ဇန်နဝါရီအပြောင်းအရွေ့မှာ အာဆင်နယ်အသင်း ဂိုးသမားတစ်ဦး ခေါ်ယူသွားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မီခဲလ် အာတီတာက အာဆင်နယ်အနေနဲ့ ဂိုးသမား Alex Rumarsson က လက်စွမ်းပြသထားနိုင်ခြင်း မရှိတဲ့အတွက် ဘာနက် လီနိုရဲ့နောက် ဒုတိယဦးစားပေး ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုစားနေတယ်လို့ အတည်ပြုပြောကြာခဲ့ပါတယ်။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ မားတီးနက်ကို အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွေ့ခွင့်ပြုခဲ့ပြီး အိုက်စလန် ဂိုးသမား Runarsson ကို လီဂူး ( ၁ ) ကလပ် Dijon အသင်းကနေ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ အသက် ( ၂၅ ) နှစ်အရွယ် ကစားသမားက အာဆင်နယ်အသင်းရဲ့ တတိယ ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထံထားရပြီး ပြီးခဲ့တဲ့လအတွင်း ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ဆိုးရွာတဲ့ လက်စွမ်းပြသခဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ဂိုးသမား Matt Macey ကလည်း စကော့တလန်ကလပ် Hibernian အသင်းကို ပြောင်းရွေ့သွားတဲ့အတွက် အဓိက ဂိုးသမားလီနိုကို အထောက်အကူပြုပေးနိုင်မယ့် ဒုတိယ ဂိုးသမား ပြတ်လပ်လျက်ရှိနေပါတယ်။ ခရစ္စတယ် ပဲလေ့အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အာတီတာက “ကျွန်တော်တို့အနေနဲ့ ဂိုးသမား ( ၃ ) ယောက်နေရာကို သုံးသပ်လျက်ရှိပါတယ်။ ဒီအပြောင်းအရွေ့မှာ အဖြေတစ်ခုရရှိအောင် ကြိုးစားသွားမှာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက မာတီးနက်ရဲ့ အပြောင်းအရွေ့ပြီးနောက် အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ် ဂိုးသမား David Raya ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နံပါတ် ( ၁ ) ဂိုးသမား လီနိုရဲ့ အရံအဖြစ် Raya ကို ယူရို ( ၁၀ ) သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မီခဲလ္ အာတီတာက အာဆင္နယ္အေနနဲ႔ ဂိုးသမား Alex Rumarsson က လက္စြမ္းျပသထားႏိုင္ျခင္း မရွိတဲ့အတြက္ ဘာနက္ လီႏိုရဲ႕ေနာက္ ဒုတိယဦးစားေပး ဂိုးသမားတစ္ဦးကို ေခၚယူဖို႔ ႀကိဳစားေနတယ္လို႔ အတည္ျပဳေျပာၾကာခဲ့ပါတယ္။ ဂန္းနားတို႔ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ မားတီးနက္ကို အက္စတြန္ဗီလာ အသင္းထံ ေျပာင္းေ႐ြ႕ခြင့္ျပဳခဲ့ၿပီး အိုက္စလန္ ဂိုးသမား Runarsson ကို လီဂူး ( ၁ ) ကလပ္ Dijon အသင္းကေန ေခၚယူအားျဖည့္ခဲ့ပါတယ္။

အသက္ ( ၂၅ ) ႏွစ္အ႐ြယ္ ကစားသမားက အာဆင္နယ္အသင္းရဲ႕ တတိယ ဦးစားေပးဂိုးသမားအျဖစ္ သတ္မွတ္ထံထားရၿပီး ၿပီးခဲ့တဲ့လအတြင္း ကစားခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ ကာရာေဘာင္ဖလား ပြဲစဥ္မွာ ဆိုး႐ြာတဲ့ လက္စြမ္းျပသခဲ့ၿပီး အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါ့အျပင္ ဂိုးသမား Matt Macey ကလည္း စေကာ့တလန္ကလပ္ Hibernian အသင္းကို ေျပာင္းေ႐ြ႕သြားတဲ့အတြက္ အဓိက ဂိုးသမားလီႏိုကို အေထာက္အကူျပဳေပးႏိုင္မယ့္ ဒုတိယ ဂိုးသမား ျပတ္လပ္လ်က္ရွိေနပါတယ္။

ခရစၥတယ္ ပဲေလ့အသင္းနဲ႔ ပြဲစဥ္မတိုင္မီ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ အာတီတာက “ကြၽန္ေတာ္တို႔အေနနဲ႔ ဂိုးသမား ( ၃ ) ေယာက္ေနရာကို သုံးသပ္လ်က္ရွိပါတယ္။ ဒီအေျပာင္းအေ႐ြ႕မွာ အေျဖတစ္ခုရရွိေအာင္ ႀကိဳးစားသြားမွာပါ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီက မာတီးနက္ရဲ႕ အေျပာင္းအေ႐ြ႕ၿပီးေနာက္ အာဆင္နယ္အသင္းဟာ ဘရန႔္ဖို႔ဒ္ ဂိုးသမားDavid Raya ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ နံပါတ္ ( ၁ ) ဂိုးသမား လီႏိုရဲ႕ အရံအျဖစ္ Raya ကို ယူ႐ို ( ၁၀ ) သန္းနဲ႔ ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး ။ Source : Daily Mail