တတိယတန်းအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် တာဝန်ယူစကားဆိုလိုက်တဲ့ ဇီဒန်း

မနေ့ည စပိန်ဘုရင့်ဖလား ၃၂ သင်းအဆင့်မှာ အသင်းငယ်လေးအယ်ကိုယာနိုကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရခြင်းအတွက် သူ့မှာ တာဝန်ရှိကြောင်း ရီးရဲလ်နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။

အဲဒီပွဲမှာ ရီးရဲလ်ဟာ မီလီတာအိုရဲ့သွင်းဂိုးနဲ့ ပထမပိုင်းကတည်းက စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်း မိနစ် ၈၀ မှာ အဲဒီတတိယတန်းအသင်းကို ချေပဂိုးပြန်ပေးလိုက်ရကာ ၁-၁ ဖြစ်သွားလို့ အချိန်ပိုမိနစ် ၃၀ ဆက်ကစားခဲ့ရတယ်။

ပိုဆိုးသွားတာက အချိန်ပိုမှာ အယ်ကိုယာနိုက အနီကတ်နဲ့ တစ်ယောက်လျော့ဖြစ်သွားခဲ့ပြီး အဲဒီတစ်ယောက်လျော့နဲ့ပဲ အနိုင်ဂိုးသွင်းပြီး ရီးရဲလ်ကို ပြိုင်ပွဲက ထွက်စေခဲ့တာပါ။

မကြာသေးခင်ရက်ပိုင်းကပဲ ရီးရဲလ်ဟာ စပိန်စူပါဖလားဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုကိုအရေးနိမ့်ခဲ့ပြီး အဲဒီမတိုင်ခင် လာလီဂါမှာလည်း အိုဆာဆူနာကို ဂိုးမရှိသရေသာကစားနိုင်ခဲ့တာပါ။

ဒီလိုမျိုး ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့မှုကြောင့် ဇီဒန်းအပေါ်မှာ ဖိအားတွေ ပိုမိုကျရောက်လာခဲ့ပါတယ်။

နောက်ဆုံးရှုံးပွဲအတွက် သူဟာ ကစားသမားတွေဘက်က ကာကွယ်ပြောကြားခဲ့ပေမယ့် သူ့မှာ သူတို့ရဲ့ထောက်ခံမှုရှိနေသေးလားဆိုတာကတော့ မသေချာကြောင်း ဝန်ခံခဲ့ပါတယ်။

”ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော့်မှာ တာဝန်ရှိသလို တာဝန်ယူပါတယ်။ ကျွန်တော် စိတ်အေးအေးထားသလို ကစားသမားတွေကလည်း ပွဲကိုနိုင်ချင်ကြတာပါ။ သူတို့ကြိုးစားပေမယ့် တစ်ခါတစ်ရံ အဲဒီလိုဖြစ်တတ်ပါတယ်”လို့ ဇီဒန်းက ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

Zawgyi

တတိယတန္းအသင္းကို ရႈံးနိမ့္ခဲ့ျခင္းအတြက္ တာ၀န္ယူစကားဆိုလိုက္တဲ့ ဇီဒန္း

မေန႔ည စပိန္ဘုရင့္ဖလား ၃၂ သင္းအဆင့္မွာ အသင္းငယ္ေလးအယ္ကိုယာႏိုကို အံ့အားသင့္ဖြယ္ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရျခင္းအတြက္ သူ႔မွာ တာ၀န္ရွိေၾကာင္း ရီးရဲလ္နည္းျပဇီဒန္းက ေျပာၾကားလုိက္ပါတယ္။

အဲဒီပြဲမွာ ရီးရဲလ္ဟာ မီလီတာအုိရဲ႕သြင္းဂိုးနဲ႔ ပထမပိုင္းကတည္းက စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ေႏွာင္းပိုင္း မိနစ္ ၈၀ မွာ အဲဒီတတိယတန္းအသင္းကုိ ေခ်ပဂိုးျပန္ေပးလုိက္ရကာ ၁-၁ ျဖစ္သြားလုိ႔ အခ်ိန္ပိုမိနစ္ ၃၀ ဆက္ကစားခဲ့ရတယ္။

ပိုဆုိးသြားတာက အခ်ိန္ပိုမွာ အယ္ကိုယာႏိုက အနီကတ္နဲ႔ တစ္ေယာက္ေလ်ာ့ျဖစ္သြားခဲ့ၿပီး အဲဒီတစ္ေယာက္ေလ်ာ့နဲ႔ပဲ အႏိုင္ဂိုးသြင္းၿပီး ရီးရဲလ္ကို ၿပိဳင္ပြဲက ထြက္ေစခဲ့တာပါ။

မၾကာေသးခင္ရက္ပိုင္းကပဲ ရီးရဲလ္ဟာ စပိန္စူပါဖလားဆီမီးဖိုင္နယ္မွာ ဘီလ္ဘာအိုကိုအေရးနိမ့္ခဲ့ၿပီး အဲဒီမတိုင္ခင္ လာလီဂါမွာလည္း အိုဆာဆူနာကို ဂိုးမရွိသေရသာကစားႏိုင္ခဲ့တာပါ။

ဒီလုိမ်ိဳး ၿပိဳင္ပြဲအရပ္ရပ္ ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာအႏိုင္ရခဲ့မႈေၾကာင့္ ဇီဒန္းအေပၚမွာ ဖိအားေတြ ပိုိမိုက်ေရာက္လာခဲ့ပါတယ္။

ေနာက္ဆုံးရႈံးပြဲအတြက္ သူဟာ ကစားသမားေတြဘက္က ကာကြယ္ေျပာၾကားခဲ့ေပမယ့္ သူ႔မွာ သူတို႔ရဲ႕ေထာက္ခံမႈရွိေနေသးလားဆုိတာကေတာ့ မေသခ်ာေၾကာင္း ၀န္ခံခဲ့ပါတယ္။

”ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ ကၽြန္ေတာ့္မွာ တာ၀န္ရွိသလုိ တာ၀န္ယူပါတယ္။ ကၽြန္ေတာ္ စိတ္ေအးေအးထားသလို ကစားသမားေတြကလည္း ပြဲကိုႏိုင္ခ်င္ၾကတာပါ။ သူတုိ႔ႀကိဳးစားေပမယ့္ တစ္ခါတစ္ရံ အဲဒီလုိျဖစ္တတ္ပါတယ္”လုိ႔ ဇီဒန္းက ပြဲအၿပီးမွာ ေျပာၾကားခဲ့တာပါ။