ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ဘက်ပေးအား ခေါ်ယူရန် ကမ်းလှမ်းလာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ကိုင်လီယန်ဘက်ပေးအား ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင်
ခေါ်ယူရန် ဈေးနှုန်းလျှော့ချပြီး ပီအက်စ်ဂျီထံကမ်းလှမ်းမှုပြုလုပ်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်
စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကိုင်လီယန်ဘက်ပေးကို ပေါင်၇၁.၇၅သန်းဖြင့်

ကမ်းလှမ်းမှုပြုလုပ်လာတာဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းက

ကိုင်လီယန်ဘက်ပေးကို ပေါင်သန်း၁၅၀ဖြင့်ကမ်းလှမ်းမှု
ပယ်ချခြင်းခံခဲ့ရပြီးနောက် ငါးလဝန်းကျင်အကြာတွင်

ဈေးနှုန်းများစွာလျှော့ချပြီး ကမ်းလှမ်းလာတာဖြစ်ပါတယ်။

ဘက်ပေးဟာဇွန်လတွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး

ယခုလမှစတင်ကာ နိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာချန်ပီယံလိဂ်၁၆သင်းအဆင့်တွင်

ပီအက်စ်ဂျီနှင့် ထိပ်တိုက်တွေ့နေပြီး ပြိုင်ဘက်အသင်းအားနည်းလာအောင်
ဘက်ပေးအား ခေါ်ယူရေး သွေးတိုးစမ်းလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအနေဖြင့် ရာသီအကုန်တွင်ဘက်ပေးကို
အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမည်ဖြစ်သော်လည်း

ဘက်ပေးမရှိပါက ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရန် ခက်ခဲနေနိုင်ရာ
ဝေခွဲမရဖြစ်နေဖို့ရှိနေပါတယ်။ တစ်ဖက်တွင်ကိုင်လီယန်ဘက်ပေးကိုယ်တိုင်ကလည်း

ရာသီအကုန်တွင်မှ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုနေပါတယ်။

zawgyi










