တစ်ပွဲတည်းနဲ့ အပြတ်ဖြတ်ချင်နေတဲ့ ကလော့ပ်နဲ့ ကွန်တီ

ဂျာဂင်ကလော့ပ်နှင့်အန်တိုနီယိုကွန်တီတို့ကခါရာဘောင်ဖလားဆီမီးဖိုင်နယ်ကို

နှစ်ကျော့မကစားဘဲတစ်ကျော့တည်းကစားရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။
လီဗာပူးဟာလက်စတာနှင့်သုံးဂိုးစီသရေကျကာပင်နယ်တီအဆုံးအဖြတ်ဖြင့်

ခါရာဘောင်ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်လာပါတယ်။ကွန်တီရဲ့စပါးစ်

ဟာလည်းလန်ဒန်မြို့ခံပြိုင်ဘက်ဝက်စ်ဟမ်းကို၂-၁ဖြင့်အနိုင်ယူကာခါရာဘောင်

ဖလားဆီမီးသို့တက်ရောက်ထားပါတယ်။
ခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင်လီဗာပူးနှင့်အာဆင်နယ်၊ချဲလ်ဆီးနှင့်စပါးစ်တို့

အသီးသီးတွေ့ဆုံနေပြီးဇန်နဝါရီတွင်အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့ကစားရပါမယ်။


ကလော့ပ်က “တစ်ပွဲတည်းကစားရင်ပိုကောင်းမယ်ထင်တယ်။ဒါပေမဲ့ကျွန်တော်

ပြောတာကသိပ်အရေးမကြီးပါဘူး။တကယ်လို့နှစ်ပွဲကစားရမယ်ဆိုရင်လည်း

နှစ်ပွဲကစားပါမယ်။တကယ်လို့တစ်ပွဲတည်းဘဲကစားမယ်ဆိုရင်တော့

တော်တော်အကျိုးရှိလာပါမယ်။အာဆင်နယ်နဲ့တွေ့ဆုံမှုအတွက်အဆင်ပြေပါတယ်။

အဲဒီမှာသွားကစားမယ်။ဘယ်သူပိုကောင်းလဲကြည့်မယ်။ကျွန်တော်ကကစားသမား

တွေကောင်းကျိုးကို ဒီနှစ်မှာပြောတာမဟုတ်ပါဘူး။ပြောတာတောင်ခြောက်နှစ်

(သို့မဟုတ်)အဲဒီထက်ပိုပါလိမ့်မယ်။ပြောစရာရှိရင်အမြဲပြောလာခဲ့တာပါ။

ဒါပေမဲ့ပြောနေတာပြောတာပဲ။ဘာမှမထူးလာဘူး”လို့ပြောကြားသွားပါတယ်။


ဒါ့အပြင်ကွန်တီကလည်း “အရိုးသားဆုံးပြောရရင်ကျွန်တော့်မှသာဆုံးဖြတ်ခွင့်

ရှိရင်တစ်ပွဲတည်းပဲကစားမယ်။နှစ်ပွဲမကစားပါဘူး။အထူးသဖြင့်အခုလိုရှင်သန်

နေထိုင်ရတဲ့ကာလမျိုးမှာပေါ့။ဒါပေမဲ့စည်းမျဉ်းစည်းကမ်းကိုလေးစားရပါမယ်”

လို့ပြောကြားသွားပါတယ်။

Zawgyi

တစ္ပြဲတည္းနဲ႔ အျပတ္ျဖတ္ခ်င္ေနတဲ့ ကေလာ့ပ္နဲ႔ ကြန္တီ

ဂ်ာဂင္ကေလာ့ပ္ႏွင့္အန္တိုနီယိုကြန္တီတို႔ကခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ကို

ႏွစ္ေက်ာ့မကစားဘဲတစ္ေက်ာ့တည္းကစားရန္ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။
လီဗာပူးဟာလက္စတာႏွင့္သုံးဂိုးစီသေရက်ကာပင္နယ္တီအဆုံးအျဖတ္ျဖင့္

ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္သို႔တက္ေရာက္လာပါတယ္။ကြန္တီရဲ႕စပါးစ္

ဟာလည္းလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ဝက္စ္ဟမ္းကို၂-၁ျဖင့္အႏိုင္ယူကာခါရာေဘာင္

ဖလားဆီမီးသို႔တက္ေရာက္ထားပါတယ္။
ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္တြင္လီဗာပူးႏွင့္အာဆင္နယ္၊ခ်ဲလ္ဆီးႏွင့္စပါးစ္တို႔

အသီးသီးေတြ႕ဆုံေနၿပီးဇန္နဝါရီတြင္အိမ္ကြင္း/အေဝးကြင္းႏွစ္ေက်ာ့ကစားရပါမယ္။
ကေလာ့ပ္က “တစ္ပြဲတည္းကစားရင္ပိုေကာင္းမယ္ထင္တယ္။ဒါေပမဲ့ကြၽန္ေတာ္

ေျပာတာကသိပ္အေရးမႀကီးပါဘူး။တကယ္လို႔ႏွစ္ပြဲကစားရမယ္ဆိုရင္လည္း

ႏွစ္ပြဲကစားပါမယ္။တကယ္လို႔တစ္ပြဲတည္းဘဲကစားမယ္ဆိုရင္ေတာ့

ေတာ္ေတာ္အက်ိဳးရွိလာပါမယ္။အာဆင္နယ္နဲ႔ေတြ႕ဆုံမႈအတြက္အဆင္ေျပပါတယ္။

အဲဒီမွာသြားကစားမယ္။ဘယ္သူပိုေကာင္းလဲၾကည့္မယ္။ကြၽန္ေတာ္ကကစားသမား

ေတြေကာင္းက်ိဳးကို ဒီႏွစ္မွာေျပာတာမဟုတ္ပါဘူး။ေျပာတာေတာင္ေျခာက္ႏွစ္

(သို႔မဟုတ္)အဲဒီထက္ပိုပါလိမ့္မယ္။ေျပာစရာရွိရင္အၿမဲေျပာလာခဲ့တာပါ။

ဒါေပမဲ့ေျပာေနတာေျပာတာပဲ။ဘာမွမထူးလာဘူး”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ကြန္တီကလည္း “အ႐ိုးသားဆုံးေျပာရရင္ကြၽန္ေတာ့္မွသာဆုံးျဖတ္ခြင့္

ရွိရင္တစ္ပြဲတည္းပဲကစားမယ္။ႏွစ္ပြဲမကစားပါဘူး။အထူးသျဖင့္အခုလိုရွင္သန္

ေနထိုင္ရတဲ့ကာလမ်ိဳးမွာေပါ့။ဒါေပမဲ့စည္းမ်ဥ္းစည္းကမ္းကိုေလးစားရပါမယ္”

လို႔ေျပာၾကားသြားပါတယ္။