ဇလာတန် ယူနိုက်တက်ကို မုန်းနေတာ သေချာပြီ

ဇလာတန်အီဘရာဟီမိုဗစ်ဟာအသင်းဟောင်းမန်ချက်စတာယူနိုက်တက်ရဲ့

နေ့စဉ် Operate လုပ်ဆောင်မှုကိုဖွင့်ချလာပါတယ်။ ဆွီဒင်တိုက်စစ်မှူးဟာ

ဟိုတယ်တစ်ခုရဲ့မီနီဘားမှ၁ပေါင်တန်သစ်သီးဖျော်ရည်ကိုသောက်မှုအတွက်

သူ့ရဲ့လစာထဲမှအဖြတ်ခံခဲ့ရကြောင်းဖွင့်ဟသွားပါတယ်။

ဝါရင့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ဟာ၂၀၁၆ခုနှစ်တုန်းကလီဂူး၁ထိပ်သီး

ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်အိုးထရက်ဖို့ဒ်သို့

ပြောင်းခဲ့သူဖြစ်ပါတယ်။အီဘရာဟီမိုဗစ်ဟာယူနိုက်တက်တွင်တစ်ပတ်လုပ်ခ

ပေါင်၂သိန်းအထိရရှိခဲ့သူဖြစ်ပြီးပထမဆုံးရာသီတွင်၂၈ပွဲကစားခဲ့ရာမှာ၁၇ဂိုးအထိ

သွင်းယူနိုင်ခဲ့ပါတယ်။သူဟာယူနိုက်တက်တွင်ကစားစဉ်အတွင်းယူရိုပါလိဂ်၊

လိဂ်ဖလားနှင့်ကွန်မြူနတီဒိုင်းတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ Adrenaline အမည်ရှိ အတ္ထုပတ္တိစာအုပ်သစ်အတွင်းတွင်

ယူနိုက်တက်နဲ့ပတ်သက်ပြီးသူ့ရဲ့အံ့ဩသင့်မှုကိုဖွင့်ချခဲ့တာလည်းဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်က “ကမ္ဘာ့အချမ်းသာဆုံးနဲ့ပါဝါအကြီးဆုံးကလပ်တွေက

ကလပ်တစ်ခုဖြစ်ပါတယ်။တစ်ခုကတော့ကျွန်တော့်ကိုအံ့ဩသင့်စေတယ်။

လူတိုင်းကယူနိုက်တက်ကိုထိပ်တန်းကလပ်တစ်ခုအနေနဲ့သတ်မှတ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးနဲ့အကြီးကျယ်ဆုံးကလပ်တွေထဲကတစ်ခုအဖြစ်

သတ်မှတ်ကြပါတယ်။အပြင်ကလူတွေရဲ့အမြင်ပါ။ဒါပေမယ့်တစ်ကြိမ်မှာတော့

ကျွန်တော်ဟာစိတ်ဓာတ်သေးသိမ်မှုတစ်ခုကိုမြင်ခဲ့ရပါတယ်”လို့

ရေးသားခဲ့ပါတယ်။

၎င်းက “တစ်နေ့တော့ပွဲတစ်ပွဲမတိုင်ခင်အသင်းနဲ့အတူ

ဟိုတယ်မှာရှိနေခဲ့ပါတယ်။ရေဆာလာတော့မီလီဘားကိုဖွင့်လိုက်တယ်။

သစ်သီးဖျော်ရည်တစ်ဗူးတွေ့တယ်။ကျွန်တော်တို့ကစားတယ်။အိမ်ပြန်တယ်။

တစ်ခါတစ်လေဒီလိုပဲလေ။ကျွန်တော့်လစာရှင်းတမ်းရောက်လာပါတယ်။

ပုံမှန်ဆိုကြည့်လေ့ကြည့်ထမရှိပါဘူး။နှစ်ကုန်တော့မှကြည့်လေ့ရှိတယ်။

ဒီတစ်ကြိမ်မှာတော့ဘာကြောင့်မှန်းမသိဘူး။သိချင်စိတ်ပြင်းပြခဲ့တယ်။

အဲဒီမှာကျွန်တော့်လစာထဲကတစ်ပေါင်ဖြတ်တာတွေ့လိုက်ရတယ်။

အသင်းမန်နေဂျာကိုခေါ်လိုက်တယ်။ဘာကြောင့်လခထဲက

တစ်ပေါင်ဖြတ်လိုက်တာလဲလို့မေးလိုက်တယ်။မီနီဘားကသစ်သီးဖျော်ရည်သောက်လို့တဲ့။

နောက်နေတာလား။တကယ်ကြီးလို့မေးလိုက်တယ်။တစ်ခုခုမှာသောက်ရင်

ကိုယ့်ဖာသာကိုယ်ရှင်းရမယ်လို့ပြောပါတယ်။ဟုတ်တယ်လေ။

ဒါပေမယ့်ကျွန်တော်ဟိုတယ်မှာသွားအိပ်တာကိုယ့်ကိစ္စနဲ့သွားတာမဟုတ်ဘူး။

အပျော်ခရီးထွက်တာမှမဟုတ်တာ။ကျွန်တော့်အလုပ်ခွင်လေ။

မန်ချက်စတာအတွက်သွားကစားတာလေ။ကစားရမယ်ဆိုရင်ရေလည်းဆာမယ်လေ။

သောက်ရမှာပဲလေ။ကွင်းထဲသို့ရေဆာပြီးတော့မသွားနိုင်ဘူး။

ဒါကိုခင်ဗျားတို့ကောယုံနိုင်သလား။တစ်ပေါင်တည်းပါ။အီတလီမှာဆိုဒါမျိုးမရှိဘူး။

အဲဒီမှာအသေးစိတ်ပိုကျသေးတယ်။ဒါကကွဲပြားတယ်။ဒါကြောင့်လည်း

ကစားသမားတွေရဲ့လေးစားမှုရတယ်။လေ့ကျင့်ရေးကွင်းသို့သွားတိုင်း

စာရွက်တွေပြရတယ်။မှန်တံခါးဖွင့်ပြီးဂိတ်ကလူကို

‘ဒီမှာကိုယ့်လူဒီကိုနေ့တိုင်းလာနေ့တစ်လရှိပြီ။ငါကကမ္ဘာ့အကောင်းဆုံးကစားသမား။

မင်းကိုငါ့ကိုတောင်မသိဘူးလို့မေးချလိုက်တယ်။

မင်း လုပ်တာမှားနေပြီလို့”လို့ရေးသားသွားပါတယ်။

zawgyi

ဇလာတန္ ယူႏိုက္တက္ကို မုန္းေနတာ ေသခ်ာၿပီ

ဇလာတန္အီဘရာဟီမိုဗစ္ဟာအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္ရဲ႕

ေန႔စဥ္ Operate လုပ္ေဆာင္မႈကိုဖြင့္ခ်လာပါတယ္။ ဆြီဒင္တိုက္စစ္မႉးဟာ

ဟိုတယ္တစ္ခုရဲ႕မီနီဘားမွ၁ေပါင္တန္သစ္သီးေဖ်ာ္ရည္ကိုေသာက္မႈအတြက္

သူ႔ရဲ႕လစာထဲမွအျဖတ္ခံခဲ့ရေၾကာင္းဖြင့္ဟသြားပါတယ္။

ဝါရင့္တိုက္စစ္မႉးအီဘရာဟီမိုဗစ္ဟာ၂၀၁၆ခုႏွစ္တုန္းကလီဂူး၁ထိပ္သီး

ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္အိုးထရက္ဖို႔ဒ္သို႔

ေျပာင္းခဲ့သူျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ဟာယူႏိုက္တက္တြင္တစ္ပတ္လုပ္ခ

ေပါင္၂သိန္းအထိရရွိခဲ့သူျဖစ္ၿပီးပထမဆုံးရာသီတြင္၂၈ပြဲကစားခဲ့ရာမွာ၁၇ဂိုးအထိ

သြင္းယူႏိုင္ခဲ့ပါတယ္။သူဟာယူႏိုက္တက္တြင္ကစားစဥ္အတြင္းယူ႐ိုပါလိဂ္၊

လိဂ္ဖလားႏွင့္ကြန္ျမဴနတီဒိုင္းတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕ Adrenaline အမည္ရွိ အတၳဳပတၱိစာအုပ္သစ္အတြင္းတြင္

ယူႏိုက္တက္နဲ႔ပတ္သက္ၿပီးသူ႔ရဲ႕အံ့ဩသင့္မႈကိုဖြင့္ခ်ခဲ့တာလည္းျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္က “ကမာၻ႔အခ်မ္းသာဆုံးနဲ႔ပါဝါအႀကီးဆုံးကလပ္ေတြက

ကလပ္တစ္ခုျဖစ္ပါတယ္။တစ္ခုကေတာ့ကြၽန္ေတာ့္ကိုအံ့ဩသင့္ေစတယ္။

လူတိုင္းကယူႏိုက္တက္ကိုထိပ္တန္းကလပ္တစ္ခုအေနနဲ႔သတ္မွတ္ပါတယ္။

ကမာၻ႔အခ်မ္းသာဆုံးနဲ႔အႀကီးက်ယ္ဆုံးကလပ္ေတြထဲကတစ္ခုအျဖစ္

သတ္မွတ္ၾကပါတယ္။အျပင္ကလူေတြရဲ႕အျမင္ပါ။ဒါေပမယ့္တစ္ႀကိမ္မွာေတာ့

ကြၽန္ေတာ္ဟာစိတ္ဓာတ္ေသးသိမ္မႈတစ္ခုကိုျမင္ခဲ့ရပါတယ္”လို႔

ေရးသားခဲ့ပါတယ္။၎က “တစ္ေန႔ေတာ့ပြဲတစ္ပြဲမတိုင္ခင္အသင္းနဲ႔အတူ

ဟိုတယ္မွာရွိေနခဲ့ပါတယ္။ေရဆာလာေတာ့မီလီဘားကိုဖြင့္လိုက္တယ္။

သစ္သီးေဖ်ာ္ရည္တစ္ဗူးေတြ႕တယ္။ကြၽန္ေတာ္တို႔ကစားတယ္။အိမ္ျပန္တယ္။

တစ္ခါတစ္ေလဒီလိုပဲေလ။ကြၽန္ေတာ့္လစာရွင္းတမ္းေရာက္လာပါတယ္။

ပုံမွန္ဆိုၾကည့္ေလ့ၾကည့္ထမရွိပါဘူး။ႏွစ္ကုန္ေတာ့မွၾကည့္ေလ့ရွိတယ္။

ဒီတစ္ႀကိမ္မွာေတာ့ဘာေၾကာင့္မွန္းမသိဘူး။သိခ်င္စိတ္ျပင္းျပခဲ့တယ္။

အဲဒီမွာကြၽန္ေတာ့္လစာထဲကတစ္ေပါင္ျဖတ္တာေတြ႕လိုက္ရတယ္။

အသင္းမန္ေနဂ်ာကိုေခၚလိုက္တယ္။ဘာေၾကာင့္လခထဲက

တစ္ေပါင္ျဖတ္လိုက္တာလဲလို႔ေမးလိုက္တယ္။မီနီဘားကသစ္သီးေဖ်ာ္ရည္ေသာက္လို႔တဲ့။

ေနာက္ေနတာလား။တကယ္ႀကီးလို႔ေမးလိုက္တယ္။တစ္ခုခုမွာေသာက္ရင္

ကိုယ့္ဖာသာကိုယ္ရွင္းရမယ္လို႔ေျပာပါတယ္။ဟုတ္တယ္ေလ။

ဒါေပမယ့္ကြၽန္ေတာ္ဟိုတယ္မွာသြားအိပ္တာကိုယ့္ကိစၥနဲ႔သြားတာမဟုတ္ဘူး။

အေပ်ာ္ခရီးထြက္တာမွမဟုတ္တာ။ကြၽန္ေတာ့္အလုပ္ခြင္ေလ။

မန္ခ်က္စတာအတြက္သြားကစားတာေလ။ကစားရမယ္ဆိုရင္ေရလည္းဆာမယ္ေလ။

ေသာက္ရမွာပဲေလ။ကြင္းထဲသို႔ေရဆာၿပီးေတာ့မသြားႏိုင္ဘူး။

ဒါကိုခင္ဗ်ားတို႔ေကာယုံႏိုင္သလား။တစ္ေပါင္တည္းပါ။အီတလီမွာဆိုဒါမ်ိဳးမရွိဘူး။

အဲဒီမွာအေသးစိတ္ပိုက်ေသးတယ္။ဒါကကြဲျပားတယ္။ဒါေၾကာင့္လည္း

ကစားသမားေတြရဲ႕ေလးစားမႈရတယ္။ေလ့က်င့္ေရးကြင္းသို႔သြားတိုင္း

စာ႐ြက္ေတြျပရတယ္။မွန္တံခါးဖြင့္ၿပီးဂိတ္ကလူကို

‘ဒီမွာကိုယ့္လူဒီကိုေန႔တိုင္းလာေန႔တစ္လရွိၿပီ။ငါကကမာၻ႔အေကာင္းဆုံးကစားသမား။

မင္းကိုငါ့ကိုေတာင္မသိဘူးလို႔ေမးခ်လိုက္တယ္။

မင္း လုပ္တာမွားေနၿပီလို႔”လို႔ေရးသားသြားပါတယ္။