တစ်ကျော့ပြန်အဲရစ်ဆင်ရဲ့ဂိုးအပါအဝင် ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ်

ဒီနေ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတွေထဲမှာ Shock အဖြစ်ဆုံးပွဲကတော့

ချယ်လ်ဆီးနဲ့ဘရန့်ဖို့ဒ်ပွဲပါပဲ။

ဒီရာသီမှာ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်တန်းတက်လာပြီး

ရာသီအစပိုင်းမှာ မထင်မှတ်တဲ့ရလဒ်တွေရယူပြခဲ့ပြီးနောက်ပိုင်း

သာမန်အသင်းတွေရဲ့ထုံးစံအတိုင်းပဲ ပရီးမီးယားလိဂ်မှာ

ဆက်လက်ရှင်သန်နိုင်ဖို့ရုန်းကန်နေရတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ

ရာသီကုန်ခါနီးမှ စွမ်းဆောင်ရည်ကောင်းတွေပြန်ပြနေပါတယ်။

အဆင့်(၃)နေရာက ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကနေ (၃)မှတ်ပိုက်ပြီးတော့ ပြန်လာနိုင်တာက

သောမတ်စ်ဖရန့်ခ်နဲ့ဘရန့်ဖို့ဒ်ကစားသမားတွေကို သေချာပေါက်ချီးကျူးရမှာပါပဲ။

ဒီပွဲမှာ မြက်ခင်းစိမ်းတွေပေါ်တစ်ကျော့ပြန်ခြေချပြီး ခြေစွမ်းပြနေတဲ့

အဲရစ်ဆင်က တစ်ဂိုးသွင်းယူခဲ့သလို (၅)ရက်အတွင်းမှာပဲ

နိုင်ငံနဲ့ကလပ်အသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂိုးပြတ်ရှုံးပွဲအတွက် အဓိကအပြစ်တင်ရမှာက ချယ်လ်ဆီးအသင်းခံစစ်ပဲဖြစ်ပြီး

စိတ်ပျက်စရာကောင်းလောက်အောင် အားနည်းခဲ့တဲ့အပြင်

အသင်းရဲ့ခြေစွမ်းဟာ မနှစ်က ဝက်စ်ဘရွန်းအသင်းကို

အိမ်ကွင်းမှာ(၅-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးပါပဲ။

ချယ်လ်ဆီးအသင်းအတွက် ဒုတိယပိုင်းအစမှာ ရူဒီဂါက လှပတဲ့အဝေးကန်ချက်နဲ့

ဂိုးသွင်းခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ ယာနက်ကချေပဂိုးပြန်သွင်းခဲ့ပြီး

(၅၄)မိနစ်မှာ အဲရစ်ဆင်၊ မိနစ်(၆၀)မှာ ယာနက်ကပဲ ဒုတိယဂိုးတွေသွင်းယူခဲ့တာကြောင့်

(၃-၁)ဂိုးနဲ့ဘရန့်ဖို့ဒ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်အသင်းဟာ

ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက် (၁၂)မိနစ်အတွင်းမှာပဲ (၃)ဂိုးပြန်သွင်းခဲ့တာပါ။

ဘရန့်ဖို့ဒ်အတွက် စတုတ္ထမြောက်ဂိုးကိုတော့ ပွဲပြီးခါနီးလူစားဝင်လာတဲ့

ဝစ်ဆာက ကွင်းထဲရောက်လို့ (၁၉)စက္ကန့်အကြာမှာပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီလတုန်းက မန်စီးတီးကိုရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း

ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်သလို

ပြိုင်ပွဲစုံ(၆)ပွဲဆက်အနိုင်မှတ်တမ်းကလည်း ရပ်တန့်ခံလိုက်ရပါပြီ။

zawgi

တစ္ေက်ာ့ျပန္အဲရစ္ဆင္ရဲ႕ဂိုးအပါအဝင္ ခ်ယ္လ္ဆီးကို ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ ဘရန႔္ဖို႔ဒ္

ဒီေန႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲေတြထဲမွာ Shock အျဖစ္ဆုံးပြဲကေတာ့

ခ်ယ္လ္ဆီးနဲ႔ဘရန႔္ဖို႔ဒ္ပြဲပါပဲ။

ဒီရာသီမွာ ပရီးမီးယားလိဂ္ကို ပထမဆုံးအႀကိမ္တန္းတက္လာၿပီး

ရာသီအစပိုင္းမွာ မထင္မွတ္တဲ့ရလဒ္ေတြရယူျပခဲ့ၿပီးေနာက္ပိုင္း

သာမန္အသင္းေတြရဲ႕ထုံးစံအတိုင္းပဲ ပရီးမီးယားလိဂ္မွာ

ဆက္လက္ရွင္သန္ႏိုင္ဖို႔႐ုန္းကန္ေနရတဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ

ရာသီကုန္ခါနီးမွ စြမ္းေဆာင္ရည္ေကာင္းေတြျပန္ျပေနပါတယ္။

အဆင့္(၃)ေနရာက ခ်ယ္လ္ဆီးအသင္းကို ဂိုးျပတ္အႏိုင္ယူၿပီး

စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းကေန (၃)မွတ္ပိုက္ၿပီးေတာ့ ျပန္လာႏိုင္တာက

ေသာမတ္စ္ဖရန႔္ခ္နဲ႔ဘရန႔္ဖို႔ဒ္ကစားသမားေတြကို ေသခ်ာေပါက္ခ်ီးက်ဴးရမွာပါပဲ။

ဒီပြဲမွာ ျမက္ခင္းစိမ္းေတြေပၚတစ္ေက်ာ့ျပန္ေျခခ်ၿပီး ေျခစြမ္းျပေနတဲ့

အဲရစ္ဆင္က တစ္ဂိုးသြင္းယူခဲ့သလို (၅)ရက္အတြင္းမွာပဲ

ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ ဂိုးေတြဆက္တိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဂိုးျပတ္ရႈံးပြဲအတြက္ အဓိကအျပစ္တင္ရမွာက ခ်ယ္လ္ဆီးအသင္းခံစစ္ပဲျဖစ္ၿပီး

စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ အားနည္းခဲ့တဲ့အျပင္

အသင္းရဲ႕ေျခစြမ္းဟာ မႏွစ္က ဝက္စ္ဘ႐ြန္းအသင္းကို

အိမ္ကြင္းမွာ(၅-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အဆိုး႐ြားဆုံးပါပဲ။

ခ်ယ္လ္ဆီးအသင္းအတြက္ ဒုတိယပိုင္းအစမွာ ႐ူဒီဂါက လွပတဲ့အေဝးကန္ခ်က္နဲ႔

ဂိုးသြင္းခဲ့ေပမယ့္ မိနစ္ပိုင္းအၾကာမွာပဲ ယာနက္ကေခ်ပဂိုးျပန္သြင္းခဲ့ၿပီး

(၅၄)မိနစ္မွာ အဲရစ္ဆင္၊ မိနစ္(၆၀)မွာ ယာနက္ကပဲ ဒုတိယဂိုးေတြသြင္းယူခဲ့တာေၾကာင့္

(၃-၁)ဂိုးနဲ႔ဘရန႔္ဖို႔ဒ္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဘရန႔္ဖို႔ဒ္အသင္းဟာ

ဦးေဆာင္ဂိုးေပးလိုက္ရၿပီးတဲ့ေနာက္ (၁၂)မိနစ္အတြင္းမွာပဲ (၃)ဂိုးျပန္သြင္းခဲ့တာပါ။

ဘရန႔္ဖို႔ဒ္အတြက္ စတုတၳေျမာက္ဂိုးကိုေတာ့ ပြဲၿပီးခါနီးလူစားဝင္လာတဲ့

ဝစ္ဆာက ကြင္းထဲေရာက္လို႔ (၁၉)စကၠန႔္အၾကာမွာပဲ သြင္းယူခဲ့တာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ဇန္နဝါရီလတုန္းက မန္စီးတီးကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း

ပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္သလို

ၿပိဳင္ပြဲစုံ(၆)ပြဲဆက္အႏိုင္မွတ္တမ္းကလည္း ရပ္တန႔္ခံလိုက္ရပါၿပီ။