ဇီဒန်းနဲ့ အင်္ဂလန်သားတွေမပါခဲ့တဲ့ Ballon d’Or dream team

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Ballon d’Or ဆုကို ကမကထလုပ်ပြီးပေးအပ်နေတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဒီဆုရခဲ့တဲ့သူတွေထဲကနေထပ်မံရွေးချယ်လိုက်တဲ့ ထာဝရအကောင်းဆုံး Ballon d’Or အသင်းကို မနေ့တုန်းကထုတ်ပြန်လိုက်ပါတယ်။

Ballon d’Or ဆုရခဲ့သူတွေထဲကဘဲထပ်မံရွေးချယ်လို့ အခုပါဝင်လာတဲ့အကောင်းဆုံး ၁၁ ဦးစာရင်းမှာ ထင်ရှားကျော်ကြားသူတွေချည်းဘဲ ပါဝင်နေခဲ့တာပါ။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဂျာနယ်လစ် ၁၄၀ ထံကနေဆန္ဒမဲကောက်ယူပြီး အခုအသင်းကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဂျာနယ်လစ် တစ်ယောက်စီဟာ နေရာတစ်ခုစီအတွက် ၃ ယောက်ရွေးချယ်ပေးရတာပါ။ ပထမ၊ ဒုတိယနဲ့ တတိယအကြိုက်တွေပေါ့။ ဒါကြောင့် တွက်ကြည့်မယ်ဆိုရင် အကောင်းဆုံးအသင်း၊ ဒုတိယအကောင်ဆုံးအသင်းနဲ့ တတိယအကောင်းဆုံးအသင်း တွေပါဝင်ပြီးပထမဆုံးအကြိုက်တွေကတော့ ထာဝရအကောင်းဆုံအသင်းဖြစ်သွားတာပါ။ ရွေးချယ်ရသူတွေဟာ ၃-၄-၃ စနစ်ကိုအခြေခံရတာဖြစ်ပါတယ်။

အကောင်ဆုးအသင်းမှာ ဂိုးသမားက လက်ဗ်ယာရှင်၊ နောက်တန်းမှာ မာလ်ဒီနီ၊ ဘက်ကင်ဘောင်ဝါ၊ ကာဖူး၊ အလယ်တန်းမှာ ပီလီ၊ မက်သီးယက်စ်၊ ဇာဗီ၊ မာရာဒိုနာ၊ ရှေ့တန်းမှာ စီရော်နယ်ဒို၊ မက်ဆီနဲ့ ရော်နယ်ဒို တို့ဖြစ်ပါတယ်။

ဒုတိယအကောင်းဆုံးအသင်းမှာတော့ ဂိုး- ဘူဖွန်၊ နောက်တန်းမှာ ကားလို့စ်၊ ဘာရီဆီ၊ ကားလို့စ်အဲလ်ဘတ်တို၊ အလယ်တန်းမှာ ဒီစတီဖာနို၊ ရစ်ကတ်၊ ပီယာလို၊ ဇီဒန်း၊ ရှေ့တန်းမှာ ဂျိုဟန်ခရိုက်ဖ်၊ ရော်နယ်ဒင်ဟိုနဲ့ ဂါရင်ချာ တို့ဖြစ်ပါတယ်။

တတိယအကောင်းဆုံးအသင်းမှာ ဂိုး- နူအာ၊ နောက်တန်းမှာ ဘရစ်တနာ၊ ရာမို့စ်၊ ဖိလစ်လမ်း၊ အလယ်တန်းမှာ အင်နီယေစတာ၊ နက်စ်ကင်၊ ဒီဒီ၊ ပလာတီနီ၊ ရှေတန်းမှာ ဟင်နရီ၊ ဗန်ဘတ်စတန်နဲ့ ဂျော့ဘတ်စ် တို့ဖြစ်ပါတယ်။

အခုစာရင်းတွေကိုကြည့်မယ်ဆိုရင် ဇီဒန်းလို ကစားသမားမျိုးက အကောင်းဆုံးအသင်းမှာ မပါခဲ့တာနဲ့ Ballon d’Or ဆုရခဲ့တဲ့ အင်္ဂလန်သားတွေဟာ လုံးဝမပါခဲ့တာကြောင့် မေးခွန်းထုတ်စရာဖြစ်နေတာပါ။

Ballon d’Or ဆုကို အင်္ဂလန်သားတွေထဲကနေ စတိန်လေမက်သရူး၊ ဘော်ဘီချာလ်တန်၊ ကီဗင်ကီးဂန်း (၂ ကြိမ်ဆက်)၊ မိုက်ကယ်အိုဝင် တို့ရယူနိုင်ခဲ့ကြပါတယ်။ ဒီတော့ သူတို့ထဲကတစ်ဦး အခုရွေးတဲ့အသင်းတွေမှာ ပါဝင်လာသင့်တယ် ဆိုပြီးဝေဖန်မှုတွေရှိနေတာပါ။

ဒါဟာ အင်္ဂလန်နဲ့ ဖီဖာ တို့အကြားရှိနေတဲ့ အငြိုးကြောင့်လားလို့လည်း သုံးသပ်နေကြပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆုကို အင်္ဂလန်သားတွေ တစ်ခါမှမရခဲ့ဘူးဘဲ ၁၉၉၉ နဲ့ ၂၀၀၁ တို့မှာ ရီဗယ်လ်ဒို နဲ့ ဖီဂို တို့ဆုရတော့ နှစ်ကြိမ်စလုံးမှာ ဒေးဗစ်ဘက်ဟမ်းက ဒုတိယရခဲ့တာကသာ အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။ ဖီဖာက ကြီးမှူးပေးအပ်ခဲ့တဲ့ FIFA World Player of the Year ၊ FIFA Ballon d’Or ၊ The Best FIFA Award တွေမှာလည်း အင်္ဂလန်သားတွေ နေရမရခဲ့ပါဘူး။

ဖီဖာဟာ အင်္ဂလန် တို့ကိုဘယ်တော့မှ မျက်နှာသာမပေးဘဲ ၂၀၀၆ ကမ္ဘာ့ဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးပွဲတွေမှာလည်း နှိပ်ကွပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုရွေးချယ်ပေးတဲ့ ဂျာနယ်လစ်တွေဟာ အင်္ဂလန်သားတွေရဲ့အမည်ကို ကြားတောင်ကြားဘူးရဲ့လားလို့ ဆိုနေကြတာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဇီဒန္းနဲ႔ အဂၤလန္သားေတြမပါခဲ့တဲ့ Ballon d’Or dream team

Ballon d’Or ဆုကို ကမကထလုပ္ၿပီးေပးအပ္ေနတဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းဟာ ဒီဆုရခဲ့တဲ့သူေတြထဲကေနထပ္မံေ႐ြးခ်ယ္လိုက္တဲ့ ထာဝရအေကာင္းဆုံး Ballon d’Or အသင္းကို မေန႔တုန္းကထုတ္ျပန္လိုက္ပါတယ္။

Ballon d’Or ဆုရခဲ့သူေတြထဲကဘဲထပ္မံေ႐ြးခ်ယ္လို႔ အခုပါဝင္လာတဲ့အေကာင္းဆုံး ၁၁ ဦးစာရင္းမွာ ထင္ရွားေက်ာ္ၾကားသူေတြခ်ည္းဘဲ ပါဝင္ေနခဲ့တာပါ။

ျပင္သစ္ေဘာလုံးမဂၢဇင္းဟာ ဂ်ာနယ္လစ္ ၁၄၀ ထံကေနဆႏၵမဲေကာက္ယူၿပီး အခုအသင္းကိုေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဂ်ာနယ္လစ္ တစ္ေယာက္စီဟာ ေနရာတစ္ခုစီအတြက္ ၃ ေယာက္ေ႐ြးခ်ယ္ေပးရတာပါ။ ပထမ၊ ဒုတိယနဲ႔ တတိယအႀကိဳက္ေတြေပါ့။ ဒါေၾကာင့္ တြက္ၾကည့္္မယ္ဆိုရင္ အေကာင္းဆုံးအသင္း၊ ဒုတိယအေကာင္ဆုံးအသင္းနဲ႔ တတိယအေကာင္းဆုံးအသင္း ေတြပါဝင္ၿပီးပထမဆုံးအႀကိဳက္ေတြကေတာ့ ထာဝရအေကာင္းဆုံအသင္းျဖစ္သြားတာပါ။

ေ႐ြးခ်ယ္ရသူေတြဟာ ၃-၄-၃ စနစ္ကိုအေျခခံရတာျဖစ္ပါတယ္။ အေကာင္ဆုးအသင္းမွာ ဂိုးသမားက လက္ဗ္ယာရွင္၊ ေနာက္တန္းမွာ မာလ္ဒီနီ၊ ဘက္ကင္ေဘာင္ဝါ၊ ကာဖူး၊ အလယ္တန္းမွာ ပီလီ၊ မက္သီးယက္စ္၊ ဇာဗီ၊ မာရာဒိုနာ၊ ေရွ႕တန္းမွာ စီေရာ္နယ္ဒို၊ မက္ဆီနဲ႔ ေရာ္နယ္ဒို တို႔ျဖစ္ပါတယ္။

ဒုတိယအေကာင္းဆုံးအသင္းမွာေတာ့ ဂိုး- ဘူဖြန္၊ ေနာက္တန္းမွာ ကားလို႔စ္၊ ဘာရီဆီ၊ ကားလို႔စ္အဲလ္ဘတ္တို၊ အလယ္တန္းမွာ ဒီစတီဖာႏို၊ ရစ္ကတ္၊ ပီယာလို၊ ဇီဒန္း၊ ေရွ႕တန္းမွာ ဂ်ိဳဟန္ခ႐ိုက္ဖ္၊ ေရာ္နယ္ဒင္ဟိုနဲ႔ ဂါရင္ခ်ာ တို႔ျဖစ္ပါတယ္။

တတိယအေကာင္းဆုံးအသင္းမွာ ဂိုး- ႏူအာ၊ ေနာက္တန္းမွာ ဘရစ္တနာ၊ ရာမို႔စ္၊ ဖိလစ္လမ္း၊ အလယ္တန္းမွာ အင္နီေယစတာ၊ နက္စ္ကင္၊ ဒီဒီ၊ ပလာတီနီ၊ ေရွတန္းမွာ ဟင္နရီ၊ ဗန္ဘတ္စတန္နဲ႔ ေဂ်ာ့ဘတ္စ္ တို႔ျဖစ္ပါတယ္။

အခုစာရင္းေတြကိုၾကည့္မယ္ဆိုရင္ ဇီဒန္းလို ကစားသမားမ်ိဳးက အေကာင္းဆုံးအသင္းမွာ မပါခဲ့တာနဲ႔ Ballon d’Or ဆုရခဲ့တဲ့ အဂၤလန္သားေတြဟာ လုံးဝမပါခဲ့တာေၾကာင့္ ေမးခြန္းထုတ္စရာျဖစ္ေနတာပါ။

Ballon d’Or ဆုကို အဂၤလန္သားေတြထဲကေန စတိန္ေလမက္သ႐ူး၊ ေဘာ္ဘီခ်ာလ္တန္၊ ကီဗင္ကီးဂန္း (၂ ႀကိမ္ဆက္)၊ မိုက္ကယ္အိုဝင္ တို႔ရယူႏိုင္ခဲ့ၾကပါတယ္။ ဒီေတာ့ သူတို႔ထဲကတစ္ဦး အခုေ႐ြးတဲ့အသင္းေတြမွာ ပါဝင္လာသင့္တယ္ ဆိုၿပီးေဝဖန္မႈေတြရွိေနတာပါ။

ဒါဟာ အဂၤလန္နဲ႔ ဖီဖာ တို႔အၾကားရွိေနတဲ့ အၿငိဳးေၾကာင့္လားလို႔လည္း သုံးသပ္ေနၾကပါတယ္။ ကမာၻ႔အေကာင္းဆုံးဆုကို အဂၤလန္သားေတြ တစ္ခါမွမရခဲ့ဘူးဘဲ ၁၉၉၉ နဲ႔ ၂၀၀၁ တို႔မွာ ရီဗယ္လ္ဒို နဲ႔ ဖီဂို တို႔ဆုရေတာ့ ႏွစ္ႀကိမ္စလုံးမွာ ေဒးဗစ္ဘက္ဟမ္းက ဒုတိယရခဲ့တာကသာ အျမင့္ဆုံးေအာင္ျမင္မႈျဖစ္ခဲ့ပါတယ္။ ဖီဖာက ႀကီးမႉးေပးအပ္ခဲ့တဲ့ FIFA World Player of the Year ၊ FIFA Ballon d’Or ၊ The Best FIFA Award ေတြမွာလည္း အဂၤလန္သားေတြ ေနရမရခဲ့ပါဘူး။

ဖီဖာဟာ အဂၤလန္ တို႔ကိုဘယ္ေတာ့မွ မ်က္ႏွာသာမေပးဘဲ ၂၀၀၆ ကမာၻ႔ဖလားနဲ႔ ၂၀၂၂ ကမာၻ႔ဖလားအိမ္ရွင္ေ႐ြးပြဲေတြမွာလည္း ႏွိပ္ကြပ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခုေ႐ြးခ်ယ္ေပးတဲ့ ဂ်ာနယ္လစ္ေတြဟာ အဂၤလန္သားေတြရဲ႕အမည္ကို ၾကားေတာင္ၾကားဘူးရဲ႕လားလို႔ ဆိုေနၾကတာပဲျဖစ္ပါတယ္။