ညီညွတ်မှုမရှိ အုပ်စုနှစ်ဖွဲ့ကွဲနေပြီး တင်းမာမှုတွေရှိနေတဲ့ PSG ကစားသမားများ

အခုနောက်ပိုင်း ရလဒ်တွေယိမ်းယိုင်နေတဲ့ PSG အသင်းမှာ

တောင်အမေရိက,ကစားသမားတွေနဲ့ ပြင်သစ်စကားပြောတဲ့ အသင်းဖော်တွေကြားမှာ

ညီညွတ်မှုမရှိဖြစ်နေပြီး အုပ်စုနှစ်စကွဲနေတယ်လို့

ပြင်သစ်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

PSG အသင်းဟာ စိတ်ပျက်စရာရလဒ်တွေနဲ့ဆက်တိုက်ရင်ဆိုင်နေရပြီး

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ရီးယဲလ်အသင်းကိုရှုံးနိမ့်ခဲ့လို့

ပြိုင်ပွဲကထွက်ခဲ့ရပြီဖြစ်သလို ပြီးခဲ့တဲ့တစ်ပတ်ကလည်း

မိုနာကိုအသင်းနဲ့ပွဲမှာ(၃-၀)ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

မိုနာကိုအသင်းဟာ အဆင့်(၇)နေရာမှာရပ်တည်နေတဲ့အပြင်

PSG အသင်းနဲ့(၂၁)မှတ်အထိကွာဟနေတာကြောင့်

ဒီလိုအသင်းမျိုးကိုရှုံးနိမ့်ခဲ့တာက PSG အသင်းအတွက်

သတိပေးခေါင်းလောင်းသံဖြစ်ပေမယ့် ပြင်သစ်မီဒီယာတွေကတော့

အသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ညီညွတ်မှုမရှိဖြစ်နေတာက

ပိုစိုးရိမ်စရာဖြစ်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အခုလောလောဆယ် PSG အသင်းမှာ တောင်အမေရိကနာမည်ကျော်တွေက

တစ်ဖက်၊ ပြင်သစ်စကားပြောတဲ့အသင်းဖော်တွေကတစ်ဖက်

နှစ်စုကွဲနေတယ်ဆိုပြီး RMC Sport သတင်းဌာနကဖော်ပြခဲ့ပါတယ်။

မိုနာကိုနဲ့ကစားခဲ့တဲ့ပွဲအပြီး အဲဒီအုပ်စုနှစ်ဖွဲ့ကြားမှာ တင်းမာမှုတွေရှိခဲ့ပြီး

အဝတ်လဲခန်းအတွင်း တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြဘူးလို့

သတင်းထွက်နေပါတယ်။ ဒီအခြေအနေကို တည်ငြိမ်အောင်လို့

နည်းပြပိုချက်တီနိုအနေနဲ့ဆောင်ရွက်ဖို့လိုအပ်နေပေမယ့်

ပိုချက်တီနိုကိုယ်တိုင်ကလည်း PSG အသင်းမှာ အနာဂတ်မသေမချာဖြစ်နေတာပါ။

PSG အသင်းဟာ ဒီရာသီပြင်သစ်လီဂူးပြိုင်ပွဲမှာ

ဒုတိယနေရာက မာဆေးလ်အသင်းကို (၁၂)မှတ်ဖြတ်ဦးဆောင်နေပေမယ့်

ပြင်သစ်ဖလားပြိုင်ပွဲနဲ့ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ

ရှုံးထွက်(၁၆)သင်းအဆင့်ကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။

zawgyi

ညီၫြတ္မႈမရွိ အုပ္စုႏွစ္ဖြဲ႕ကြဲေနၿပီး တင္းမာမႈေတြရွိေနတဲ့ PSG ကစားသမားမ်ား

PSG အသင္းမွာ ေတာင္အေမရိက,ကစားသမားေတြနဲ႔က်န္တဲ့ကစားသမားေတြၾကား အုပ္စုႏွစ္စုကြဲေန

အခုေနာက္ပိုင္း ရလဒ္ေတြယိမ္းယိုင္ေနတဲ့ PSG အသင္းမွာ

ေတာင္အေမရိက,ကစားသမားေတြနဲ႔ ျပင္သစ္စကားေျပာတဲ့ အသင္းေဖာ္ေတြၾကားမွာ

ညီၫြတ္မႈမရွိျဖစ္ေနၿပီး အုပ္စုႏွစ္စကြဲေနတယ္လို႔

ျပင္သစ္မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။

PSG အသင္းဟာ စိတ္ပ်က္စရာရလဒ္ေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရၿပီး

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ ရီးယဲလ္အသင္းကိုရႈံးနိမ့္ခဲ့လို႔

ၿပိဳင္ပြဲကထြက္ခဲ့ရၿပီျဖစ္သလို ၿပီးခဲ့တဲ့တစ္ပတ္ကလည္း

မိုနာကိုအသင္းနဲ႔ပြဲမွာ(၃-၀)ဂိုးျပတ္အေရးနိမ့္ခဲ့ပါတယ္။

မိုနာကိုအသင္းဟာ အဆင့္(၇)ေနရာမွာရပ္တည္ေနတဲ့အျပင္

PSG အသင္းနဲ႔(၂၁)မွတ္အထိကြာဟေနတာေၾကာင့္

ဒီလိုအသင္းမ်ိဳးကိုရႈံးနိမ့္ခဲ့တာက PSG အသင္းအတြက္

သတိေပးေခါင္းေလာင္းသံျဖစ္ေပမယ့္ ျပင္သစ္မီဒီယာေတြကေတာ့

အသင္းရဲ႕အဝတ္လဲခန္းအတြင္းမွာ ညီၫြတ္မႈမရွိျဖစ္ေနတာက

ပိုစိုးရိမ္စရာျဖစ္ေနတယ္လို႔ သုံးသပ္ခဲ့ပါတယ္။

အခုေလာေလာဆယ္ PSG အသင္းမွာ ေတာင္အေမရိကနာမည္ေက်ာ္ေတြက

တစ္ဖက္၊ ျပင္သစ္စကားေျပာတဲ့အသင္းေဖာ္ေတြကတစ္ဖက္

ႏွစ္စုကြဲေနတယ္ဆိုၿပီး RMC Sport သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။

မိုနာကိုနဲ႔ကစားခဲ့တဲ့ပြဲအၿပီး အဲဒီအုပ္စုႏွစ္ဖြဲ႕ၾကားမွာ တင္းမာမႈေတြရွိခဲ့ၿပီး

အဝတ္လဲခန္းအတြင္း တစ္ေယာက္နဲ႔တစ္ေယာက္စကားမေျပာၾကဘူးလို႔

သတင္းထြက္ေနပါတယ္။ ဒီအေျခအေနကို တည္ၿငိမ္ေအာင္လို႔

နည္းျပပိုခ်က္တီႏိုအေနနဲ႔ေဆာင္႐ြက္ဖို႔လိုအပ္ေနေပမယ့္

ပိုခ်က္တီႏိုကိုယ္တိုင္ကလည္း PSG အသင္းမွာ အနာဂတ္မေသမခ်ာျဖစ္ေနတာပါ။

PSG အသင္းဟာ ဒီရာသီျပင္သစ္လီဂူးၿပိဳင္ပြဲမွာ

ဒုတိယေနရာက မာေဆးလ္အသင္းကို (၁၂)မွတ္ျဖတ္ဦးေဆာင္ေနေပမယ့္

ျပင္သစ္ဖလားၿပိဳင္ပြဲနဲ႔ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ

ရႈံးထြက္(၁၆)သင္းအဆင့္ကေနထြက္ခဲ့ရၿပီျဖစ္ပါတယ္။