြောင့်ကျေနပ်နေလို့မရပါဘူး”လို့
ပြောကြားသွားပါတယ်။အာဆင်နယ်ဟာတိုက်စစ်ပိုင်းကိုအဓိကအားဖြည့်ရန်
စီစဉ်နေပါတယ်။အာဆင်နယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်
ဖီအိုရင်တီးနားတိုက်စစ်မှူးဒူဆန်ဗလာဟိုဗစ်ကိုပေါင်သန်း၇၀ဖြင့်ခေါ်ယူရန်
ကြိုးပမ်းလာဖို့ရှိနေကြောင်းသတင်းထွက်နေပါတယ်။
zawgyi
ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၎နေရာသို့တက်လှမ်းလာပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာအဆင့်၎နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှချဲလ်ဆီးနှင့်