တစ်လတာအကောင်ဆုံးဆုရရှိမှုမှာ စီရော်နယ်ဒိုကိုမီဖို့ ဖာနန်ဒက်စ်တစ်ကြိမ်သာလိုတော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ EA SPORTS က ကမကထပြုပေးအပ်တဲ့နိုဝင်ဘာလအတွက် ပရီးမီးယာလိဂ် တစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ၂၀၂၀ အတွင်းမှာ ဒီဆုကို ၃ ကြိမ်မြောက်အဖြစ် သူရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းဖြစ်တဲ့ နာမည်ကျော်ကစားသမား စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ဆုကိုမန်ယူမှာသူကစားခဲ့တဲ့ ၆ နှစ်တာကာလအတွင်းမှာ ၄ ကြိမ်သာရခဲ့တာပါ။

ဖာနန်ဒက်စ်ကတော့ တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်မှာ ၃ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာအခုဆိုရင် စီရော်နယ်ဒိုရခဲ့တဲ့အရေအတွက်ကိုမီဖို့ တစ်ကြိမ်သာလိုအပ်တော့တာပါ။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ၂၀၁၇ နောက်ပိုင်း ဘောလုံးပြက္ခဒိန်တစ်ခုအတွင်းမှာ တစ်လတာအကောင်းဆုံး ဆုကို ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်လာပါတယ်။ ၂၀၁၇ အတွင်းက ဆုကို ၃ ကြိမ်ဆွတ်ခူးခဲ့သူက စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပါတယ်။ သူဟာ နိုဝင်ဘာလအတွင်းမှာ ၄ ပွဲကစား၊ ၄ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးခဲ့တာပါ။

မန်ယူဟာသူ့ရဲ့အစွမ်းကြောင့် အဲဗာတန်နဲ့ပွဲမှာ အံအားသင့်ဖွယ်ရာ ပြန်လည်အနိုင်ရခဲ့တာဖြစ်ပါတယ်။ သူဟာ ဝက်စ်ဘရွန်း၊ ဆောက်သမ်တန် တို့နဲ့ပွဲတွေမှာလည်း ဂိုးသွင်းယူနိုင်ခဲ့သေးတာပါ။ ဖာနန်ဒက်စ်ဟာ မန်ယူကို ၂၀၂၀ဇန်နဝါရီကပြောင်းလာခဲ့ပြီး ဖေဖော်ဝါရီ နဲ့ ဇွန် လတို့အတွက် အကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့သေးတာပါ။

နည်းပြဆုကိုတော့ မော်ရင်ဟိုက ဆွတ်ခူးခဲ့ပါတယ်။ စပါးဟာ နိုဝင်ဘာလအတွင်းမှာ ဘရိုက်တန်၊ ဝက်စ်ဘရွန်းတို့ကို တစ်ဂိုးစီသွင်းကာ အနိုင်ရခဲ့ပေမယ့် မန်စီးတီးကို ၂-၀ ၊ ချဲလ်ဆီးကို ဂိုးမရှိသရေကစားပြီး ရှုံးပွဲမရှိခဲ့လို့ မော်ရင်ဟိုက အခုလိုဆုရခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ Barclays ကပေးအပ်တဲ့ဒီဆုကို ၄ ကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့တာဖြစ်ပြီး ၂၀၁၇ ဧပြီလက ပိုချက်တီနို ကဆုရပြီးနောက်ပိုင်းမှာ ပထမဆုံးဆုကိုပြန်လည်ဆွတ်ခူးခဲ့တဲ့ သူဖြစ်လာပါတယ်။

Budweiser ကပေးအပ်တဲ့အကောင်းဆုံးဂိုးဆုကိုတော့ ဖူလ်ဟမ်နောက်ခံလူ အိုလာအိုင်နာရဲ့ ဝက်စ်ဘရွန်းနဲ့ပွဲက သွင်းဂိုးက ဆွတ်ခူးခဲ့ပါတယ်။ အိုင်နာဟာရိဒ်၊ မီထရိုဗစ်တို့နဲ့အပေးအယူလုပ်ပြီး ဂိုဧရိယာရဲ့ဘယ်ဘက်အစွန်နားကနေ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



