တစ်ရာသီအတွင်း ၁၀ ဂိုးပြည့်ခဲ့တဲ့ ဒုတိယပေါ်တူဂီကစားသမားအဖြစ် ဖာနန်ဒက်စ်မှတ်တမ်းဝင်

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ လက်စတာနဲ့ ၂-၂ သရေကျခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၁၀ ဂိုးပြည့်အောင် သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်ပေါ်တူဂီ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

သူဟာ ဒီပွဲမှာရက်ရှ်ဖို့ရဲ့သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သလို ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ကာဗာနီရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒီဂိုးဟာ ဒီရာသီပရီးမီးယားလိဂ်မှာသူ့ရဲ့ ၁၀ ဂိုးမြောက်ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈-၀၉ ဘောလုံးရာသီက စီရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်မှာတစ်ရာသီအတွင်း ၁၀ ဂိုးပြည့်ခဲ့တဲ့ပထမဆုံး ပေါ်တူဂီ ကစားသမားဖြစ်လာတာပါ။ အဲဒီတုန်းက စီရော်နယ်ဒိုဟာ ၁၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူအတွက် စတင်ပွဲထွက်ခဲ့တဲ့ ဖေဖော်ဝါရီလကနေပြီး ပရီးမီးယားလိဂ်မှာ မန်ယူရခဲ့တဲ့ဂိုးတွေရဲ့ထက်ဝက်ကျော်ကို တိုက်ရိုက်ပတ်သက်ပေးထားသူဖြစ်ပြီး ၁၈ ဂိုးသွင်းကာ ၁၃ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

အခုလိုခြေစွမ်းပြနေပြီး မကြာခဏချီးကျူးခံနေရသူဖြစ်ပေမယ့် ဖာနန်ဒက်စ်ကတော့ သူ့နားမှာ ကစားသမားကောင်းတွေဝန်းရံနေတဲ့အတွက် အခုလိုခြေစွမ်းပြနေတာလို့ ဆိုခဲ့ပါတယ်။ သူက” ကျွန်တော့်နားမှာ ကစားသမားကောင်းတွေရှိနေပြီး သူတို့ဟာဒီကိုစရောက် ကတည်းကကူညီပေးခဲ့ကြသူတွေပါ။ ဒါကြောင့် ကျွန်တော်ပျော်ရတာပေါ့။ သူတို့ကြောင့် ယုံကြည်မှုပိုခဲ့ရသလို ထောက်ပံ့ပေးမယ်ဆိုတဲ့ သူတွေရှိနေတယ်ဆိုတဲ့အသိကြောင့် ခြေစွမ်းကလည်း ပိုကောင်းလာရတာပေါ့။

ကျွန်တော်တို့ဟာ နိုင်ပွဲတွေဆက်ရနေဖို့အတွက် အခြားအသင်းတွေကို အာရုံမစိုက်ဘဲ နေရပါမယ်။ အခြားအသင်းတွေအကြောင်းတွေးလိုက်ရင် ကိုယ့်အသင်းအပေါ်အာရုံစိုက်လို့မရဘဲဖြစ်ပါလိမ့်မယ်” လို့ပြောသွားပါတယ်။

လက်စတာနဲ့ ပွဲစဉ်မှာလည်းဘရူနို ဖာနန်ဒက်စ်ဟာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး ကစားဖော်တွေရဲ့ အသင်းအပေါ်မှာ ထားတဲ့ စိတ်ဓါတ်တွေကိုလည်း သဘောကျနေခဲ့ပါတယ်။ သူဟာ ပွဲပြီးသွားလို့ အသင်းရဲ့ အဝတ်လဲခန်း ထဲကို ဝင်ရောက် သွားတဲ့ အချိန်မှာ သရေ ရလဒ်ကြောင့် စိတ်ပျက် နေကြတဲ့ အသင်းဖော် တွေရဲ့ မျက်နှာကို မြင်တွေ့ခဲ့ရတဲ့ အတွက် ပျော်ရွှင်ခဲ့ ရကြောင်း လည်းမီဒီယာတွေကို ဖွင့်ဟ ပြောကြား သွားခဲ့ပြီး သူမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကို ပြန်လည်ေပြောပြခဲ့ပါတယ်။

“အသင်းရဲ့ အဝတ်လဲခန်း ထဲကို ဝင်ရောက် သွားခဲ့တဲ့ အချိန် မှာတော့ ကျွန်တော် တစ်ကယ်ပဲ ပျော်ရွှင် ခဲ့ရ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အားလုံးက စိတ်မကျေမနပ် ဖြစ်နေကြတဲ့ မျက်နှာ တွေနဲ့ အတူ ငါတို့ ပိုကောင်းအောင် လုပ်ခဲ့သင့်တယ် ဆိုတဲ့ အကြောင်း ပြောနေခဲ့ ကြလို့ ပါပဲ။ ကျွန်တော်တို့ အသင်းဟာ ပွဲတိုင်း အနိုင် ရယူလို စိတ်တစ်ခုကို ဖန်တီး နေကြတာပါ။ အခုလို သရေ ရလဒ်မျိုးက ကျွန်တော်တို့တွေ အတွက် ဒီရလဒ်ဟာ ပျော်ရွှင်မှုမ ပေးနိုင်ပါဘူး” လို့ ဘရူနို ဖာနန်ဒက်စ်က ရှင်းပြ သွားခဲ့ပါသေးတယ် ။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တစ္ရာသီအတြင္း ၁၀ ဂိုးျပည့္ခဲ့တဲ့ ဒုတိယေပၚတူဂီကစားသမားအျဖစ္ ဖာနန္ဒက္စ္မွတ္တမ္းဝင္

မန္ယူအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လက္စတာနဲ႔ ၂-၂ သေရက်ခဲ့တဲ့အေဝးကြင္းပြဲစဥ္မွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ တစ္ရာသီအတြင္း ၁၀ ဂိုးျပည့္ေအာင္ သြင္းယူႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ေပၚတူဂီ ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားပါတယ္။ သူဟာ ဒီပြဲမွာရက္ရွ္ဖို႔ရဲ႕သြင္းဂိုးအတြက္ ဖန္တီးေပးခဲ့သလို ဒုတိယပိုင္းမွာ လူစားဝင္လာတဲ့ ကာဗာနီရဲ႕ဖန္တီးေပးမႈကေနတစ္ဆင့္ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ ဒီဂိုးဟာ ဒီရာသီပရီးမီးယားလိဂ္မွာသူ႔ရဲ႕ ၁၀ ဂိုးေျမာက္ျဖစ္ပါတယ္။

ဒါေၾကာင့္ ၂၀၀၈-၀၉ ေဘာလုံးရာသီက စီေရာ္နယ္ဒိုေနာက္ပိုင္း ပရီးမီးယားလိဂ္မွာတစ္ရာသီအတြင္း ၁၀ ဂိုးျပည့္ခဲ့တဲ့ပထမဆုံး ေပၚတူဂီ ကစားသမားျဖစ္လာတာပါ။ အဲဒီတုန္းက စီေရာ္နယ္ဒိုဟာ ၁၈ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ မန္ယူအ
တြက္ စတင္ပြဲထြက္ခဲ့တဲ့ ေဖေဖာ္ဝါရီလကေနၿပီး ပရီးမီးယားလိဂ္မွာ မန္ယူရခဲ့တဲ့ဂိုးေတြရဲ႕ထက္ဝက္ေက်ာ္ကို တိုက္႐ိုက္ပတ္သက္ေပးထားသူျဖစ္ၿပီး ၁၈ ဂိုးသြင္းကာ ၁၃ ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။

အခုလိုေျခစြမ္းျပေနၿပီး မၾကာခဏခ်ီးက်ဴးခံေနရသူျဖစ္ေပမယ့္ ဖာနန္ဒက္စ္ကေတာ့ သူ႔နားမွာ ကစားသမားေကာင္းေတြဝန္းရံေနတဲ့အတြက္ အခုလိုေျခစြမ္းျပေနတာလို႔ ဆိုခဲ့ပါတယ္။ သူက” ကြၽန္ေတာ့္နားမွာ ကစားသမားေကာင္းေတြရွိေနၿပီး သူတို႔ဟာဒီကိုစေရာက္ ကတည္းကကူညီေပးခဲ့ၾကသူေတြပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ေပ်ာ္ရတာေပါ့။ သူတို႔ေၾကာင့္ ယုံၾကည္မႈပိုခဲ့ရသလို ေထာက္ပံ့ေပးမယ္ဆိုတဲ့ သူေတြရွိေနတယ္ဆိုတဲ့အသိေၾကာင့္ ေျခစြမ္းကလည္း ပိုေကာင္းလာရတာေပါ့။

ကြၽန္ေတာ္တို႔ဟာ ႏိုင္ပြဲေတြဆက္ရေနဖို႔အတြက္ အျခားအသင္းေတြကို အာ႐ုံမစိုက္ဘဲ ေနရပါမယ္။ အျခားအသင္းေတြအေၾကာင္းေတြးလိုက္ရင္ ကိုယ့္အသင္းအေပၚအာ႐ုံစိုက္လို႔မရဘဲျဖစ္ပါလိမ့္မယ္” လို႔ေျပာသြားပါတယ္။

လက္စတာနဲ႔ ပြဲစဥ္မွာလည္းဘ႐ူႏို ဖာနန္ဒက္စ္ဟာ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့ၿပီး ကစားေဖာ္ေတြရဲ႕ အသင္းအေပၚမွာ ထားတဲ့ စိတ္ဓါတ္ေတြကိုလည္း သေဘာက်ေနခဲ့ပါတယ္။ သူဟာ ပြဲၿပီးသြားလို႕ အသင္းရဲ႕ အဝတ္လဲခန္း ထဲကို ဝင္ေရာက္ သြားတဲ့ အခ်ိန္မွာ သေရ ရလဒ္ေၾကာင့္ စိတ္ပ်က္ ေနၾကတဲ့ အသင္းေဖာ္ ေတြရဲ႕ မ်က္ႏွာကို ျမင္ေတြ႕ခဲ့ရတဲ့ အတြက္ ေပ်ာ္႐ႊင္ခဲ့ ရေၾကာင္း လည္းမီဒီယာေတြကို ဖြင့္ဟ ေျပာၾကား သြားခဲ့ၿပီး သူျမင္ေတြ႕ခဲ့ရတဲ့ျမင္ကြင္းကို ျပန္လည္ေေျပာျပခဲ့ပါတယ္။ ” အသင္းရဲ႕ အဝတ္လဲခန္း ထဲကို ဝင္ေရာက္ သြားခဲ့တဲ့ အခ်ိန္ မွာေတာ့ ကြၽန္ေတာ္ တစ္ကယ္ပဲ ေပ်ာ္႐ႊင္ ခဲ့ရ ပါတယ္ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔ အားလုံးက စိတ္မေက်မနပ္ ျဖစ္ေနၾကတဲ့ မ်က္ႏွာ ေတြနဲ႔ အတူ ငါတို႔ ပိုေကာင္းေအာင္ လုပ္ခဲ့သင့္တယ္ ဆိုတဲ့ အေၾကာင္း ေျပာေနခဲ့ ၾကလို႔ ပါပဲ။ ကြၽန္ေတာ္တို႔ အသင္းဟာ ပြဲတိုင္း အႏိုင္ ရယူလို စိတ္တစ္ခုကို ဖန္တီး ေနၾကတာပါ။ အခုလို သေရ ရလဒ္မ်ိဳးက ကြၽန္ေတာ္တို႔ေတြ အတြက္ ဒီရလဒ္ဟာ ေပ်ာ္႐ႊင္မႈမ ေပးႏိုင္ပါဘူး ” လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က ရွင္းျပ သြားခဲ့ပါေသးတယ္ ။