ဇာဗီးဟာ ဘာစီလိုနာသို့နည်းပြအဖြစ် ပြန်ခွင့်ပေးရန် ကာတာထိပ်သီးအယ်ဆတ်ကို တောင်းဆို

ဇာဗီးဟာအသင်းဟောင်းဘာစီလိုနာသို့နည်းပြအဖြစ်ဖြင့်ပြန်ခွင့်ပေးရန်

ကာတာထိပ်သီးအယ်ဆတ်ကိုတောင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာရာထူးမှထုတ်ပယ်လိုက်တဲ့ရော်နယ်ကိုးမန်းရဲ့နေရာတွင်

ဂန္ထဝင်ကစားသမားဇာဗီးဖြင့်အစားထိုးခန့်အပ်လိုနေပါတယ်။

အသက်၄၁နှစ်ရှိဇာဗီးဟာဗုဒ္ဓဟူးနေ့တုန်းကအယ်ဒူဟေးလ်နှင့်

သုံးဂိုးစီသရေကျတဲ့ပွဲစဉ်အပြီးတွင်ကစားသမားအားလုံးနှင့်

လက်ဆွဲနှုတ်ဆက်မှုပြုလုပ်ခဲ့တာတွေ့ရပြီးအယ်ဆတ်မှထွက်ခွာတော့မယ်လို့ယူဆရပါတယ်။

ဇာဗီးက “ဘာစီလိုနာနဲ့ဆွေးနွေးလာတာရက်အတန်ကြာပါပြီ။ပြီးသွားပါပြီ။

အခုကကလပ်နှစ်ခုအကြားဆွေးနွေးမှုအပေါ်မှာဘဲမူတည်ပါတော့တယ်။

သူတို့အကြားမှာသဘောတူညီမှုရဖို့လိုပါတယ်။ဘာကာကလည်းဆွေးနွေးဖို့

လာပါမယ်။ကျွန်တော်တို့အားလုံးစိတ်လှုပ်ရှားနေပါတယ်။ဘယ်လိုအဆုံးသတ်

သွားမလဲကြည့်ရပါမယ်။အိမ်သို့အရမ်းပြန်ချင်နေပါပြီ။ဖြစ်လာဖို့လည်း

မျှော်လင့်ပါတယ်။ကျွန်တော့်မှာစာချုပ်ရှိနေတော့ကလပ်အကြားဆွေးနွေးဖို့လိုပါတယ်။

ကျွန်တော့်အနေအထားဘယ်လိုဆိုတာသူတို့လည်းသိထားပြီးသားပါ”လို့ပြောကြားခဲ့ပါတယ်။

ဇာဗီးဟာနူးကမ့်တွင်ကစားသမားတစ်ဦးအဖြစ်၁၇နှစ်ကြာကျင်လည်ခဲ့သူဖြစ်ပြီး

လာလီဂါဖလား၈ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ကိုယ်စားလှယ်များဟာဇာဗီးအားခန့်အပ်ရေးအတွက်

အယ်ဆတ်နှင့်ဆွေးနွေးမှုပြုလုပ်ရန်ဒိုဟာသို့ရောက်နေပြီဖြစ်ပြီး

ဆွေးနွေးမှုအဆင်ပြေပါက၂၄နာရီအတွင်းတွင်ခန့်အပ်လာဖို့ရှိပါတယ်။

zawgyi

ဇာဗီးဟာ ဘာစီလိုနာသို႔နည္းျပအျဖစ္ ျပန္ခြင့္ေပးရန္ ကာတာထိပ္သီးအယ္ဆတ္ကို ေတာင္းဆို

ဇာဗီးဟာအသင္းေဟာင္းဘာစီလိုနာသို႔နည္းျပအျဖစ္ျဖင့္ျပန္ခြင့္ေပးရန္

ကာတာထိပ္သီးအယ္ဆတ္ကိုေတာင္းဆိုလိုက္ပါတယ္။

ဘာစီလိုနာဟာရာထူးမွထုတ္ပယ္လိုက္တဲ့ေရာ္နယ္ကိုးမန္းရဲ႕ေနရာတြင္

ဂႏၴဝင္ကစားသမားဇာဗီးျဖင့္အစားထိုးခန႔္အပ္လိုေနပါတယ္။

အသက္၄၁ႏွစ္ရွိဇာဗီးဟာဗုဒၶဟူးေန႔တုန္းကအယ္ဒူေဟးလ္ႏွင့္

သုံးဂိုးစီသေရက်တဲ့ပြဲစဥ္အၿပီးတြင္ကစားသမားအားလုံးႏွင့္

လက္ဆြဲႏႈတ္ဆက္မႈျပဳလုပ္ခဲ့တာေတြ႕ရၿပီးအယ္ဆတ္မွထြက္ခြာေတာ့မယ္လို႔ယူဆရပါတယ္။

ဇာဗီးက “ဘာစီလိုနာနဲ႔ေဆြးေႏြးလာတာရက္အတန္ၾကာပါၿပီ။ၿပီးသြားပါၿပီ။

အခုကကလပ္ႏွစ္ခုအၾကားေဆြးေႏြးမႈအေပၚမွာဘဲမူတည္ပါေတာ့တယ္။

သူတို႔အၾကားမွာသေဘာတူညီမႈရဖို႔လိုပါတယ္။ဘာကာကလည္းေဆြးေႏြးဖို႔

လာပါမယ္။ကြၽန္ေတာ္တို႔အားလုံးစိတ္လႈပ္ရွားေနပါတယ္။ဘယ္လိုအဆုံးသတ္

သြားမလဲၾကည့္ရပါမယ္။အိမ္သို႔အရမ္းျပန္ခ်င္ေနပါၿပီ။ျဖစ္လာဖို႔လည္း

ေမွ်ာ္လင့္ပါတယ္။ကြၽန္ေတာ့္မွာစာခ်ဳပ္ရွိေနေတာ့ကလပ္အၾကားေဆြးေႏြးဖို႔လိုပါတယ္။

ကြၽန္ေတာ့္အေနအထားဘယ္လိုဆိုတာသူတို႔လည္းသိထားၿပီးသားပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဇာဗီးဟာႏူးကမ့္တြင္ကစားသမားတစ္ဦးအျဖစ္၁၇ႏွစ္ၾကာက်င္လည္ခဲ့သူျဖစ္ၿပီး

လာလီဂါဖလား၈ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ကိုယ္စားလွယ္မ်ားဟာဇာဗီးအားခန႔္အပ္ေရးအတြက္

အယ္ဆတ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ရန္ဒိုဟာသို႔ေရာက္ေနၿပီျဖစ္ၿပီး

ေဆြးေႏြးမႈအဆင္ေျပပါက၂၄နာရီအတြင္းတြင္ခန႔္အပ္လာဖို႔ရွိပါတယ္။