တစ်နှစ်စာချုပ်သစ် သဘောတူပြီး ရီးရဲလ်ရဲ့ ၄ ဦးမြောက် အသက်အကြီးဆုံး ကစားသမားဖြစ်လာမယ့် မိုဒရစ်

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ရာသီကုန်ရင် အသင်ဟောင်း စပါးဆီပြန်သွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သူဟာလက်ရှိအသင်းမှာ တစ်နှစ်ဆက်နေဖို့ သဘောတူညီချက်ရခဲ့ကြောင်း သိရပါတယ်။

စပါးနည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်ကိုသူကိုင်တွယ်တုန်းက စပါးကနေဘဲခေါ်ယူခဲ့တဲ့ မိုဒရစ်ကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဂါရတ်ဘေးလ်ကို ရီးရဲလ်ကနေ ခေါ်ယူထားပြီးဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ် ဟာလာမယ့်ဇွန်လမှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်မယ့်သူဖြစ်လို့ ဇန်နဝါရီဈေးကွက်ဖွင့်ချိန်ရောက်ရင် ဘယ်အသင်းနဲ့မဆိုဆွေးနွေးပိုင်ခွင့်ရှိနေသူဖြစ်ပါတယ်။

ဒါပေမယ့် မာကာသတင်းစာကြီးက မိုဒရစ်ဟာ သူ့ရဲ့လက်ရှိစာချုပ်ကို သက်တမ်းတစ်နှစ်တိုးဖို့ မူအားဖြင့် သဘောတူညီခဲ့တာကြောင့် ၂၀၂၂ ဇွန်လ ၃၀ အထိ ဆက်ရှိနေတော့မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဒါကြောင့် မိုဒရစ်ဟာ စာချုပ်သစ်ကို အပြီးသတ်လက်မှတ်ထိုးဖို့ဘဲ ကျန်နေပါတော့တယ်။ မိုဒရစ်ဟာ ရီးရဲလ်နဲ့ချုပ်မယ့် စာချုပ်သစ်သက်တမ်းကုန်ချိန်ရောက်မယ့် ၂၀၂၂ ဇွန်လ ၃၀ မှာအသက် ၃၆ နှစ်၊ ၉ လနဲ့ ၂၁ ရက်ရှိနေမှာဖြစ်လို့ ရီးရဲရဲ့သမိုင်းရဲ့ outfield players( ဂိုးသမားမပါ) တွေထဲမှာ ၄ ဦးမြောက်အသက်အကြီးဆုံးဖြစ်လာမယ်လို့လည်း သိရပါတယ်။

ဂိုးသမားတွေကိုပါထည့်တွက်မယ်ဆိုရင်တော့ ၇ ဦးမြောက်အသက်အကြီးဆုံးသူဖြစ်လာပါလိမ့်မယ်။ အသက်အကြီးဆုံးက ပွတ်ရှ်ကက်စ်ဖြစ်ပြီး ရီးရဲလ်အတွက် နောက်ဆုံးပွဲကစားချိန်မှာ ၃၉ နှစ်၊ ၁ လနဲ့ ၇ ရက်ဖြစ်ပါတယ်။

သူ့နောက်မှာ ပါကိုဘူယိုက ၃၈ နှစ်၊ ၂ လနဲ့ ၃ ရက်၊ ဂျာဇီဒူဒက်က ၃၈ နှစ် ၁ လနဲ့ ၂၄ ရက်၊ ဒီစတီဖာနိုက ၃၇ နှစ် ၁၀ လနဲ့ ၂၃ ရက်၊ ပါကိုဂျန်တိုက ၃၇ နှစ်နဲ့ ၇ လ တို့ရှိနေ၊မင်ဂွဲလ်အိန်ဂျယ်က ၃၇ နှစ် ၅ လ ၇ ရက် နဲ့ မိုဒရစ်က ၃၆ နှစ်၊ ၉ လနဲ့ ၂၁ ရက်တို့ဖြစ်ပါတယ်။

သူတို့ထဲမှာ ဘူယို၊ ဒူဒက်နဲ့ မင်ဂွဲလ်အိန်ဂျယ် တို့က ဂိုးသမားတွေဖြစ်ပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တစ္ႏွစ္စာခ်ဳပ္သစ္ သေဘာတူၿပီး ရီးရဲလ္ရဲ႕ ၄ ဦးေျမာက္ အသက္အႀကီးဆုံး ကစားသမားျဖစ္လာမယ့္ မိုဒရစ္

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ လူကာမိုဒရစ္ဟာ ရာသီကုန္ရင္ အသင္ေဟာင္း စပါးဆီျပန္သြားမယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ သူဟာလက္ရွိအသင္းမွာ တစ္ႏွစ္ဆက္ေနဖို႔ သေဘာတူညီခ်က္ရခဲ့ေၾကာင္း သိရပါတယ္။ စပါးနည္းျပ ေမာ္ရင္ဟိုဟာ ရီးရဲလ္ကိုသူကိုင္တြယ္တုန္းက စပါးကေနဘဲေခၚယူခဲ့တဲ့ မိုဒရစ္ကို ျပန္လည္ေခၚယူလိုေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီးျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဂါရတ္ေဘးလ္ကို ရီးရဲလ္ကေန ေခၚယူထားၿပီးျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ မိုဒရစ္ ဟာလာမယ့္ဇြန္လမွာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္မယ့္သူျဖစ္လို႔ ဇန္နဝါရီေဈးကြက္ဖြင့္ခ်ိန္ေရာက္ရင္ ဘယ္အသင္းနဲ႔မဆိုေဆြးေႏြးပိုင္ခြင့္ရွိေနသူျဖစ္ပါတယ္။ ဒါေပမယ့္ မာကာသတင္းစာႀကီးက မိုဒရစ္ဟာ သူ႔ရဲ႕လက္ရွိစာခ်ဳပ္ကို သက္တမ္းတစ္ႏွစ္တိုးဖို႔ မူအားျဖင့္ သေဘာတူညီခဲ့တာေၾကာင့္ ၂၀၂၂ ဇြန္လ ၃၀ အထိ ဆက္ရွိေနေတာ့မယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

ဒါေၾကာင့္ မိုဒရစ္ဟာ စာခ်ဳပ္သစ္ကို အၿပီးသတ္လက္မွတ္ထိုးဖို႔ဘဲ က်န္ေနပါေတာ့တယ္။ မိုဒရစ္ဟာ ရီးရဲလ္နဲ႔ခ်ဳပ္မယ့္ စာခ်ဳပ္သစ္သက္တမ္းကုန္ခ်ိန္ေရာက္မယ့္ ၂၀၂၂ ဇြန္လ ၃၀ မွာအသက္ ၃၆ ႏွစ္၊ ၉ လနဲ႔ ၂၁ ရက္ရွိေနမွာျဖစ္လို႔ ရီးရဲရဲ႕သမိုင္းရဲ႕ outfield players( ဂိုးသမားမပါ) ေတြထဲမွာ ၄ ဦးေျမာက္အသက္အႀကီးဆုံးျဖစ္လာမယ္လို႔လည္း သိရပါတယ္။ ဂိုးသမားေတြကိုပါထည့္တြက္မယ္ဆိုရင္ေတာ့ ၇ ဦးေျမာက္အသက္အႀကီးဆုံးသူျဖစ္လာပါလိမ့္မယ္။ အသက္အႀကီးဆုံးက ပြတ္ရွ္ကက္စ္ျဖစ္ၿပီး ရီးရဲလ္အတြက္ ေနာက္ဆုံးပြဲကစားခ်ိန္မွာ ၃၉ ႏွစ္၊ ၁ လနဲ႔ ၇ ရက္ျဖစ္ပါတယ္။

သူ႔ေနာက္မွာ ပါကိုဘူယိုက ၃၈ ႏွစ္၊ ၂ လနဲ႔ ၃ ရက္၊ ဂ်ာဇီဒူဒက္က ၃၈ ႏွစ္ ၁ လနဲ႔ ၂၄ ရက္၊ ဒီစတီဖာႏိုက ၃၇ ႏွစ္ ၁၀ လနဲ႔ ၂၃ ရက္၊ ပါကိုဂ်န္တိုက ၃၇ ႏွစ္နဲ႔ ၇ လ တို႔ရွိေန၊မင္ဂြဲလ္အိန္ဂ်ယ္က ၃၇ ႏွစ္ ၅ လ ၇ ရက္ နဲ႔ မိုဒရစ္က ၃၆ ႏွစ္၊ ၉ လနဲ႔ ၂၁ ရက္တို႔ျဖစ္ပါတယ္။ သူတို႔ထဲမွာ ဘူယို၊ ဒူဒက္နဲ႔ မင္ဂြဲလ္အိန္ဂ်ယ္ တို႔က ဂိုးသမားေတြျဖစ္ပါတယ္။