
အကြွေး ယူရို ၁.၃ ဘီလျံထိ ရှိနေတဲ့ ဘာစီလိုနာဟာ ဇန်နဝါရီ အပြောင်းအရွှေ့
ဈေးကွက်အတွက် အသုံးစရိတ်အဖြစ် ယူရို ၁၀ သန်းအောက်ပဲ ရှိထားတာဖြစ်လို့
အငှား ခေါ်ယူမှုတွေကို အဓိက ပြုလုပ်လာဖွယ်ရှိနေပါတယ်။
ဘာစီလိုနာရဲ့ ကစားသမားဟောင်း ဒန်နီအဲဗက်စ်ကို အသင်းဆီ
ပြန်လည်ခေါ်ယူထားနိုင်ခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဇာဗီဟာ
အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ခဲ့တဲ့ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူဖို့အတွက်
ဖြစ်နိုင်ချေကို လေ့လာအကဲဖြတ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
Liverpool Echo သတင်းဝက်ဘ်ဆိုက်ကလည်း ဘာစီလိုနာအသင်းဟာ
သူတို့ရဲ့ ကွင်းလယ်လူဟောင်းကို စပိန်မြေဆီ ပြန်လည်ခေါ်ယူဖို့
စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားပါတယ်။
အယ်လ်ကန်တာရာနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းက လီဗာပူးလ်အသင်းဆီ
ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့လည်း စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာနေပါတယ်။
သီယာဂိုဟာ ဇာဗီနဲ့အတူ ၂၀၀၉ ကနေ ၂၀၁၃ အတွင်း ဘာစီလိုနာအသင်းကြီးအတွက်
စီနီယာကစားသမားဘဝပွဲပေါင်း ၁၀၀ အထိ အတူကစားခဲ့ဖူးပြီး
သူဟာ အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
၂၀၁၃ နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ သီယာဂိုဟာ သူ့ရဲ့
ကစားသမားဘဝကို ရှေ့ဆက်ဖို့အတွက် ပွဲအရေအတွက် ပိုကစားရမယ့်
ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။
သူဟာ ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကနေ
လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး (၃၇) ပွဲကစားထားခဲ့ကာ
သွင်းဂိုး (၁) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့
ကွင်းလယ်ဖန်တီးရှင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက်
(၇) ပွဲ ပွဲထွက်ကစားထားပါတယ်။ ဇာဗီကတော့ အပြောင်းအရွှေ့ဈေးကွက်အတွက်
သူသုံးခွင့်ရနိုင်တဲ့ပမာဏနဲပါးနေပေမယ့် သီယာဂိုကို ခေါ်ယူစာချုပ်ချုပ်နိုင်ဖို့အတွက်
လာပေါ်တာနဲ့တောင် တွေ့ဆုံဆွေးနွေးပြီးနေပြီလို့လည်း သိရပါတယ်။
သီယာဂိုဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်ကာလက စပိန်လာလီဂါဖလား
၄ ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ ကြိမ်နဲ့ စပိန်စူပါဖလား ၂ ကြိမ်တို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ကွင်းလယ်ကစားသမားဖြစ်ပေမယ့် တောင်ပံ ၂ ဖက်စလုံးကို
ကောင်းကောင်း ပံ့ပိုးပေးနိုင်သူဖြစ်တာကြောင့်လည်း ဇာဗီအနေနဲ့
ခေါ်ယူလိုနေတာဖြစ်နိုင်ပါတယ်။ ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့
ဇာဗီဟာ နည်းပြအနေနဲ့ အသင်းဆီ ပြန်လည်ရောက်ရှိလာချိန်မှာ သူနဲ့အတူ
ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းကို ပြန်ခေါ်ယူနိုင်ခဲ့ပြီးချိန်မှာ
နောက်ထပ် အသင်းဖော်ဟောင်းတစ်ဦးကိုထပ်ပြီး ခေါ်ယူနိုင်အုံးမလားဆိုတာကတော့…
zawgyi
ဇာဗီဟာ လီဗာပူးလ္က လာမာဆီယာ ကစားသမားေဟာင္း သီယာဂို အယ္လ္ကန္တာရာကိုေခၚယူခ်င္ေန
အေႂကြး ယူ႐ို ၁.၃ ဘီလ်ံထိ ရွိေနတဲ့ ဘာစီလိုနာဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕
ေဈးကြက္အတြက္ အသုံးစရိတ္အျဖစ္ ယူ႐ို ၁၀ သန္းေအာက္ပဲ ရွိထားတာျဖစ္လို႔
အငွား ေခၚယူမႈေတြကို အဓိက ျပဳလုပ္လာဖြယ္ရွိေနပါတယ္။
ဘာစီလိုနာရဲ႕ ကစားသမားေဟာင္း ဒန္နီအဲဗက္စ္ကို အသင္းဆီ
ျပန္လည္ေခၚယူထားႏိုင္ခဲ့ၿပီးေနာက္မွာ ဘာစီလိုနာအသင္းရဲ႕နည္းျပသစ္ဇာဗီဟာ
အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားျဖစ္ခဲ့တဲ့ သီယာဂို အယ္လ္ကန္တာရာကို ေခၚယူဖို႔အတြက္
ျဖစ္ႏိုင္ေခ်ကို ေလ့လာအကဲျဖတ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။
Liverpool Echo သတင္းဝက္ဘ္ဆိုက္ကလည္း ဘာစီလိုနာအသင္းဟာ
သူတို႔ရဲ႕ ကြင္းလယ္လူေဟာင္းကို စပိန္ေျမဆီ ျပန္လည္ေခၚယူဖို႔
စိတ္အားထက္သန္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။
အယ္လ္ကန္တာရာနဲ႔ ပတ္သက္ၿပီး ဘာစီလိုနာအသင္းက လီဗာပူးလ္အသင္းဆီ
ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားဖို႔လည္း စီစဥ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာေနပါတယ္။
သီယာဂိုဟာ ဇာဗီနဲ႔အတူ ၂၀၀၉ ကေန ၂၀၁၃ အတြင္း ဘာစီလိုနာအသင္းႀကီးအတြက္
စီနီယာကစားသမားဘဝပြဲေပါင္း ၁၀၀ အထိ အတူကစားခဲ့ဖူးၿပီး
သူဟာ အသင္းအတြက္ သြင္းဂိုး ၁၁ ဂိုးသြင္းယူေပးခဲ့ပါတယ္။
၂၀၁၃ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာေတာ့ သီယာဂိုဟာ သူ႔ရဲ႕
ကစားသမားဘဝကို ေရွ႕ဆက္ဖို႔အတြက္ ပြဲအေရအတြက္ ပိုကစားရမယ့္
ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။
သူဟာ ၂၀၂၀ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းကေန
လီဗာပူးလ္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၃၇) ပြဲကစားထားခဲ့ကာ
သြင္းဂိုး (၁) ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့
ကြင္းလယ္ဖန္တီးရွင္ဟာ ဒီႏွစ္ေဘာလုံးရာသီမွာ လီဗာပူးလ္အသင္းအတြက္
(၇) ပြဲ ပြဲထြက္ကစားထားပါတယ္။ ဇာဗီကေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြက္
သူသုံးခြင့္ရႏိုင္တဲ့ပမာဏနဲပါးေနေပမယ့္ သီယာဂိုကို ေခၚယူစာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔အတြက္
လာေပၚတာနဲ႔ေတာင္ ေတြ႕ဆုံေဆြးေႏြးၿပီးေနၿပီလို႔လည္း သိရပါတယ္။
သီယာဂိုဟာ ဘာစီလိုနာအသင္းမွာ ကစားခဲ့စဥ္ကာလက စပိန္လာလီဂါဖလား
၄ ႀကိမ္၊ စပိန္ဘုရင့္ဖလား ၂ ႀကိမ္နဲ႔ စပိန္စူပါဖလား ၂ ႀကိမ္တို႔ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာ ကြင္းလယ္ကစားသမားျဖစ္ေပမယ့္ ေတာင္ပံ ၂ ဖက္စလုံးကို
ေကာင္းေကာင္း ပံ့ပိုးေပးႏိုင္သူျဖစ္တာေၾကာင့္လည္း ဇာဗီအေနနဲ႔
ေခၚယူလိုေနတာျဖစ္ႏိုင္ပါတယ္။ ဘာစီလိုနာရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့
ဇာဗီဟာ နည္းျပအေနနဲ႔ အသင္းဆီ ျပန္လည္ေရာက္ရွိလာခ်ိန္မွာ သူနဲ႔အတူ
ကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္းကို ျပန္ေခၚယူႏိုင္ခဲ့ၿပီးခ်ိန္မွာ
ေနာက္ထပ္ အသင္းေဖာ္ေဟာင္းတစ္ဦးကိုထပ္ၿပီး ေခၚယူႏိုင္အုံးမလားဆိုတာကေတာ့…