တစ်လကြာအနားယူခဲ့ရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် မာဆေးလ်နဲ့ပွဲကို မသေချာသေးတဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက နေမာတစ်ယောက်အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် ခြေကျင်းဝတ်ဒဏ်ရာအခြေအနေက မသက်သာသေးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၈ နှစ်သားဟာ ဒီဇင်ဘာလ ၁၃ ရက်က သီယာဂိုမန်ဒက်စ်နဲ့ထိခိုက်မိခဲ့ပြီးနောက် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အနားယူနေရတာဖြစ်ပါတယ်။

နေမာဒဏ်ရာရရှိပြီးနောက် ပီအက်စ်ဂျီမှာအပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး နည်းပြ တူချယ်နေရာမှာ ပိုချက်တီနိုဝင်ရောက်လာခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုဟာ ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာခဲ့ပေမယ့် ပြင်သစ်မြေမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နေမာအပြင် ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ ကင်ပန်ဘီ နဲ့ လီယိုနာဒိုပါရာဒက်စ် ၊ အီကာဒီ ၊ ပါရဲရား ၊ ဂျူလီယန်ဘားနက်တ် ၊ ကာဇာဝါ နဲ့ ဖလော်ရန်ဇီတို့ကလည်း အနားယူနေရပါတယ်။

ရာဖင်ဟာကတော့ ကိုဗစ် – ၁၉ ကြောင့် တစ်ဦးတည်းသီးသန့်နေထိုင်နေရကာ ပိုချက်တီနိုရဲ့အသင်းမှာ မကြာခင် ပါဝင်လာဖွယ်ရှိနေပါတယ်။

ဒါပေမဲ့လက်ရှိအချိန်မှာတော့ နေမာအပြင် ကင်ပန်ဘီ ၊ ပါရာဒက်စ်တို့ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေကြပြီး ကာဇာဝါ ၊ အီကာဒီ နဲ့ ဖလော်ရန်ဇီတို့ကတော့ ဘရက်စ်နဲ့ပွဲတုန်းက အရန်စာရင်းမှာ ပါဝင်လာခဲ့ကြပါတယ်။

နေမာတစ်ယောက် အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် ဒဏ်ရာအခြေအနေက အကင်းမသေသေးတာကြောင့် မာဆေးလ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကတော့ နေမာတစ်ယောက် ဒဏ်ရာအကင်းမသေသေးတာကြောင့် အလျင်စလိုအသုံးပြုမှာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။ သတင်းတွေအရ နေမာဟာ လာမယ့်စနေနေ့မှာကစားမယ့် အန်းဂါးစ်နဲ့ပွဲမှာ သေချာပေါက်ပါဝင်လာဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တစ္လၾကာအနားယူခဲ့ရျပီးေနာက္ ေလ့က်င့္ခန္းျပန္ဆင္းခဲ့ေပမယ့္ မာေဆးလ္နဲ႔ပြဲကို မေသခ်ာေသးတဲ့ ေနမာ

ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏုိက ေနမာတစ္ေယာက္အသင္းနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းခဲ့ေပမယ့္ ေျခက်င္း၀တ္ဒဏ္ရာအေျခအေနက မသက္သာေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အသက္ ၂၈ ႏွစ္သားဟာ ဒီဇင္ဘာလ ၁၃ ရက္က သီယာဂိုမန္ဒက္စ္နဲ႔ထိခိုက္မိခဲ့ျပီးေနာက္ ေျခက်င္း၀တ္ဒဏ္ရာရရွိခဲ့ျပီး အနားယူေနရတာျဖစ္ပါတယ္။ ေနမာဒဏ္ရာရရွိျပီးေနာက္ ပီအက္စ္ဂ်ီမွာအေျပာင္းအလဲမ်ားစြာျဖစ္ေပၚခဲ့ျပီး နည္းျပ တူခ်ယ္ေနရာမွာ ပိုခ်က္တီႏို၀င္ေရာက္လာခဲ့ပါတယ္။ ေတာ့တင္ဟမ္နည္းျပေဟာင္း ပိုခ်က္တီႏုိဟာ ပီအက္စ္ဂ်ီနည္းျပသစ္ျဖစ္လာခဲ့ေပမယ့္ ျပင္သစ္ေျမမွာ ျပႆနာေတြနဲ႔ ရင္ဆုိင္ေနရတာျဖစ္ပါတယ္။

ေနမာအျပင္ ပီအက္စ္ဂ်ီကစားသမားေတြျဖစ္တဲ့ ကင္ပန္ဘီ နဲ႔ လီယိုနာဒိုပါရာဒက္စ္ ၊ အီကာဒီ ၊ ပါရဲရား ၊ ဂ်ဴလီယန္ဘားနက္တ္ ၊ ကာဇာ၀ါ နဲ႔ ဖေလာ္ရန္ဇီတို႔ကလည္း အနားယူေနရပါတယ္။ ရာဖင္ဟာကေတာ့ ကိုဗစ္ – ၁၉ ေၾကာင့္ တစ္ဦးတည္းသီးသန္႔ေနထိုင္ေနရကာ ပိုခ်က္တီႏိုရဲ႕အသင္းမွာ မၾကာခင္ ပါ၀င္လာဖြယ္ရွိေနပါတယ္။ ဒါေပမဲ့လက္ရွိအခ်ိန္မွာေတာ့ ေနမာအျပင္ ကင္ပန္ဘီ ၊ ပါရာဒက္စ္တို႔ဟာ ေလ့က်င့္ခန္းျပန္ဆင္းေနၾကျပီး ကာဇာ၀ါ ၊ အီကာဒီ နဲ႔ ဖေလာ္ရန္ဇီတုိ႔ကေတာ့ ဘရက္စ္နဲ႔ပြဲတုန္းက အရန္စာရင္းမွာ ပါ၀င္လာခဲ့ၾကပါတယ္။

ေနမာတစ္ေယာက္ အသင္းနဲ႔ေလ့က်င့္ခန္းျပန္ဆင္းခဲ့ေပမယ့္ ဒဏ္ရာအေျခအေနက အကင္းမေသေသးတာေၾကာင့္ မာေဆးလ္နဲ႔ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။ ပီအက္စ္ဂ်ီအသင္းနည္းျပ ပိုခ်က္တီႏုိကေတာ့ ေနမာတစ္ေယာက္ ဒဏ္ရာအကင္းမေသေသးတာေၾကာင့္ အလ်င္စလိုုအသံုးျပဳမွာမဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။ သတင္းေတြအရ ေနမာဟာ လာမယ့္စေနေန႔မွာကစားမယ့္ အန္းဂါးစ္နဲ႔ပြဲမွာ ေသခ်ာေပါက္ပါ၀င္လာဖြယ္ရွိေနပါတယ္။