ညည်းတွားရလောက်တဲ့အထိ ဒဏ်ရာပြဿနာမရှိဘူးလို့ ပွဲမတိုင်ခင် လီဗာပူးကို ဝေဖန်တိုက်ခိုက်လိုက်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ်နည်းပြ မော်ရင်ဟိုကတော့ လီဗာပူးနဲ့ပွဲမတိုင်ခင် ပြိုင်ဘက်လီဗာပူးအသင်းမှာ ညည်းတွားရလောက်တဲ့အထိ ဒဏ်ရာပြဿနာမရှိဘူးလို့ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာရပ်တည်နေတဲ့ တော့တင်ဟမ်အသင်းဟာ လက်ရှိချန်ပီယံလီဗာပူးအသင်းကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ဒီရာသီဒဏ်ရာပြဿနာတွေများပြားနေပြီး လီဗာပူးနည်းပြ ကလော့ပ်က ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို ကစားသမား ၅ ဦးလဲမယ့်အစီအစဉ်ကို ပြန်လည်အသုံးပြုဖို့ ဦးဆောင်ခဲ့ပါတယ်။

ဗန်ဒိုက် နဲ့ ဂိုးမက်ဇ်တို့ ၂ ဦးဟာ ဒီရာသီကို လွဲချော်တော့မှာဖြစ်ပြီး ဒီယေဂိုဂျိုတာကလည်း ဒူးဒဏ်ရာကြောင့် ၂ လခန့် နားရတော့မှာဖြစ်ကာ မာတစ်ကလည်း အသေးစားဒဏ်ရာကြောင့် တော့တင်ဟမ်နဲ့ပွဲအတွက် မသေချာတဲ့အနေအထားမျိုးဖြစ်လာပါတယ်။

“အလီဆင်လည်း ဒဏ်ရာမရသလို ၊ အာနိုးလ်လည်း ဒဏ်ရာမရပါဘူး။ မာတစ်လည်း ပါဝင်နိုင်လောက်ပါတယ်။ ဖာဘင်ဟို ၊ ရောဘတ်ဆန် ၊ ဟန်ဒါဆန် ၊ ဝှစ်ချ်နယ်ဒန် ၊ ဆာလက် ၊ ဖာမီနို နဲ့ မာနေးတို့လည်းအကုန်လုံးဒဏ်ရာကင်းစင်နေပါတယ်။

အားထားရတဲ့ဗန်ဒိုက် ဒဏ်ရာရတာက လက်ခံလို့ရပါတယ်။ ဒါပေမဲ့ လီဗာပူးဒဏ်ရာရလူစာရင်းက အဆင်ပြေပါသေးတယ်။ ကျွန်တော့်အသင်းရဲ့ဒဏ်ရာရလူစာရင်း ၁၀ ယောက်ကိုလည်း ပေးနိုင်ပါတယ်။

ကျွန်တော့်အသင်းမှာဆို ယူ – ၁၆ က ဒဏ်ရာကစားသမား ၂ ယောက်ရှိနေပါတယ်။ နောက်ထပ် ၂ ယောက်က ယူ – ၂၁ အသင်းကပါ။ နောက်ထပ် ၂ ယောက်က ယူ – ၂၃ ပါ။

လာမယ်လာ နဲ့ တန်ဂန်ဂါတို့လည်း ဒဏ်ရာရနေပါတယ်။ အဲ့တာက ကျွန်တော့်အသင်းရဲ့ဒဏ်ရာရလူစာရင်းပါ။ ဒါပေမဲ့ လိုရစ် ၊ အယ်လ်ဒါဝီရယ် ၊ ဒိုင်ယာ ၊ ရီဂူလွန် ၊ ဟယ်ရီကိန်း ၊ ဆွန် နဲ့ လူးကပ်စ်တို့ ဒဏ်ရာကင်းစင်နေပါတယ်။

အသင်းတိုင်းမှာ ဒဏ်ရာရကစားသမားတွေရှိနေပါတယ်။ လီဗာပူးမှာအကြီးဆုံးဒဏ်ရာပြဿနာက ဗန်ဒိုက်ပဲရှိပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုကတော့ လီဗာပူးအသင်းဟာ အိမ်ကွင်းပရိသတ်ရှေ့မှာ ကစားရမှာဖြစ်တာကြောင့် အားသာချက်တော့ အနည်းငယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက လီဗာပူးနဲ့ပွဲကို တောင်ပံကစားသမား ဂါရတ်ဘေးလ်လွဲချော်နိုင်တယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ ဝေးလ်သားဟာ ပဲလေ့စ်အသင်းကို ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲကိုလည်း အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပါတယ်။ “မနေ့က အသင်းနဲ့ဂါရတ်ဘေးလ်လေ့ကျင့်ခန်းမဆင်းပါဘူး။ သူအထဲမှာပဲ လေ့ကျင့်ခန်းဆင်းပါတယ်။ ဒါကြောင့် ပါဝင်နိုင်ဖို့ မသေချာတဲ့အနေအထားမှာရှိနေပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ညည္းတြားရေလာက္တဲ့အထိ ဒဏ္ရာျပႆနာမရွိဘူးလို႔ ပြဲမတိုင္ခင္ လီဗာပူးကို ေ၀ဖန္တိုက္ခိုက္လိုက္တဲ့ ေမာ္ရင္ဟို

ေတာ့တင္ဟမ္နည္းျပ ေမာ္ရင္ဟိုကေတာ့ လီဗာပူးနဲ႔ပြဲမတိုင္ခင္ ျပိဳင္ဘက္လီဗာပူးအသင္းမွာ ညည္းတြားရေလာက္တဲ့အထိ ဒဏ္ရာျပႆနာမရွိဘူးလို႔ ေ၀ဖန္တိုက္ခိုက္လိုက္ပါတယ္။ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆံုးမွာရပ္တည္ေနတဲ့ ေတာ့တင္ဟမ္အသင္းဟာ လက္ရွိခ်န္ပီယံလီဗာပူးအသင္းကို အန္ဖီးလ္မွာ သြားေရာက္ရင္ဆုိုင္ရမွာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕လီဗာပူးအသင္းဟာ ဒီရာသီဒဏ္ရာျပႆနာေတြမ်ားျပားေနျပီး လီဗာပူးနည္းျပ ကေလာ့ပ္က ပရီးမီးယားလိဂ္တာ၀န္ရွိသူေတြကို ကစားသမား ၅ ဦးလဲမယ့္အစီအစဥ္ကို ျပန္လည္အသံုးျပဳဖို႔ ဦးေဆာင္ခဲ့ပါတယ္။ ဗန္ဒိုက္ နဲ႔ ဂိုးမက္ဇ္တို႔ ၂ ဦးဟာ ဒီရာသီကို လြဲေခ်ာ္ေတာ့မွာျဖစ္ျပီး ဒီေယဂိုဂ်ိဳတာကလည္း ဒူးဒဏ္ရာေၾကာင့္ ၂ လခန္႔ နားရေတာ့မွာျဖစ္ကာ မာတစ္ကလည္း အေသးစားဒဏ္ရာေၾကာင့္ ေတာ့တင္ဟမ္နဲ႔ပြဲအတြက္ မေသခ်ာတဲ့အေနအထားမ်ိဳးျဖစ္လာပါတယ္။

“အလီဆင္လည္း ဒဏ္ရာမရသလို ၊ အာႏိုးလ္လည္း ဒဏ္ရာမရပါဘူး။ မာတစ္လည္း ပါ၀င္ႏုိင္ေလာက္ပါတယ္။ ဖာဘင္ဟို ၊ ေရာဘတ္ဆန္ ၊ ဟန္ဒါဆန္ ၊ ၀ွစ္ခ်္နယ္ဒန္ ၊ ဆာလက္ ၊ ဖာမီႏုိ နဲ႔ မာေနးတို႔လည္းအကုန္လံုးဒဏ္ရာကင္းစင္ေနပါတယ္။ အားထားရတဲ့ဗန္ဒိုက္ ဒဏ္ရာရတာက လက္ခံလို႔ရပါတယ္။ ဒါေပမဲ့ လီဗာပူးဒဏ္ရာရလူစာရင္းက အဆင္ေျပပါေသးတယ္။ ကြ်န္ေတာ့္အသင္းရဲ႕ဒဏ္ရာရလူစာရင္း ၁၀ ေယာက္ကိုလည္း ေပးႏုိင္ပါတယ္။

ကြ်န္ေတာ့္အသင္းမွာဆို ယူ – ၁၆ က ဒဏ္ရာကစားသမား ၂ ေယာက္ရွိေနပါတယ္။ ေနာက္ထပ္ ၂ ေယာက္က ယူ – ၂၁ အသင္းကပါ။ ေနာက္ထပ္ ၂ ေယာက္က ယူ – ၂၃ ပါ။ လာမယ္လာ နဲ႔ တန္ဂန္ဂါတို႔လည္း ဒဏ္ရာရေနပါတယ္။ အဲ့တာက ကြ်န္ေတာ့္အသင္းရဲ႕ဒဏ္ရာရလူစာရင္းပါ။ ဒါေပမဲ့ လိုရစ္ ၊ အယ္လ္ဒါ၀ီရယ္ ၊ ဒိုင္ယာ ၊ ရီဂူလြန္ ၊ ဟယ္ရီကိန္း ၊ ဆြန္ နဲ႔ လူးကပ္စ္တို႔ ဒဏ္ရာကင္းစင္ေနပါတယ္။

အသင္းတိုင္းမွာ ဒဏ္ရာရကစားသမားေတြရွိေနပါတယ္။ လီဗာပူးမွာအၾကီးဆံုးဒဏ္ရာျပႆနာက ဗန္ဒိုက္ပဲရွိပါတယ္”လို႔ ေမာ္ရင္ဟိုက ေျပာၾကားခဲ့ပါတယ္။ ေမာ္ရင္ဟိုကေတာ့ လီဗာပူးအသင္းဟာ အိမ္ကြင္းပရိသတ္ေရွ႕မွာ ကစားရမွာျဖစ္တာေၾကာင့္ အားသာခ်က္ေတာ့ အနည္းငယ္ရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေမာ္ရင္ဟိုက လီဗာပူးနဲ႔ပြဲကို ေတာင္ပံကစားသမား ဂါရတ္ေဘးလ္လြဲေခ်ာ္ႏုိင္တယ္လို႔ အရိပ္အျမြက္ဆိုခဲ့ပါတယ္။

ေ၀းလ္သားဟာ ပဲေလ့စ္အသင္းကို ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲကိုလည္း အဖ်ားေ၀ဒနာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။ “မေန႔က အသင္းနဲ႔ဂါရတ္ေဘးလ္ေလ့က်င့္ခန္းမဆင္းပါဘူး။ သူအထဲမွာပဲ ေလ့က်င့္ခန္းဆင္းပါတယ္။ ဒါေၾကာင့္ ပါ၀င္ႏုိင္ဖို႔ မေသခ်ာတဲ့အေနအထားမွာရွိေနပါတယ္”လို႔ ေမာ္ရင္ဟိုက ေျပာၾကားခဲ့ပါတယ္။