ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားသစ်ခေါ်ယူရေးဘတ်ဂျက် ရရှိလာမယ့်အခြေအနေအလွန်နည်းပါးလာတဲ့ ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာလက်စတာကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်လာမယ့်

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားသစ်ခေါ်ယူရေးဘတ်ဂျက်

ရရှိလာမယ့်အခြေအနေအလွန်နည်းပါးလာခဲ့ပါတယ်။

မန်ယူဟာလက်စတာနှင့်ပွဲစဉ်မှာမေဆင်ဂရင်းဝုဒ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်

ဂိုးများပြန်ပေးခဲ့ရကာ၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မန်ယူဟာယင်းရှုံးပွဲကြောင့်

နောက်ဆုံးပွဲ၇ပွဲမှာ၂ပွဲတည်းသာအနိုင်ရထားပါတယ်။

မန်ယူဟာထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။

မန်ယူဟာလာမယ့်အပတ်တနင်္ဂနွေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကို

ဧည့်ခံကစားရမှာဖြစ်ပြီးယင်းပွဲရှုံးနိမ့်ပါကချန်ပီယံမျှော်လင့်ချက်

ကုန်ဆုံးသလောက်ရှိလာပါမယ်။ ယနေ့မှာ The Star ရဲ့ဖော်ပြချက်အရ

မန်ယူဟာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်ရှိမည်ဆိုပါက

ဆိုးလ်ရှားအားကစားသမားသစ်ထပ်မံခေါ်ယူရန်အတွက်ဇန်နဝါရီအပြောင်းအရွှေ့

ဈေးကွက်တွင်သုံးရန်ပေါင်သန်း၇၀အထိအသုံးပြုခွင့်ပေးရန်စီစဉ်ထားကြောင်း

သိရပါတယ်။ဒါပေမယ့်မန်ယူဘုတ်အဖွဲ့ဟာချန်ပီယံမျှော်လင့်ချက်လုံးဝမရှိလျှင်

ဆိုးလ်ရှားကိုကစားသမားသစ်ခေါ်ယူရန်ငွေချပေးသွားမှာမဟုတ်ပါကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာနွေရာသီတုန်းကဗာရိန်း၊ရော်နယ်ဒိုနှင့်ဆန်ချိုတို့ကိုခေါ်ယူခဲ့ပေမယ့်

ညာနောက်ခံလူတစ်ဦးနှင့်ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူရေး

ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ ဆိုးလ်ရှားဟာညာနောက်ခံလူနေရာအတွက်

အက်သလက်တီကိုမှအင်္ဂလန်လက်ရွေးစင်ထရစ်ပီယာကိုခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဆိုးလ်ရှားအနေဖြင့်လာမယ့်လီဗာပူးနှင့်ပွဲမှာရှုံးနိမ့်ပါကချန်ပီယံမျှော်လင့်ချက်လည်း

အဆုံးသတ်လာမှာဖြစ်လို့ ကစားသမားသစ်လည်းခေါ်ယူခွင့်ရရှိမှာမဟုတ်ပါဘူး။

zawgyi

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာကစားသမားသစ္ေခၚယူေရးဘတ္ဂ်က္ ရရွိလာမယ့္အေျခအေနအလြန္နည္းပါးလာတဲ့ ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာလက္စတာကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္လာမယ့္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာကစားသမားသစ္ေခၚယူေရးဘတ္ဂ်က္

ရရွိလာမယ့္အေျခအေနအလြန္နည္းပါးလာခဲ့ပါတယ္။

မန္ယူဟာလက္စတာႏွင့္ပြဲစဥ္မွာေမဆင္ဂရင္းဝုဒ္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္

ဂိုးမ်ားျပန္ေပးခဲ့ရကာ၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။မန္ယူဟာယင္းရႈံးပြဲေၾကာင့္

ေနာက္ဆုံးပြဲ၇ပြဲမွာ၂ပြဲတည္းသာအႏိုင္ရထားပါတယ္။

မန္ယူဟာထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၅မွတ္ကြာဟေနပါတယ္။

မန္ယူဟာလာမယ့္အပတ္တနဂၤေႏြေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာလီဗာပူးကို

ဧည့္ခံကစားရမွာျဖစ္ၿပီးယင္းပြဲရႈံးနိမ့္ပါကခ်န္ပီယံေမွ်ာ္လင့္ခ်က္

ကုန္ဆုံးသေလာက္ရွိလာပါမယ္။ ယေန႔မွာ The Star ရဲ႕ေဖာ္ျပခ်က္အရ

မန္ယူဟာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ရွိမည္ဆိုပါက

ဆိုးလ္ရွားအားကစားသမားသစ္ထပ္မံေခၚယူရန္အတြက္ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ေဈးကြက္တြင္သုံးရန္ေပါင္သန္း၇၀အထိအသုံးျပဳခြင့္ေပးရန္စီစဥ္ထားေၾကာင္း

သိရပါတယ္။ဒါေပမယ့္မန္ယူဘုတ္အဖြဲ႕ဟာခ်န္ပီယံေမွ်ာ္လင့္ခ်က္လုံးဝမရွိလွ်င္

ဆိုးလ္ရွားကိုကစားသမားသစ္ေခၚယူရန္ေငြခ်ေပးသြားမွာမဟုတ္ပါေၾကာင္းသိရပါတယ္။

ဆိုးလ္ရွားဟာေႏြရာသီတုန္းကဗာရိန္း၊ေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔ကိုေခၚယူခဲ့ေပမယ့္

ညာေနာက္ခံလူတစ္ဦးႏွင့္ကြင္းလယ္ကစားသမားတစ္ဦးေခၚယူေရး

ႀကိဳးပမ္းခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။ ဆိုးလ္ရွားဟာညာေနာက္ခံလူေနရာအတြက္

အက္သလက္တီကိုမွအဂၤလန္လက္ေ႐ြးစင္ထရစ္ပီယာကိုေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ဆိုးလ္ရွားအေနျဖင့္လာမယ့္လီဗာပူးႏွင့္ပြဲမွာရႈံးနိမ့္ပါကခ်န္ပီယံေမွ်ာ္လင့္ခ်က္လည္း

အဆုံးသတ္လာမွာျဖစ္လို႔ ကစားသမားသစ္လည္းေခၚယူခြင့္ရရွိမွာမဟုတ္ပါဘူး။