
တစ်တော့ပ် ဆယ်လီ စားဖိုမှူး အိုဒီမခ် ဘူရက် နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ
လန်ဒန်မြို့မှာ တူရကီစားသောက်ဆိုင်သစ် ပူးပေါင်း ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့
အင်္ဂလန်သတင်း မီဒီယာ တွေမှာဖော်ပြနေပါတယ်။
ဒီသတင်းကို တူရကီအခြေစိုက် The Daily Sabah ကနေ
စတင်ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ စားသောက်ဆိုင်ကို
အောက်တိုဘာလမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
CZN Burak လို့ လူသိများတဲ့ စားဖိုမှူးဟာ အစားအသောက်မျိုးစုံကို
ခပ်ပြုံးပြုံးနဲ့ ချက်ပြုတ်နေတဲ့ ဗီဒီယိုဖိုင်တွေကနေ လူသိများကျော်ကြားလာပြီး
လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်လိုဝါ (follower ) ( ၅၇.၁ ) သန်းထိ
ရှိနေပြီဖြစ်ပါတယ်။ ဂန္တဝင်ဘောလုံးသမားကြီးဟာ ( ၂၀၂၀ ) ခုနှစ်တုန်းက
တူရကီစားဖိုမှူးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ပို့စ်တင်ခဲ့ဖူးပါတယ်။
Burak ကလည်း ဘောလုံးသမားတွေရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဘရာဇီးလ်ရဲ့ ရော်နယ်ဒင်ညို ၊
အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီတို့လို ဂန္တဝင်တွေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ဖူးပါတယ်။
အသက် ( ၂၇ ) နှစ်သာရှိသေးတဲ့ ဆယ်လီ စားဖိုမှူး အိုဒီမခ် ဘူရက် ကတော့ သူနဲ့ ရော်နယ်ဒိုတို့
ပူးပေါင်းဖွင့်လှစ်မယ့် စားသောက်ဆိုင်နဲ့ပတ်သက်ပြီးသူက
“ဒီနှစ် 11 လပိုင်းရောက်ရင် လန်ဒန်မှာ ကျွန်တော်တို့နဲ့ ခရစ်စတီယာနို ရော်နယ်ဒိုတို့
ပူးပေါင်းပြီး စားသောက်ဆိုင်သစ် ဖွင့်လှစ်နိုင်ဖို့ပြင်ဆင်နေပါတယ်။
ဖွင့်ပွဲမှာ လှပပြီး အံ့အားသင့်စရာတွေ လုပ်ထားတာကြောင့် အဲ့သည့်အချိန်နဲ့
ပတ်သက်တဲ့အစီအစဉ်တွေကိုတော့ ကြိုပြီး မပြောပြလိုသေးပါဘူး။”လို့
Daily Sabahရဲ့ Hot Dinners မှာဆိုထားပါတယ်။
ဒါက ရော်နယ်ဒိုရဲ့ စားသောက်ဆိုင်လောကထဲကို ဝင်ရောက်မယ့်
ပထမဆုံးခြေလှမ်းမဟုတ်ပဲ ( ၂၀၁၈ ) တုန်းက Ibiza မှာ
ဂျပန် –မြေထဲပင်လယ်စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ဖူးပါတယ်။
zawgyi
တစ္ေတာ့ပ္ ဆယ္လီနဲ႔ေရာ္နယ္ဒို ေပါင္းၿပီး လန္ဒန္မွာ စားေသာက္ဆိုင္ဖြင့္ဖို႔ စီစဥ္ေန
တစ္ေတာ့ပ္ ဆယ္လီ စားဖိုမႉး အိုဒီမခ္ ဘူရက္ နဲ႔ ခရစၥတီယာႏို ေရာ္နယ္ဒိုတို႔ဟာ
လန္ဒန္ၿမိဳ႕မွာ တူရကီစားေသာက္ဆိုင္သစ္ ပူးေပါင္း ဖြင့္လွစ္ဖို႔ စီစဥ္ေနတယ္လို႔
အဂၤလန္သတင္း မီဒီယာ ေတြမွာေဖာ္ျပေနပါတယ္။
ဒီသတင္းကို တူရကီအေျခစိုက္ The Daily Sabah ကေန
စတင္ေဖာ္ျပခဲ့တာျဖစ္ၿပီး အဆိုပါ စားေသာက္ဆိုင္ကို
ေအာက္တိုဘာလမွာ ဖြင့္လွစ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
CZN Burak လို႔ လူသိမ်ားတဲ့ စားဖိုမႉးဟာ အစားအေသာက္မ်ိဳးစုံကို
ခပ္ၿပဳံးၿပဳံးနဲ႔ ခ်က္ျပဳတ္ေနတဲ့ ဗီဒီယိုဖိုင္ေတြကေန လူသိမ်ားေက်ာ္ၾကားလာၿပီး
လက္ရွိ ဆိုရွယ္မီဒီယာေပၚမွာ ေဖာ္လိုဝါ (follower ) ( ၅၇.၁ ) သန္းထိ
ရွိေနၿပီျဖစ္ပါတယ္။ ဂႏၲဝင္ေဘာလုံးသမားႀကီးဟာ ( ၂၀၂၀ ) ခုႏွစ္တုန္းက
တူရကီစားဖိုမႉးနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကို ပို႔စ္တင္ခဲ့ဖူးပါတယ္။
Burak ကလည္း ေဘာလုံးသမားေတြရဲ႕ ပရိသတ္တစ္ဦးျဖစ္ၿပီး ဘရာဇီးလ္ရဲ႕ ေရာ္နယ္ဒင္ညိဳ ၊
အာဂ်င္တီးနားရဲ႕ လီယြန္နယ္ မက္ဆီတို႔လို ဂႏၲဝင္ေတြနဲ႔ ဓာတ္ပုံ႐ိုက္ကူးခဲ့ဖူးပါတယ္။
အသက္ ( ၂၇ ) ႏွစ္သာရွိေသးတဲ့ ဆယ္လီ စားဖိုမႉး အိုဒီမခ္ ဘူရက္ ကေတာ့ သူနဲ႔ ေရာ္နယ္ဒိုတို႔
ပူးေပါင္းဖြင့္လွစ္မယ့္ စားေသာက္ဆိုင္နဲ႔ပတ္သက္ၿပီးသူက
“ဒီႏွစ္ 11 လပိုင္းေရာက္ရင္ လန္ဒန္မွာ ကြၽန္ေတာ္တို႔နဲ႔ ခရစ္စတီယာႏို ေရာ္နယ္ဒိုတို႔
ပူးေပါင္းၿပီး စားေသာက္ဆိုင္သစ္ ဖြင့္လွစ္ႏိုင္ဖို႔ျပင္ဆင္ေနပါတယ္။
ဖြင့္ပြဲမွာ လွပၿပီး အံ့အားသင့္စရာေတြ လုပ္ထားတာေၾကာင့္ အဲ့သည့္အခ်ိန္နဲ႔
ပတ္သက္တဲ့အစီအစဥ္ေတြကိုေတာ့ ႀကိဳၿပီး မေျပာျပလိုေသးပါဘူး။”လို႔
Daily Sabahရဲ႕ Hot Dinners မွာဆိုထားပါတယ္။
ဒါက ေရာ္နယ္ဒိုရဲ႕ စားေသာက္ဆိုင္ေလာကထဲကို ဝင္ေရာက္မယ့္
ပထမဆုံးေျခလွမ္းမဟုတ္ပဲ ( ၂၀၁၈ ) တုန္းက Ibiza မွာ
ဂ်ပန္ –ေျမထဲပင္လယ္စားေသာက္ဆိုင္ကို ဖြင့္လွစ္ခဲ့ဖူးပါတယ္။