ဘက်တစ် လီဗန်တေး
လီဗန်တေးနဲ့ ကစားခဲ့တဲ့ လာလီဂါနောက်ဆုံး ၄ ပွဲဆက်တိုက်
ဘက်တစ် ၁ ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီရာသီ ဘက်တစ်ရဲ့
လာလီဂါအိမ်ကွင်း ၇ ပွဲမှာလည်း ၅ ပွဲ ဂိုးရခဲ့တယ်။ ဘက်တစ်ခံစစ်ကတော့
စိတ်မချရဘဲ အိမ်ကွင်း ၇ ပွဲမှာ ၆ ပွဲတောင် ဂိုးပေးခဲ့ရတာပါ။
လီဗန်တေးက ဒီရာသီ လာလီဂါမှာ နိုင်ပွဲမရှိသေးတဲ့ တစ်ခုတည်းသော
အသင်းဖြစ်သလို လာလီဂါနောက်ဆုံး ၂၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတာပါ။
ဒီရာသီလာလီဂါမှာ ခံစစ်အညံ့ဆုံးအသင်းဖြစ်နေပြီး ၁၄ ပွဲမှာ ၂၅ ဂိုး
ပေးထားရပါတယ်။ လာလီဂါအိမ်ကွင်း ၇ ပွဲမှာ ၅ ပွဲဂိုးပေးထားရသလို
အဝေးကွင်း ၇ ပွဲစလုံး ဂိုးပေးထားရတဲ့ အသင်းပါ။ အပေါ်စုံ ရွေးသင့်ပါတယ်။
ဘက်တစ်/ ဂိုးအပေါ်
အက်စ်ပန်ညို ဆိုစီဒက်စ်
အက်စ်ပန်ညိုက အဝေးကွင်းနိုင်ပွဲ မရှိသေးပေမယ့်အိမ်ကွင်းဆိုရင် စိတ်ချရပြီး
ဒီရာသီလာလီဂါ အိမ်ကွင်း ၇ ပွဲမှာ ချန်ပီယံ အက်-တီကိုကိုပဲ ရှုံးခဲ့တာပါ။
အက်စ်ပန်ညိုရဲ့ အိမ်ကွင်းနောက်ဆုံး ၅ ပွဲဆက်တိုက် မရှုံးသေးပါဘူး။
ဒီရာသီလာလီဂါအိမ်ကွင်း ၇ ပွဲမှာ ဗီလာရီးရဲလ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှ အပ
နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဆိုစီဒက်စ်က လာလီဂါနောက်ဆုံး
၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိပါဘူး။ အက်စ်ပန်ညိုနဲ့ကစားခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၃ ပွဲဆက်တိုက် ၁ ပွဲအနည်းဆုံး ၂ ဂိုးသွင်းပြီး အနိုင်ရထားပါတယ်။
၂ သင်းစလုံး ဂိုးရဖို့ သေချာနေလို့ ဂိုးအပေါ် တစ်ကွက်တည်း ရွေးချင်ပါတယ်။
ဂိုးအပေါ်
ကာဒစ်ဇ် အက်-တီကို
ကာဒစ်ဇ်က အခြားအသင်းတွေလို မဟုတ်ဘဲ အဝေးကွင်းရလဒ်က
ပိုကောင်းနေတဲ့ အသင်းပါ။ လီဗန်တေးနဲ့အတူ ဒီရာသီလာလီဂါ
အိမ်ကွင်းနိုင်ပွဲမရှိသေးဘဲ ဒီရာသီ ၇ ပွဲအပါအဝင် လာလီဂါ
အိမ်ကွင်းနောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပါတယ်။
ကာဒစ်ဇ်နဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက်တိုက် အက်-တီကို
အရှုံးမရှိပါဘူး။ အက်- တီကိုရဲ့ လာလီဂါအဝေးကွင်း နောက်ဆုံး ၇ ပွဲအနက် ၆ ပွဲမှာ
၁ ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ လာလီဂါနောက်ဆုံး ၆ ပွဲဆက်မရှုံးဘဲ
လတ်တလောခြေမှန်နေတဲ့ အက်-တီကိုပဲ စားဖို့များပါတယ်။
အက်-တီကို
ရီးရဲလ် ဆီဗီလာ
ရီးရဲလ်ကွင်းမှာ ဆီဗီလာကို အတော်လေးအသာရထားပြီး အိမ်ကွင်းမှာ
ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၆ ပွဲဆက်တိုက် အရှုံး မရှိခဲ့ဘူး။
ဇယားထိပ်ဆုံးက ရီးရဲလ်ဟာ တိုက်စစ်အကောင်းဆုံးအသင်းဖြစ်ပြီး ၁၃ ပွဲမှာ
၃၂ ဂိုးတောင် ရထားပါတယ်။ ဒီရာသီ လာလီဂါအိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့
၅ သင်းထဲက ၁ သင်းဖြစ်သလို လာလီဂါ နောက်ဆုံး ၃၁ ပွဲမှာ ၁ ပွဲပဲ
ရှုံးခဲ့တာပါ။ ဆီဗီလာကလည်း လာလီဂါနောက်ဆုံး ၆ ပွဲဆက်တိုက် ရှုံးပွဲ မရှိပါဘူး။
ဒါပေမယ့် ရီးရဲလ်ကွင်းမှာ သွားကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ ပွဲဆက်တိုက်
၁ ပွဲအနည်းဆုံး ၂ ဂိုးပေးထားရပါတယ်။ လာလီဂါနောက်ဆုံး ၃ ပွဲဆက်တိုက်
၁ ပွဲအနည်းဆုံး ၂ ဂိုး၊ နောက်ဆုံး ၆ ပွဲဆက်တိုက် အနည်းဆုံး ၁ ဂိုး၊
ဒီရာသီ လာလီဂါ ၁၃ ပွဲမှာ ၁၁ ပွဲဂိုးရထားတဲ့ ဆီဗီလာလည်း ရီးရဲလ်ကို ဂိုးသွင်းနိုင်ခြေရှိပါတယ်။
ဂိုးအပေါ်
zawgyi
ဒီကနေ့ တနင်္ဂနွေညမှာတော့ လာလီဂါ ၄ ပွဲကစားမှာဖြစ်ပြီး ရီးရဲလ်-ဆီဗီလာတို့ရဲ့ ပွဲကောင်း ၁ ပွဲ ပါဝင်နေပါတယ်။ ချန်ပီယံ အက်-တီကိုကတော့ တန်းဆင်းဇုန်အထက်က ကာဒစ်ဇ်ကို အဝေးကွင်းမှာ သွားကစားရမှာပါ။ တနင်္ဂနွေညမှာ ရွေးချယ်ထားရမယ့် လာလီဂါ ပစ်မှတ်များ ( ကိုရွှေမောင်း )
ဘက်တစ် လီဗန်တေး
ဘက်တစ်/ ဂိုးအပေါ်
ဂိုးအပေါ်
ကာဒစ်ဇ် အက်-တီကို
အက်-တီကို
ရီးရဲလ် ဆီဗီလာ
ဂိုးအပေါ်