တစ်ကွင်းလုံးကသူ့ကိုအမည်ကိုအော်ကာ လက်ခုပ်တီးဂုဏ်ပြုမှုခံရတဲ့ ဒေါက်တာတွမ်ပရစ်ချတ်

မနေ့ညတုန်းကစိန့်ဂျိမ်းစ်ပါ့ခ်တွင်နယူးကာဆယ်နှင့်စပါးစ်တို့ရဲ့ပရီးမီးယားလိဂ်

ပွဲစဉ်တွင်နှလုံးရောဂါဖောက်တဲ့နယူးကာဆယ်ပရိသတ်ရဲ့အသက်ကိုဘယ်လို

ကယ်တင်ခဲ့ရသလဲဆိုတာ သူရဲကောင်းဆရာဝန်ကဖွင့်ဟပြောကြားလာပါတယ်။
ဒါ့အပြင် ဆရာဝန်ကနယူးကာဆယ်ပရိသတ်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီး

နောက်တစ်ကွင်းလုံးကသူ့ကိုအမည်ကိုအော်ကာလက်ခုပ်တီးဂုဏ်ပြုမှုခံရတဲ့

ဖြစ်ရပ်မှာသူ့ဘဝတွင်အကောင်းဆုံးအခိုက်အတန့်များထဲမှတစ်ခုဖြစ်ကြောင်း

လည်းဝမ်းသာဂုဏ်ယူစွာပြောကြားသွားပါတယ်။


တနင်္ဂနွေနေ့တုန်းကပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးတွင်ပွဲကြည့်စင်ပေါ်မှအသက်

ခပ်ကြီးကြီးနယူးကာဆယ်ပရိသတ်တစ်ဦးဟာနှလုံးဖောက်ပြီးနောက်ပွဲကို

ရပ်ဆိုင်းခဲ့ရပါတယ်။ဒေါက်တာတွမ်ပရစ်ချတ်ဟာ Gallowgate ခုံတန်း ၃၀ အစွန်တွင်ထိုင်နေသူ

ဖြစ်ပြီးအလျှင်အမြန်သွားရောက်ကာရှေးဦးသူနာပြုဖြင့်ကူညီခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်နယူးကာဆယ်အသင်းဆရာဝန်ပေါလ်ကတ်တာဆင်

ရောက်လာပြီးပူးပေါင်းဆောင်ရွက်ကာ နှလုံးရောဂါဖောက်တဲ့နယူးကာဆယ်

ပရိသတ်ရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ကြောင့်

ပွဲကိုမိနစ်၂၀ခန့်နားခဲ့ရပေမယ့်လူနာမှာဆေးရုံသို့ရောက်ပြီးနောက် သက်

သာသွားခဲ့ပြီဖြစ်ပါတယ်။

ဒေါက်တာတွမ်ပရစ်ချတ်ဟာနယူးကာဆယ်ပရိသတ်ကိုကူအညီပြီးနောက်

သူထိုင်ရာထိုင်ခုံသို့ပြန်စဉ်အတွင်းပရိသတ်များရဲ့လက်ခုပ်တီးအားပေးခြင်း

ခံခဲ့ရပါတယ်။
University of North Tees မှဂျူနီယာဆရာဝန်က “ဒါမျိုးတွေကအလုပ်မှာ

ကြုံရတဲ့အရာမျိုးတွေပါ။ဒါပေမယ့်ဆေးရုံပြင်ပမှာတော့ဒီမျိုးမကြုံခဲ့ဖူးပါဘူး။

အသက်ခပ်ကြီးကြီးလူတစ်ယောက်နှလုံးဖောက်ပြီးထိုင်ခုံမှာမေ့လဲနေပါတယ်။

ရှေးဦးသူနာပြုနဲ့ပြုစုဖို့လုပ်နေကြတယ်။ ကျွန်တော့်အနားမှာထိုင်နေတဲ့သူငယ်

ချင်းမတ်တီလည်းတပါတည်းလိုက်ပါလာခဲ့တယ်။ လူတစ်ယောက်ကိုနှလုံးခုန်

စက်ကိုရှော့ပေးခိုင်းလိုက်တယ်။သူကလည်း အရမ်းကံကောင်းတယ်။ ချက်ချင်း

ဆိုသလိုဆရာဝန်ရောက်လာတယ်။နှလုံးရောဂါကုဆရာဝန်ရောက်လာတယ်။

ဒီတော့မှသူ့ကိုပြန်နိူးလာအောင်လုပ်နိုင်ခဲ့တာ။ကျွန်တော့်နောက်မှာဘာတွေဖြစ်

နေလဲဆိုတာမသိပါဘူး။အခုလက်ထဲဖြစ်နေတာကိုပဲအာရုံစိုက်နေခဲ့တယ်။

အားလုံးပြီးသွားတော့ထိုင်ခုံဆီပြန်လာတယ်။ပွဲဘာလို့ရပ်သွားလဲတောင်မသိ

လိုက်ဘူး။ဖြစ်ပျက်နေတာကိုပဲအာရုံစိုက်ခဲ့တယ်။ကျွန်တော်တစ်ယောက်တည်း

လုပ်တာမဟုတ်ပါဘူး။ကျွန်တော့်သူငယ်ချင်းတစ်ဦးလည်းကူခဲ့တာပါ။အခြား

ဆရာဝန်နှစ်ယောက်လည်းပါပါသေးတယ်။ထိုင်ခုံဆီပြန်လာတော့ Gallowgate က

ပရိသတ်တစ်သောင်းလောက်ကကျွန်တော့်ကိုသူရဲကောင်းတစ်ယောက်လို

အော်ဟစ်ဂုဏ်ပြုကြတာကတော့ဘဝမှာအမှတ်ရစရာအကောင်းဆုံးပါပဲ”လို့

ပြောကြားသွားပါတယ်။
နယူးကာဆယ်ပရိသတ် မေ့လဲကျသွားမှုကို ဒေါက်တာတွမ်ပရစ်ချတ်ကကူညီ

နေမှုကို စပါးစ်နောက်ခံလူရီဂူလွန်ကသိသွားပြီးနောက်ဒိုင်လူကြီးမာရီနာကို

ပြောကြားကာပွဲကိုရပ်စေခဲ့တာပါ။ယင်းနောက်စပါးစ်နောက်ခံလူဒီယာက

အသင်းဆရာဝန်ကိုသွားရောက်အကြောင်းကြားကာအကူအညီပေးရန်ပြောဆိုခဲ့ပါတယ်။

Zawgyi

တစ္ကြင္းလုံးကသူ႔ကိုအမည္ကိုေအာ္ကာ လက္ခုပ္တီးဂုဏ္ျပဳမႈခံရတဲ့ ေဒါက္တာတြမ္ပရစ္ခ်တ္

မေန႔ညတုန္းကစိန႔္ဂ်ိမ္းစ္ပါ့ခ္တြင္နယူးကာဆယ္ႏွင့္စပါးစ္တို႔ရဲ႕ပရီးမီးယားလိဂ္

ပြဲစဥ္တြင္ႏွလုံးေရာဂါေဖာက္တဲ့နယူးကာဆယ္ပရိသတ္ရဲ႕အသက္ကိုဘယ္လို

ကယ္တင္ခဲ့ရသလဲဆိုတာ သူရဲေကာင္းဆရာဝန္ကဖြင့္ဟေျပာၾကားလာပါတယ္။
ဒါ့အျပင္ ဆရာဝန္ကနယူးကာဆယ္ပရိသတ္ရဲ႕အသက္ကိုကယ္တင္ႏိုင္ခဲ့ၿပီး

ေနာက္တစ္ကြင္းလုံးကသူ႔ကိုအမည္ကိုေအာ္ကာလက္ခုပ္တီးဂုဏ္ျပဳမႈခံရတဲ့

ျဖစ္ရပ္မွာသူ႔ဘဝတြင္အေကာင္းဆုံးအခိုက္အတန႔္မ်ားထဲမွတစ္ခုျဖစ္ေၾကာင္း

လည္းဝမ္းသာဂုဏ္ယူစြာေျပာၾကားသြားပါတယ္။
တနဂၤေႏြေန႔တုန္းကပြဲစဥ္ရဲ႕ပထမပိုင္းၿပီးခါနီးတြင္ပြဲၾကည့္စင္ေပၚမွအသက္

ခပ္ႀကီးႀကီးနယူးကာဆယ္ပရိသတ္တစ္ဦးဟာႏွလုံးေဖာက္ၿပီးေနာက္ပြဲကို

ရပ္ဆိုင္းခဲ့ရပါတယ္။
ေဒါက္တာတြမ္ပရစ္ခ်တ္ဟာ Gallowgate ခုံတန္း ၃၀ အစြန္တြင္ထိုင္ေနသူ

ျဖစ္ၿပီးအလွ်င္အျမန္သြားေရာက္ကာေရွးဦးသူနာျပဳျဖင့္ကူညီခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္နယူးကာဆယ္အသင္းဆရာဝန္ေပါလ္ကတ္တာဆင္

ေရာက္လာၿပီးပူးေပါင္းေဆာင္႐ြက္ကာ ႏွလုံးေရာဂါေဖာက္တဲ့နယူးကာဆယ္

ပရိသတ္ရဲ႕အသက္ကိုကယ္တင္ခဲ့ပါတယ္။ အဆိုပါအျဖစ္အပ်က္ေၾကာင့္

ပြဲကိုမိနစ္၂၀ခန႔္နားခဲ့ရေပမယ့္လူနာမွာေဆး႐ုံသို႔ေရာက္ၿပီးေနာက္ သက္

သာသြားခဲ့ၿပီျဖစ္ပါတယ္။
ေဒါက္တာတြမ္ပရစ္ခ်တ္ဟာနယူးကာဆယ္ပရိသတ္ကိုကူအညီၿပီးေနာက္

သူထိုင္ရာထိုင္ခုံသို႔ျပန္စဥ္အတြင္းပရိသတ္မ်ားရဲ႕လက္ခုပ္တီးအားေပးျခင္း

ခံခဲ့ရပါတယ္။
University of North Tees မွဂ်ဴနီယာဆရာဝန္က “ဒါမ်ိဳးေတြကအလုပ္မွာ

ႀကဳံရတဲ့အရာမ်ိဳးေတြပါ။ဒါေပမယ့္ေဆး႐ုံျပင္ပမွာေတာ့ဒီမ်ိဳးမႀကဳံခဲ့ဖူးပါဘူး။

အသက္ခပ္ႀကီးႀကီးလူတစ္ေယာက္ႏွလုံးေဖာက္ၿပီးထိုင္ခုံမွာေမ့လဲေနပါတယ္။

ေရွးဦးသူနာျပဳနဲ႔ျပဳစုဖို႔လုပ္ေနၾကတယ္။ ကြၽန္ေတာ့္အနားမွာထိုင္ေနတဲ့သူငယ္

ခ်င္းမတ္တီလည္းတပါတည္းလိုက္ပါလာခဲ့တယ္။ လူတစ္ေယာက္ကိုႏွလုံးခုန္

စက္ကိုေရွာ့ေပးခိုင္းလိုက္တယ္။သူကလည္း အရမ္းကံေကာင္းတယ္။ ခ်က္ခ်င္း

ဆိုသလိုဆရာဝန္ေရာက္လာတယ္။ႏွလုံးေရာဂါကုဆရာဝန္ေရာက္လာတယ္။

ဒီေတာ့မွသူ႔ကိုျပန္ႏိူးလာေအာင္လုပ္ႏိုင္ခဲ့တာ။ကြၽန္ေတာ့္ေနာက္မွာဘာေတြျဖစ္

ေနလဲဆိုတာမသိပါဘူး။အခုလက္ထဲျဖစ္ေနတာကိုပဲအာ႐ုံစိုက္ေနခဲ့တယ္။

အားလုံးၿပီးသြားေတာ့ထိုင္ခုံဆီျပန္လာတယ္။ပြဲဘာလို႔ရပ္သြားလဲေတာင္မသိ

လိုက္ဘူး။ျဖစ္ပ်က္ေနတာကိုပဲအာ႐ုံစိုက္ခဲ့တယ္။ကြၽန္ေတာ္တစ္ေယာက္တည္း

လုပ္တာမဟုတ္ပါဘူး။ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ဦးလည္းကူခဲ့တာပါ။အျခား

ဆရာဝန္ႏွစ္ေယာက္လည္းပါပါေသးတယ္။ထိုင္ခုံဆီျပန္လာေတာ့ Gallowgate က

ပရိသတ္တစ္ေသာင္းေလာက္ကကြၽန္ေတာ့္ကိုသူရဲေကာင္းတစ္ေယာက္လို

ေအာ္ဟစ္ဂုဏ္ျပဳၾကတာကေတာ့ဘဝမွာအမွတ္ရစရာအေကာင္းဆုံးပါပဲ”လို႔

ေျပာၾကားသြားပါတယ္။
နယူးကာဆယ္ပရိသတ္ ေမ့လဲက်သြားမႈကို ေဒါက္တာတြမ္ပရစ္ခ်တ္ကကူညီ

ေနမႈကို စပါးစ္ေနာက္ခံလူရီဂူလြန္ကသိသြားၿပီးေနာက္ဒိုင္လူႀကီးမာရီနာကို

ေျပာၾကားကာပြဲကိုရပ္ေစခဲ့တာပါ။ယင္းေနာက္စပါးစ္ေနာက္ခံလူဒီယာက

အသင္းဆရာဝန္ကိုသြားေရာက္အေၾကာင္းၾကားကာအကူအညီေပးရန္ေျပာဆိုခဲ့ပါတယ္။