
စပါးတိုက်စစ်မှုးဟယ်ရီကိန်းဟာ တစ်ဂိုးတည်းနဲ့ ငှက်နှစ်ကောင်ပစ်ချနိုင်ခဲ့ပါတယ်။
အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့
ဗုဒ္ဓဟူးညပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးရခဲ့တဲ့ ၂ ဂိုးထဲက ၁ ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ဘရိုက်တန်ပွဲက အဲဒီဂိုးနဲ့ပဲ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်သမိုင်းက
မန်ယူကြယ်ပွင့်ဟောင်းရွန်နီနဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းလမ်းပတ်တို့ရဲ့
ဂိုးသွင်းစံချိန်တွေကို ချိုးနိုင်ခဲ့ပါတယ်။
နောက်ဆုံးသွင်းခဲ့တဲ့ဂိုးကြောင့် ဟယ်ရီကိန်းဟာ
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အဝေးကွင်းသွင်းဂိုး
အများဆုံးကစားသမားဖြစ်လာခဲ့တာပါ။
သူဟာ အဝေးကွင်း ၁၃၉ ပွဲမှာ စုစုပေါင်း ၉၅ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အဝေးကွင်းဂိုးအများဆုံးစာရင်းမှာ ဒုတိယနေရာရောက်သွားတဲ့
ရွန်နီထက် ၁၀၄ ပွဲလည်း ပိုနည်းခဲ့တာပါ။
ဒါ့အပြင် ဟယ်ရီကိန်းဟာ သမိုင်းတစ်လျှောက်
ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာလည်း လမ်းပတ်ကို ကျော်ဖြတ်ပြီး
အဆင့် ၅ နေရာ ရောက်သွားပါတယ်။
ကိန်းဟာ စုစုပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၈ ဂိုးနဲ့
လမ်းပတ်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
သူရခဲ့တဲ့စံချိန်မှတ်တမ်းနဲ့ပတ်သက်လို့ ပွဲအပြီးမှာ ဟယ်ရီကိန်းက
”ဂိုးသွင်းပြီး အသင်းအနိုင်ရအောင် ကူညီပေးနိုင်ခဲ့လို့ တကယ်ကို ကျေနပ်ရပါတယ်။
စံချိန်မှတ်တမ်းတွေဟာ ကြီးကျယ်ပြီး အထူးသဖြင့်
အဝေးကွင်းပွဲတွေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ စပါးအသင်းဟာ ရလဒ်ပိုင်းမတည်ငြိမ်ပေမယ့်
ဟယ်ရီကိန်းကတော့ ဂိုးသွင်းခြေစွမ်းပြနေဆဲပါပဲ။
zawgyi
တစ္ဂိုးတည္းနဲ႔ ငွက္ႏွစ္ေကာင္ပစ္ခ်ႏိုင္ခဲ့တဲ့ ဟယ္ရိကိန္း
စပါးတိုက္စစ္မႈးဟယ္ရီကိန္းဟာ တစ္ဂိုးတည္းနဲ႔ ငွက္ႏွစ္ေကာင္ပစ္ခ်ႏိုင္ခဲ့ပါတယ္။
အဲဒီအဂၤလန္အသင္းေခါင္းေဆာင္ဟာ ဘ႐ိုက္တန္ကို အႏိုင္ရခဲ့တဲ့
ဗုဒၶဟူးညပရီးမီးယားလိဂ္ပြဲစဥ္မွာ စပါးရခဲ့တဲ့ ၂ ဂိုးထဲက ၁ ဂိုးကို သြင္းယူႏိုင္ခဲ့တာပါ။
ဘ႐ိုက္တန္ပြဲက အဲဒီဂိုးနဲ႔ပဲ ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္သမိုင္းက
မန္ယူၾကယ္ပြင့္ေဟာင္း႐ြန္နီနဲ႔ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းလမ္းပတ္တို႔ရဲ႕
ဂိုးသြင္းစံခ်ိန္ေတြကို ခ်ိဳးႏိုင္ခဲ့ပါတယ္။
ေနာက္ဆုံးသြင္းခဲ့တဲ့ဂိုးေၾကာင့္ ဟယ္ရီကိန္းဟာ
ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းမွာ အေဝးကြင္းသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္လာခဲ့တာပါ။
သူဟာ အေဝးကြင္း ၁၃၉ ပြဲမွာ စုစုေပါင္း ၉၅ ဂိုးသြင္းခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အေဝးကြင္းဂိုးအမ်ားဆုံးစာရင္းမွာ ဒုတိယေနရာေရာက္သြားတဲ့
႐ြန္နီထက္ ၁၀၄ ပြဲလည္း ပိုနည္းခဲ့တာပါ။
ဒါ့အျပင္ ဟယ္ရီကိန္းဟာ သမိုင္းတစ္ေလွ်ာက္
ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာလည္း လမ္းပတ္ကို ေက်ာ္ျဖတ္ၿပီး
အဆင့္ ၅ ေနရာ ေရာက္သြားပါတယ္။
ကိန္းဟာ စုစုေပါင္း ပရီးမီးယားလိဂ္သြင္းဂိုး ၁၇၈ ဂိုးနဲ႔
လမ္းပတ္ရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
သူရခဲ့တဲ့စံခ်ိန္မွတ္တမ္းနဲ႔ပတ္သက္လို႔ ပြဲအၿပီးမွာ ဟယ္ရီကိန္းက
”ဂိုးသြင္းၿပီး အသင္းအႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့လို႔ တကယ္ကို ေက်နပ္ရပါတယ္။
စံခ်ိန္မွတ္တမ္းေတြဟာ ႀကီးက်ယ္ၿပီး အထူးသျဖင့္
အေဝးကြင္းပြဲေတြမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
ဒီရာသီမွာ စပါးအသင္းဟာ ရလဒ္ပိုင္းမတည္ၿငိမ္ေပမယ့္
ဟယ္ရီကိန္းကေတာ့ ဂိုးသြင္းေျခစြမ္းျပေနဆဲပါပဲ။