တစ်ပြားမှမပေးစရာမလိုပေမဲ့ ပေါင် ၁၄ သန်းရင်းပြီး နူနိုကို ထုတ်ခဲ့တဲ့ စပါးစ်

စပါးစ်အသင်းဟာနူနိုအက်စ်ပီရီတိုဆန်တိုကိုရာထူးမှထုတ်ပယ်လိုက်မှုအတွက်

နစ်နာကြေးပေါင်၁၄သန်းအထိပေးရမယ့်ကိန်းဆိုက်နေပါတယ်။
ဒါပေမယ့်တကယ်တော့စပါးစ်အသင်းဟာနူနိုကိုတစ်ပြားမျှနစ်နာကြေး

ပေးစရာမလိုဘဲထုတ်နိုင်တဲ့အခွင့်အရေးရရှိထားခဲ့တာဖြစ်ပါတယ်။


နူနိုရဲ့စာချုပ်အတွင်းမှာယခုရာသီအကုန်တွင်ထိပ်ဆုံးခြောက်သင်းစာရင်း

မပါဝင်ပါကစပါးစ်ဘက်ကစာချုပ်ကိုတစ်ဖက်သတ်ဖျက်သိမ်းခွင့်ရှိနေပါတယ်။

လက်ရှိအချိန်တွင်စပါးစ်ဟာနူနိုလက်ထက်မှာခြေစွမ်းပိုင်းဆိုးရွားတဲ့အပြင်

ရလဒ်ပိုင်းကလည်းအားရစရာမရှိတာကြောင့်စာချုပ်ပါအချက်အတိုင်း

ထိပ်ဆုံးခြောက်သင်းစာရင်းဝင်ဖို့ကခက်လှပါတယ်။မြောက်လန်ဒန်ကလပ်ဟာ

ပရီးမီးယားလိဂ်၁၀ပွဲကစားပြီးချိန်မှာ၅ပွဲအထိရှုံးထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်းစပါးစ်ဥက္ကဌလီဗိုင်းဟာအသင်းရဲ့ခြေစွမ်းအပေါ်အကြီး

အကျယ်စိတ်ပျက်ဒေါသထွက်ကာနူနိုရဲ့၂နှစ်ကျန်စာချုပ်ကိုဂရုမစိုက်ဘဲ

ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

နူနိုဟာစပါးစ်အသင်းကိုလေးလတည်းသာထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါကြောင်လည်းနူနိုဟာစပါးစ်မှာသူကိုင်တွယ်ခဲ့တဲ့ပရီးမီးယားလိဂ်တစ်ပွဲစီ

အတွက်ပေါင်၁.၄သန်းအထိရရှိလာပါမယ်။

စပါးစ်နည်းပြဖြစ်လာဖို့အတွက်အန်တိုနီယိုကွန်တီကရေပန်းအစားဆုံး

ဖြစ်နေပေမယ့်လည်းစပါးစ်ဟာနည်းပြသစ်မခန့်အပ်မီအတွင်းအကယ်ဒမီ

နည်းပြရွိုင်ယန်မေဆင်ကိုယာယီနည်းပြအဖြစ်ခန့်အပ်သွားဖို့ရှိနေပါတယ်။

Zawgyi

တစ္ျပားမွမေပးစရာမလိုေပမဲ့ ေပါင္ ၁၄ သန္းရင္းၿပီး ႏူႏိုကို ထုတ္ခဲ့တဲ့ စပါးစ္

စပါးစ္အသင္းဟာႏူႏိုအက္စ္ပီရီတိုဆန္တိုကိုရာထူးမွထုတ္ပယ္လိုက္မႈအတြက္

နစ္နာေၾကးေပါင္၁၄သန္းအထိေပးရမယ့္ကိန္းဆိုက္ေနပါတယ္။
ဒါေပမယ့္တကယ္ေတာ့စပါးစ္အသင္းဟာႏူႏိုကိုတစ္ျပားမွ်နစ္နာေၾကး

ေပးစရာမလိုဘဲထုတ္ႏိုင္တဲ့အခြင့္အေရးရရွိထားခဲ့တာျဖစ္ပါတယ္။

ႏူႏိုရဲ႕စာခ်ဳပ္အတြင္းမွာယခုရာသီအကုန္တြင္ထိပ္ဆုံးေျခာက္သင္းစာရင္း

မပါဝင္ပါကစပါးစ္ဘက္ကစာခ်ဳပ္ကိုတစ္ဖက္သတ္ဖ်က္သိမ္းခြင့္ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္စပါးစ္ဟာႏူႏိုလက္ထက္မွာေျခစြမ္းပိုင္းဆိုး႐ြားတဲ့အျပင္

ရလဒ္ပိုင္းကလည္းအားရစရာမရွိတာေၾကာင့္စာခ်ဳပ္ပါအခ်က္အတိုင္း

ထိပ္ဆုံးေျခာက္သင္းစာရင္းဝင္ဖို႔ကခက္လွပါတယ္။ေျမာက္လန္ဒန္ကလပ္ဟာ

ပရီးမီးယားလိဂ္၁၀ပြဲကစားၿပီးခ်ိန္မွာ၅ပြဲအထိရႈံးထားၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္းစပါးစ္ဥကၠဌလီဗိုင္းဟာအသင္းရဲ႕ေျခစြမ္းအေပၚအႀကီး

အက်ယ္စိတ္ပ်က္ေဒါသထြက္ကာႏူႏိုရဲ႕၂ႏွစ္က်န္စာခ်ဳပ္ကိုဂ႐ုမစိုက္ဘဲ

ထုတ္ပယ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။
ႏူႏိုဟာစပါးစ္အသင္းကိုေလးလတည္းသာထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင္လည္းႏူႏိုဟာစပါးစ္မွာသူကိုင္တြယ္ခဲ့တဲ့ပရီးမီးယားလိဂ္တစ္ပြဲစီ

အတြက္ေပါင္၁.၄သန္းအထိရရွိလာပါမယ္။
စပါးစ္နည္းျပျဖစ္လာဖို႔အတြက္အန္တိုနီယိုကြန္တီကေရပန္းအစားဆုံး

ျဖစ္ေနေပမယ့္လည္းစပါးစ္ဟာနည္းျပသစ္မခန႔္အပ္မီအတြင္းအကယ္ဒမီ

နည္းျပ႐ြိဳင္ယန္ေမဆင္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္သြားဖို႔ရွိေနပါတယ္။