ဇန်နဝါရီမှာ စီနီယာကစားသမား ၆ ဦးကိုထွက်ခွာခွင့်ပြုဖို့ စီစဉ်နေတဲ့ ယူနိုက်တက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့စီနီယာကစားသမား ၆ ဦးလောက်ကို ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ဟာ ဗီလာအသင်းကို အနိုင်ရရှိပြီးနောက် လီဗာပူးအသင်းနဲ့ အမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ကာ ဇန်နဝါရီမှာ လိုချင်တဲ့ပစ်မှတ်တွေရမယ်ဆိုရင် ငွေသုံးဖိုအလိုရှိနေပါတယ်။
The Sun သတင်းဌာနကတော့ ဆိုးလ်ရှားဟာ ရိုမဲရို ၊ ဖီးလ်ဂျုံးစ် ၊ ရိုဂျို ၊ ဘရန်ဒန်ဝီလီယံ ၊ ဒန်နီရယ်ဂျိမ်းစ် နဲ့ လင်ဂတ်တို့ကို ထွက်ခွာခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ရိုမဲရို ကတော့ ဒင်းဟန်ဒါဆန်ပြန်လည်ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ကာ နွေရာသီတုန်းကလည်း အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။ ဂျုံးစ် နဲ့ ရိုဂျိုတို့ကလည်း ဒီရာသီမှာပွဲထွက်ခွင့်မရဘဲ လွန်ခဲ့တဲ့နှစ်တွေကလည်း ဒဏ်ရာပြဿနာတွေနဲ့သာ ဆက်တိုက်ရုန်းကန်ခဲ့ရပါတယ်။ဝက်စ်ဘရွန်းအသင်းကတော့ ဖီးလ်ဂျုံးစ်ကို စိတ်ဝင်စားနေပြီး ရိုဂျိုကို နယူးကာဆယ်အသင်းက စိတ်ဝင်စားနေပါတယ်။
ဘရန်ဒန်ဝီလီယံကိုတော့ ဆောက်သမ်တန် နဲ့ လေဗာကူဆင်အသင်းတို့က အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။ တိုက်စစ်ပိုင်းမှာလည်း လင်ဂတ် နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ဟာ ဒီရာသီမှာ ပွဲထွက်ခွင့်ပျောက်ဆုံးလာခဲ့တာကြောင့် အသင်းပြောင်းဖွယ်ရှိနေပါတယ်
ယူနိုက်တက်ဟာ နွေရာသီတုန်းက အတ္တလန္တာက ဒီယာလိုကို ခေါ်ယူခဲ့ပေမယ့် အတ္တလန္တာမှာပဲ အငှားပြန်ချခဲ့ပါတယ်။အတ္တလန္တာကတော့ ဒီယာလိုကို ရာသီကုန်အထိ အသင်းမှာဆက်ထိန်းချင်နေပေမယ့် ဒီယာလိုကိုယ်တိုင်က ယူနိုက်တက်ကိုသာ ပြန်ချင်နေပါတယ်။“အာမက်ရဲ့အပြောင်းအရွှေ့ကိုအပြီးသတ်လုပ်ဆောင်နေပါတယ်။ ဘာအခက်အခဲမှမရှိပါဘူး။ မကြာခင်မှာ သူကကျွန်တော်တို့နဲ့ပူးပေါင်းတော့မှာပါ။
သူ့ရဲ့အရည်အချင်းတွေကို အရမ်းစိတ်လှုပ်ရှားမိပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။အိုင်ဗရီကို့စ်သားဟာ အတ္တလန္တာအသင်းမှာ ပွဲထွက်ခွင့်အနည်းငယ်သာရရှိခဲ့ပြီး အတ္တလန္တာအသင်းခေါင်းဆောင် ပါပူဂိုးမက်ဇ်က ဒီယာလိုဟာ အနာဂတ်ကစားသမားတစ်ဦးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi