တစ်ကိုယ်တော်အစွမ်းနဲ့ဘီလီဖီးလ်ခံစစ်ကိုထိုးဖောက်ပြီးလှပတဲ့ဂိုးကိုသွင်းယူခဲ့တဲ့ ဘယ်လင်ဂမ်

သူ့အသက်က၁၈နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့်ဂျူ့ဘယ်လင်ဂမ်ဟာယခုရာသီမှာ

ဘွန်ဒက်စ်လီဂါပြိုင်ဘက်အသင်းများရဲ့ခံစစ်ကိုအလွယ်တကူဘဲကျော်ဖြတ်ပြနေပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားလေးဟာမနေ့ညတုန်းကဘီလီဖီးလ်ကို

ဒေါ့မွန်ကအဝေးကွင်းမှာ၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ တစ်ကိုယ်တော်အစွမ်းနဲ့

ဘီလီဖီးလ်ခံစစ်ကိုထိုးဖောက်ပြီးလှပတဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာဒေါ့မွန်က၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဒေါ့မွန်အတွက်ဦးဆောင်ဂိုးများကို

အမ်မရီကန်(ပင်)နှင့်မတ်ဟမ်မဲလ်တို့ကသွင်းယူခဲ့ကြပါတယ်။

ပွဲချိန်၇၂မိနစ်မှာတော့ဘယ်လင်ဂမ်ဟာဘီလီဖီးလ်ဧရိယာအစပ်နားမှာဘောလုံးရရှိပြီးနောက်

ဘီလီဖီးလ်နောက်ခံလူသုံးယောက်ကိုလိမ်ခေါက်ကျော်ဖြတ်ကာ

ဒေါ့မွန်အတွက်တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

zawgyi










