
အန်တိုနီယိုရူဒီဂါဟာဥရောပထိပ်သီးကလပ်များရဲ့
ကမ်းလှမ်းမှုများရရှိထားပေမဲ့လည်း အကြိုစာချုပ်ကို
အလျှင်စလိုချုပ်ဆိုသွားမှာမဟုတ်ကြောင်းသိရပါတယ်။
အသက်၂၈နှစ်ရှိဂျာမနီလက်ရွေးစင်ဘက်ကနိုင်ငံခြားကလပ်နှင့်
စာချုပ်ချုပ်ဆိုရေးကိုရွှေ့ဆိုင်းထားမှုနဲ့အတူ ချဲလ်ဆီးဟာဗဟိုနောက်ခံလူအား
စတမ်းဖို့ဒ်ဘရစ်ချ်တွင်ဆက်ထိန်းထားနိုင်ရေးမျှော်လင့်ချက်ရှိလာပါတယ်။
ရူဒီဂါဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး
ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်
အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။
ဒါပေမဲ့ရူဒီဂါဟာကလပ်သစ်နှင့်အလျှင်စလိုစာချုပ်ချုပ်ဆိုလိုခြင်းမရှိဘဲ
ကလပ်ရဲ့စီမံကိန်းကိုအသေးစိတ်လေ့လာလိုနေပါတယ်။
တဖက်တွင်ရူဒီဂါဟာပရီးမီးယားလိဂ်ထိပ်သီးယူနိုက်တက်ရဲ့
စိတ်ဝင်စားမှုလည်းရရှိနေပါတယ်။
ဒါပေမဲ့ရူဒီဂါအနေဖြင့်လာမယ့်နွေရာသီတွင်မှယူနိုက်တက်နှင့်
ဆွေးနွေးနိုင်ပါမယ်။ရူဒီဂါဟာချဲလ်ဆီးတွင်ပျော်ရွှင်ပေမဲ့
သူတောင်းဆိုတဲ့အတိုင်း တစ်ပတ်လုပ်ခပေါင်၂သိန်းကို
ချဲလ်ဆီးဘက်ကငြင်းဆိုနေမှုကြောင့်ထွက်ခွာရန် စီစဉ်နေရတာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးဟာမကြာသေးမီတုန်းကဝါရင့်နောက်ခံလူ
တီယာဂိုဆေးလ်ဗားကိုတစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။
ချဲလ်ဆီးဟာရာသီအကုန်တွင်ရူဒီဂါအပြင်ခရစ်တင်ဆင်နှင့်
အက်ဇ်ပီလီကူတာတို့ကိုလည်းဆုံးရှုံးရနိုင်ပါတယ်။
zawgyi
တစ္ပတ္လုပ္ခေပါင္၂သိန္းကို ခ်ဲလ္ဆီးဘက္ကျငင္းဆိုေနမႈေၾကာင့္ထြက္ခြာရန္ စီစဥ္ေန တဲ့ ႐ူဒီဂါ
အန္တိုနီယို႐ူဒီဂါဟာဥေရာပထိပ္သီးကလပ္မ်ားရဲ႕
ကမ္းလွမ္းမႈမ်ားရရွိထားေပမဲ့လည္း အႀကိဳစာခ်ဳပ္ကို
အလွ်င္စလိုခ်ဳပ္ဆိုသြားမွာမဟုတ္ေၾကာင္းသိရပါတယ္။
အသက္၂၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ဘက္ကႏိုင္ငံျခားကလပ္ႏွင့္
စာခ်ဳပ္ခ်ဳပ္ဆိုေရးကိုေ႐ႊ႕ဆိုင္းထားမႈနဲ႔အတူ ခ်ဲလ္ဆီးဟာဗဟိုေနာက္ခံလူအား
စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဆက္ထိန္းထားႏိုင္ေရးေမွ်ာ္လင့္ခ်က္ရွိလာပါတယ္။
႐ူဒီဂါဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး
ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္
အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။
ဒါေပမဲ့႐ူဒီဂါဟာကလပ္သစ္ႏွင့္အလွ်င္စလိုစာခ်ဳပ္ခ်ဳပ္ဆိုလိုျခင္းမရွိဘဲ
ကလပ္ရဲ႕စီမံကိန္းကိုအေသးစိတ္ေလ့လာလိုေနပါတယ္။
တဖက္တြင္႐ူဒီဂါဟာပရီးမီးယားလိဂ္ထိပ္သီးယူႏိုက္တက္ရဲ႕
စိတ္ဝင္စားမႈလည္းရရွိေနပါတယ္။
ဒါေပမဲ့႐ူဒီဂါအေနျဖင့္လာမယ့္ေႏြရာသီတြင္မွယူႏိုက္တက္ႏွင့္
ေဆြးေႏြးႏိုင္ပါမယ္။႐ူဒီဂါဟာခ်ဲလ္ဆီးတြင္ေပ်ာ္႐ႊင္ေပမဲ့
သူေတာင္းဆိုတဲ့အတိုင္း တစ္ပတ္လုပ္ခေပါင္၂သိန္းကို
ခ်ဲလ္ဆီးဘက္ကျငင္းဆိုေနမႈေၾကာင့္ထြက္ခြာရန္ စီစဥ္ေနရတာလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာမၾကာေသးမီတုန္းကဝါရင့္ေနာက္ခံလူ
တီယာဂိုေဆးလ္ဗားကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာရာသီအကုန္တြင္႐ူဒီဂါအျပင္ခရစ္တင္ဆင္ႏွင့္
အက္ဇ္ပီလီကူတာတို႔ကိုလည္းဆုံးရႈံးရႏိုင္ပါတယ္။