
အေဂျက်စ်စတားဟောင်းကွင်စီပရိုမက်စ်ဟာလူသတ်ရန်ကြိုးပမ်းမှု၊
တိုက်ခိုက်မှုတို့ကြောင့်ထောင်နန်းစံရဖို့သေချာနေပြီဖြစ်ပါတယ်။
နယ်သာလန်လက်ရွေးစင်ဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လတုန်းကမိသားစုတွေ့ဆုံပွဲတွင်
ညီအစ်ကိုဝမ်းကွဲအားဓားဖြင့်ထိုးမှုကြောင့် ဒီဇင်ဘာလတွင် ဖမ်းဆီးထိန်းသိမ်း
ခြင်းခံခဲ့ရပါတယ်။
သူဟာ၂ရက်ကြာထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက်ပြန်လည်
လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမယ့်ရဲတပ်ဖွဲ့ကယင်းအမှုကိုဆက်လက်
စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
ယခုအခါမှာတော့တရားရုံးတွင်သူ့ကိုစွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။
ဒါပေမယ့်ဘယ်တော့ကြားနာrမယ်ဆိုတာမသိရပါသေးပါဘူး။
ပရိုမက်စ်ဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လတုန်းကမိသားစုတွေ့ဆုံစားသောက်ပွဲ
ကျင်းပခဲ့ပြီးအမျိုးသားမိသားစုဝင်တစ်ဦးနှင့်အချင်းများခဲ့ပါတယ်။ သူဟာ
ယင်းညီအစ်ကိုဝမ်းကွဲကိုဓားဖြင့်ထိုးခဲ့တဲ့အပြင်ဒဏ်ရာများစွာရရှိအောင်လည်း
တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ပရိုမက်စ် ရဲ့ရှေ့နေကအခင်းဖြစ်ပွားချိန်တွင်
ပရိုမက်စ်မှာယင်းနေရာတွင်ရှိမနေကြောင်းကြေညာခဲ့ပါတယ်။
ပရိုမက်စ်ဟာအေဂျက်စ်အတွက်ပွဲ၅၀ကစားခဲ့သူဖြစ်ပြီးယခုနှစ်ဖေဖော်ဝါရီလ
တုန်းကစပါးတပ်မော်စကိုသို့ပြောင်းခဲ့သူဖြစ်ပါတယ်။ဆီဗီလာကစားသမားဟောင်း
ဟာနယ်သာလန်အသင်းအတွက်ပွဲ၅၀ကစားထားသူဖြစ်ပြီးယူရို၂၀၂၀ပြိုင်ပွဲတွင်
ပါဝင်ကစားခဲ့ပါတယ်။
Zawgyi
ညီအစ္ကိုဝမ္းကြဲကို ဓားနဲ႔ထိုးခဲ့လို႔ ေထာင္က်ဖို႔ ေသခ်ာေနတဲ့ ကြင္စီပ႐ိုမက္စ္
ေအဂ်က္စ္စတားေဟာင္း ကြင္စီပ႐ိုမက္စ္ဟာလူသတ္ရန္ႀကိဳးပမ္းမႈ၊
တိုက္ခိုက္မႈတို႔ေၾကာင့္ေထာင္နန္းစံရဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။
နယ္သာလန္လက္ေ႐ြးစင္ဟာ၂၀၂၀ခုႏွစ္၊ဇူလိုင္လတုန္းကမိသားစုေတြ႕ဆုံပြဲတြင္
ညီအစ္ကိုဝမ္းကြဲအားဓားျဖင့္ထိုးမႈေၾကာင့္ ဒီဇင္ဘာလတြင္ ဖမ္းဆီးထိန္းသိမ္း
ျခင္းခံခဲ့ရပါတယ္။သူဟာ၂ရက္ၾကာထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္ျပန္လည္
လြတ္ေျမာက္လာခဲ့ပါတယ္။ဒါေပမယ့္ရဲတပ္ဖြဲ႕ကယင္းအမႈကိုဆက္လက္
စုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။
ယခုအခါမွာေတာ့တရား႐ုံးတြင္သူ႔ကိုစြဲခ်က္တင္လိုက္ၿပီျဖစ္ပါတယ္။
ဒါေပမယ့္ဘယ္ေတာ့ၾကားနာrမယ္ဆိုတာမသိရပါေသးပါဘူး။
ပ႐ိုမက္စ္ဟာ၂၀၂၀ခုႏွစ္၊ဇူလိုင္လတုန္းကမိသားစုေတြ႕ဆုံစားေသာက္ပြဲ
က်င္းပခဲ့ၿပီးအမ်ိဳးသားမိသားစုဝင္တစ္ဦးႏွင့္အခ်င္းမ်ားခဲ့ပါတယ္။ သူဟာ
ယင္းညီအစ္ကိုဝမ္းကြဲကိုဓားျဖင့္ထိုးခဲ့တဲ့အျပင္ဒဏ္ရာမ်ားစြာရရွိေအာင္လည္း
တိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။ပ႐ိုမက္စ္ ရဲ႕ေရွ႕ေနကအခင္းျဖစ္ပြားခ်ိန္တြင္
ပ႐ိုမက္စ္မွာယင္းေနရာတြင္ရွိမေနေၾကာင္းေၾကညာခဲ့ပါတယ္။
ပ႐ိုမက္စ္ဟာေအဂ်က္စ္အတြက္ပြဲ၅၀ကစားခဲ့သူျဖစ္ၿပီးယခုႏွစ္ေဖေဖာ္ဝါရီလ
တုန္းကစပါးတပ္ေမာ္စကိုသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။ဆီဗီလာကစားသမားေဟာင္း
ဟာနယ္သာလန္အသင္းအတြက္ပြဲ၅၀ကစားထားသူျဖစ္ၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္
ပါဝင္ကစားခဲ့ပါတယ္။