
မန်ချက်စတာယူနိုက်တက်ဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ပြီး
သူ့နေရာအတွက်အစားထိုးရန်အတွက် ခရစ္စတီယာနိုရော်နယ်ဒို အကြံပြု
ထောက်ခံချက်ပေးတဲ့ထိပ်တန်းနည်းပြတစ်ဦးအားဆက်သွယ်မှုပြုလုပ်လာ
ကြောင်းသိရပါတယ်။
နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာပြီးခဲ့တဲ့အပတ်တုန်းကလက်စတာကိုရှုံးနိမ့်ကာ
ယခုရာသီပရီးမီးယားလိဂ်မှာဒုတိယမြောက်ရှုံးပွဲကြုံခဲ့ပြီးနောက် ဖိအားများနှင့်
ကြုံလာရပါတယ်။မန်ယူဟာနောက်ဆုံးငါးပွဲတွင်တစ်ပွဲတည်းတွင်နိုင်ပွဲရယူထား
နိုင်ပါတယ်။
နော်ဝေလူမျိုးနည်းပြဟာလာမယ့်ရက်သတ္တပတ်များတွင်ဖိအားများစွာကျရောက်
လာဦးမယ့်ပွဲကြပ်များနှင့်ရင်ဆိုင်ရပါဦးမယ်။
မန်ယူဟာမနက်ဖြန်ညမှာအတ္တလန္တာကိုချန်ပီယံလိဂ်အုပ်စုပွဲရင်ဆိုင်ကစားရမှာဖြစ်ပြီ
းလီဗာပူးနှင့်စပါးစ်တို့ကိုလည်းပရီးမီးယားလိဂ်မှာဆက်တိုက်ရင်ဆိုင်ကစားရပါမယ်။
ယင်းသို့အခြေအနေများကြောင့်ဆိုးလ်ရှားဟာမန်ယူနည်းပြအဖြစ်သက်ဆိုးရှည်ဖို့
အခွင့်အလမ်းအလွန်နည်းနေပါတယ်။
တစ်ဖက်တွင်မန်ယူဟာဆိုးလ်ရှားနေရာတွင်အစားထိုးရန်အတွက်ခရစ္စတီယာနို
ရော်နယ်ဒိုရဲ့အကြံပြုထောက်ခံချက်ဖြင့်ဇီဒန်းအားခန့်အပ်ရန်ဆက်သွယ်မှုပြုလုပ်
ထားကြောင်း စပိန်သတင်းစာ El Chiringguito ကဖော်ပြလာပါတယ်။
ဇီဒန်းနှင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်တွင်လက်တွဲစဉ်က
ချန်ပီယံလိဂ်ဖလား၃ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။
ဇီဒန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ
ထွက်ခွာလာပြီးနောက်အသင်းလက်မဲ့ဖြစ်ဖြစ်ပါတယ်။သူဟာနယူးကာဆယ်
နည်းပြရာထူးအတွက်ကမ်းလှမ်းမှုရရှိထားပေမယ့်လည်းပယ်ချထားပါတယ်။
သူဟာ၂၀၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပြင်သစ်နည်းပြအဖြစ်တာဝန်ယူရန်စိတ်
အားထက်သန်နေတယ်လို့သတင်းထွက်နေပါတယ်။
မန်ယူကစားသမားဟောင်းဂယ်ရီနဗီးလ်ကတော့မန်ယူဘုတ်အဖွဲ့ဟာအသင်းရဲ့
ခြေစွမ်းနှင့်ရလဒ်အပေါ်စိုးရိမ်နေပေမယ့်လည်း ဆိုးလ်ရှားနှင့်ရာသီအကုန်အထိ
လက်တွဲသွားမယ်လို့ဆိုထားပါတယ်။
Zawgyi
ဇီဒန္းကို မန္ယူဆက္သြယ္ၿပီ
မန္ခ်က္စတာယူႏိုက္တက္ဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ၿပီး
သူ႔ေနရာအတြက္အစားထိုးရန္အတြက္ ခရစၥတီယာႏိုေရာ္နယ္ဒို အႀကံျပဳ
ေထာက္ခံခ်က္ေပးတဲ့ထိပ္တန္းနည္းျပတစ္ဦးအားဆက္သြယ္မႈျပဳလုပ္လာ
ေၾကာင္းသိရပါတယ္။
နည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာၿပီးခဲ့တဲ့အပတ္တုန္းကလက္စတာကိုရႈံးနိမ့္ကာ
ယခုရာသီပရီးမီးယားလိဂ္မွာဒုတိယေျမာက္ရႈံးပြဲႀကဳံခဲ့ၿပီးေနာက္ ဖိအားမ်ားႏွင့္
ႀကဳံလာရပါတယ္။မန္ယူဟာေနာက္ဆုံးငါးပြဲတြင္တစ္ပြဲတည္းတြင္ႏိုင္ပြဲရယူထား
ႏိုင္ပါတယ္။
ေနာ္ေဝလူမ်ိဳးနည္းျပဟာလာမယ့္ရက္သတၱပတ္မ်ားတြင္ဖိအားမ်ားစြာက်ေရာက္
လာဦးမယ့္ပြဲၾကပ္မ်ားႏွင့္ရင္ဆိုင္ရပါဦးမယ္။
မန္ယူဟာမနက္ျဖန္ညမွာအတၱလႏၲာကိုခ်န္ပီယံလိဂ္အုပ္စုပြဲရင္ဆိုင္ကစားရမွာျဖစ္ၿပီ
းလီဗာပူးႏွင့္စပါးစ္တို႔ကိုလည္းပရီးမီးယားလိဂ္မွာဆက္တိုက္ရင္ဆိုင္ကစားရပါမယ္။
ယင္းသို႔အေျခအေနမ်ားေၾကာင့္ဆိုးလ္ရွားဟာမန္ယူနည္းျပအျဖစ္သက္ဆိုးရွည္ဖို႔
အခြင့္အလမ္းအလြန္နည္းေနပါတယ္။
တစ္ဖက္တြင္မန္ယူဟာဆိုးလ္ရွားေနရာတြင္အစားထိုးရန္အတြက္ခရစၥတီယာႏို
ေရာ္နယ္ဒိုရဲ႕အႀကံျပဳေထာက္ခံခ်က္ျဖင့္ဇီဒန္းအားခန႔္အပ္ရန္ဆက္သြယ္မႈျပဳလုပ္
ထားေၾကာင္း စပိန္သတင္းစာ El Chiringguito ကေဖာ္ျပလာပါတယ္။
ဇီဒန္းႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္တြင္လက္တြဲစဥ္က
ခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးခဲ့ဖူးပါတယ္။
ဇီဒန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွ
ထြက္ခြာလာၿပီးေနာက္အသင္းလက္မဲ့ျဖစ္ျဖစ္ပါတယ္။သူဟာနယူးကာဆယ္
နည္းျပရာထူးအတြက္ကမ္းလွမ္းမႈရရွိထားေပမယ့္လည္းပယ္ခ်ထားပါတယ္။
သူဟာ၂၀၂၀ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာျပင္သစ္နည္းျပအျဖစ္တာဝန္ယူရန္စိတ္
အားထက္သန္ေနတယ္လို႔သတင္းထြက္ေနပါတယ္။
မန္ယူကစားသမားေဟာင္းဂယ္ရီနဗီးလ္ကေတာ့မန္ယူဘုတ္အဖြဲ႕ဟာအသင္းရဲ႕
ေျခစြမ္းႏွင့္ရလဒ္အေပၚစိုးရိမ္ေနေပမယ့္လည္း ဆိုးလ္ရွားႏွင့္ရာသီအကုန္အထိ
လက္တြဲသြားမယ္လို႔ဆိုထားပါတယ္။