ဖရိုင်းဘတ် vs ဖရန့်ဖတ်
အမှတ်ပေးဇယားတတိယနေရာက ဖရိုင်းဘတ်ဟာ ဒီရာသီမှာ အံ့အားသင့်ဖွယ်
လုပ်ပြနေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းရှုံးပွဲလည်း မရှိသေးပါဘူး။ ဒေါ့မန်ကိုနိုင်၊
လစ်ပ်ဇစ်ကို သရေကန်ခဲ့တဲ့ သူတို့အိမ်ကွင်းခြေစွမ်းက အထင်ကြီးစရာပါ။
ဒါပေမဲ့ ဖရိုင်းဘတ်ခံစစ်က အိမ်ကွင်း ၅ ပွဲမှာ ၄ ပွဲဂိုးပေးခဲ့ရပါတယ်။ ဒီရာသီ
ရုန်းကန်နေရလို့ ဇယားအောက်ပိုင်းရောက်နေတဲ့ဖရန့်ဖတ်ကတော့
ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံးက ဘိုင်ယန်နဲ့ အောက်ဆုံးက ဂရူသာဖတ်တို့
နှစ်သင်းကိုပဲ နိုင်သေးတယ်။ ဒါပေမဲ့ ဖရန့်ဖတ်ဟာ ဒီရာသီပြည်တွင်းက
အဝေးကွင်းပွဲတွေမှာ ဘိုချမ်တစ်သင်းတည်းကိုသာ မထင်မှတ်ဘဲ ရှုံးခဲ့တာပါ။
ဖရိုင်းဘတ်နဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း အသာရတာ များခဲ့တယ်။
သရေကျဖို့များလို့ ဧည့်သည်ပရိသတ်လုပ်မယ်။
မိန့်ဇ် vs ကိုလုံး
နောက်ဆုံးဘွန်ဒက်စ်လီဂါ ၃ ပွဲမှာ ရနိုင်မယ့် ၉ မှတ်ထဲက ၇ မှတ်ယူနိုင်ခဲ့လို့
မိန့်ဇ်ဟာ နိုင်ငံတကာကြားဖြတ်မတိုင်ခင် အခြေအနေပြန်ကောင်းခဲ့တယ်။
ဒီရာသီအိမ်ကွင်းပွဲတွေမှာလည်း ယူနီယံဘာလင်တစ်သင်းတည်းကိုသာ
ရှုံးနိမ့်ထားတာပါ။ ကိုလုံးက တိုက်စစ်မှာ မိုဒက်စ်တီခြေစွမ်းပြနေပေမယ့်
ဒီရာသီမှာ အိမ်ကွင်းသာစွာပြီး အဝေးကွင်းတော်တော်ညံ့ပါတယ်။
ဒါကြောင့်မို့လည်း အဝေးကွင်းနိုင်ပွဲမရှိသေးဘဲ အဝေးကွင်း ၅ ပွဲမှာ ၃ ပွဲ
ရှုံးထားတာပါ။ အဝေးကွင်းခံစစ်လည်းညံ့တဲ့ကိုလုံးကို မိန့်ဇ်အနိုင်ယူနိုင်မှာ
ဖြစ်လို့ =၆၅ ဟာ ရင်းပျော်ပါတယ်။
Zawgyi
တနင်္ဂနွေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း(Super Zay)
မိန့်ဇ် vs ကိုလုံး